မကုသဘဲ ထားပါက အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်။ အူရောင် ငန်းဖျားရောဂါဟာ ရောဂါရှိသူရဲ့ မစင်တွေနဲ့ ညစ်ပတ်ပျံ့နှံ့နေတဲ့ ရေ(သို့မဟုတ်) အစားအစာတွေကို စားသောက်လိုက်ခြင်းမှတဆင့် ကူးစက်တာပါ။ ရေကြီးမှုကြောင့် ပတ်ဝန်းကျင်ဟာ မသန့်ရှင်းတော့တာကြောင့် အူရောင်ငန်းဖျားကပ်ရောဂါကြီး ဖြစ်ပွားရတာပါ။
ရေကောင်းရေသန့်သောက်သုံးခြင်း၊ အစားအသောက်စားသုံးရာမှာ သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ခြင်းနဲ့ မကြာခဏ လက်ဆေးခြင်းတို့ဖြင့် ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသေးတယ်။
ရေကြီးရေလျှံမှုဖြစ်တဲ့အခါ ရေကောင်းရေသန့်တွေ မရနိုင်တော့သလို ပတ်ဝန်းကျင်ဟာလည်း မသန့်ရှင်းနိုင်တော့ပါဘူး။ အစားအသောက်နဲ့ ရေတွေမှာ ဘတ်တီးရီးယား အများအပြား ပါဝင်လာမှာပါ။ ‘Vibrio cholerae’ ဆိုတဲ့ ဘတ်တီးရီးယားဟာ အစားအသောက်တွေထဲ ရောပါလာခဲ့ရင် ကာလဝမ်းရောဂါဖြစ်လာမှာပါ။ ဝမ်းလျှောဝမ်းပျက်ခြင်းကို ခံစားရတာကြောင့် အရည်ဝမ်း အကြိမ်ပေါင်းများစွာသွားပြီး ရေဓာတ်ဆုံးရှုံးရမှာပါ။ မကုသပါက သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ကာကွယ်မှုနည်းလမ်းတွေကတော့ အူရောင်ငန်းဖျား ရောဂါနဲ့ အတူတူပါပဲ။
အသည်းကို ကူးစက်မှုများတဲ့ ‘Hepatovirus A သို့မဟုတ် Hepatitis A virus’ ကြောင့် ဖြစ်ရတာပါ။ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ရေကြောင့် ဒီဗိုင်းရပ်စ် ကူးစက်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားမယ်၊ နုံးခွေချည့်နဲ့မယ်။ အစားအသောက်ပျက်မယ်၊ ဝမ်းလျှောမယ်၊ မူးဝေမယ်၊ ပျို့မယ်၊ ဝမ်းဗိုက်မအီမသာဖြစ်မယ်၊ ဆီးအရောင်ရင့်မယ်၊ မျက်လုံးဝါ၊ အသားဝါမယ်စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။ အထက်ပါနည်းလမ်းတွေအတိုင်း ကာကွယ်ပါ။ ကာကွယ်ဆေးထိုးကာ ကာကွယ်နိုင်ပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။