တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ကပ်ပါးပိုးကူးစက်ခြင်းအကြောင်း

ကပ်ပါးပိုးမွှားများဟာ သူတို့ရဲ့ ရပ်တည်ရေးအတွက် တခြားသက်ရှိတွေအပေါ်မှာ မှီခိုရှင်သန်နေကြပါတယ်။ ကပ်ပါးပိုးအချို့ဟာ သူတို့မှီခိုတဲ့ သက်ရှိတွေအပေါ် သိပ်ပြီး ဒုက္ခမပေးတတ်ပါဘူး။ ဝင်ရောက်နေမှန်းလည်း မသိသာပါဘူး။ ဒါပေမယ့် ကပ်ပါးပိုးမွှားအချို့ကတော့ သူတို့အိမ်ရှင်ခန္ဓာကိုယ်ထဲမှာ ထပ်မံပေါက်ပွားကြပြီး အရေးကြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများထဲထိ ထိုးဖောက်ဝင်ရောက်ပြီး ရောဂါဘယများ ဖြစ်ပွားစေတတ်ပါတယ်။ အဆိုပါ အခြေအနေကို ကပ်ပါးရောဂါပိုး ကူးစက်ခြင်း (Parasitic Infection) လို့ ခေါ်ဝေါ်ပါတယ်။ ကပ်ပါးရောဂါပိုး ကူးစက်ခြင်းဟာ အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။ ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အဆိုးဆုံးရောဂါတခုကတော့ ငှက်ဖျားရောဂါပဲ ဖြစ်ပါတယ်။ အသက်အန္တရာယ်ထိ ကြုံတွေ့နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ တခြားသော ကပ်ပါးကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကတော့ - Trichomoniasis - Giardiasis - Cryptosporidiosis - Toxoplasmosis စတာတွေ ဖြစ်ပါတယ်။ ကပ်ပါးပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အဓိကအားဖြင့် တွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ရေလွှမ်းမိုးချိန်တွင် အဖြစ်များသော ရောဂါများ

ရေလွှမ်းမိုးချိန်တွင် ကူးစက်တတ်သော ရောဂါများစွာ ဖြစ်ပွားသည်။ အဓိက အမျိုးအစား ၂မျိုးမှာ ရေကြောင့်ကူးစက် သောရောဂါများနှင့် ရောဂါပိုးသယ်ဆောင်သော အကောင် များကြောင့်ကူးစက်သော ရောဂါများ ဖြစ်သည်။   ရေကြောင့်ကူးစက်သော ရောဂါများ ရေလွှမ်းမိုးခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့သည် ဆက်စပ်ပုံပေါ်သော်လည်း လူဦးရေ၏ အများစုကို အခြား နေရာသို့ ပြောင်းရွေ့ခြင်း သို့မဟုတ် ရေရင်းမြစ်များ ညစ်ညမ်း သွားခြင်း မရှိပါက အန္တရာယ်ဖြစ်မှု နည်းပါသည်။ ရေလွှမ်းမိုးချိန်တွင် သောက်သုံးရေ ထောက်ပံ့မှုများ ပျက်စီးပြီး ရေကြောင့် ကူးစက်သော ရောဂါများဖြစ်ပွားသည်။ ကံကောင်း သည်မှာ ရေထောက်ပံ့မှုများ ညစ်ညမ်းသွားလျှင်ပင် အာဏာ ပိုင်များက ပြဿနာကို အချိန်မီ သိရှိပြီး အခြားနည်းဖြင့် ရေ ထောက်ပံ့မှု ပေးနိုင်ပါက အန္တရာယ်များကို ထိန်းချုပ်နိုင်သည်။ ရေလွှမ်းမိုးချိန်တွင် ညစ်ညမ်းသောရေဖြင့် တိုက်ရိုက် ထိတွေ့မှုကြောင့် ရေကြောင့်ကူးစက်သော […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Scarlet fever (စကားလတ်အဖျား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Scarlet fever (စကားလတ်အဖျား) ကဘာလဲ။ Scarlet အဖျားဆိုတာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့အဖျား တစ်မျိ ုးဖြစ်ပြီး ဒီရောဂါဟာ လူတစ်ချိ ု့မှာ strep လို့ခေါ်တဲ့ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့လည်ပင်းနာအာသီးရောင်ခြင်းကနေ ရရှိပါတယ်။scarlatina လို့လည်းသိကြပြီး scarlet အဖျားဟာ တစ်ကိုယ်လုံးမှာ အနီရဲရဲ အဖုအပိန့်များနဲ့ တွေ့ ရတတ်ပါတယ်။scarletအဖျားဟာ လည်ပင်းနာခြင်းရယ် အဖျားကြီးခြင်းရယ်နဲ့ များသောအားဖြင့် တွဲပြီးတွေ့ရတတ်ပါတယ်။ scarlet အဖျားဟာ ကလေးတွေ အသက် ၅နှစ်မှ ၁၅နှစ်အတွင်းမှာ အဖြစ်များပါတယ်။scarlet အဖျားကို ကလေးဘဝဖျားနာခြင်းတွေထဲက ဆိုးတဲ့ရောဂါ တစ်ခုအနေနဲ့ ယူဆကြပေမယ့် ပိုးသတ်ဆေးပေးပြီး ကုသခြင်းက သိပ်ပြီးမဆိုးစေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် မကုသပဲ ထားခဲ့ပါက scarlet အဖျားက ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်တဲ့ နှလုံး၊ကျောက်ကပ်နဲ့ တစ် ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထိခြင်းကို ဖြစ်စေနိုင်ပါတယ်။ Scarlet fever (စကားလတ်အဖျား) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများScarlet fever (စကားလတ်အဖျား) ရဲ့လက္ခဏာတွေကဘာတွေလဲ Scarlet […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Tetany (မေးခိုင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tetany (မေးခိုင်ရောဂါ) ကဘာလဲ။ ကြွက်တက်ခြင်း၊ ကြွက်သားများညစ်ခြင်းနဲ့ တုန်ရီခြင်း စတဲ့လက္ခဏာတွေကို မေးခိုင်ရောဂါလို့ခေါ်ပါတယ်။ ထိုအခြေအနေတွေဟာ စိတ်နဲ့ မထိန်းချုပ်ပဲ ကြွက်သားတွေ သူ့အလိုလို ဆက်တိုက်ညစ်နေခြင်းကြောင့် ဖြစ်ရတာပါ။ မေးခိုင်းရောဂါကြောင့် ဖြစ်တဲ့ ကြွက်သားညစ်ခြင်းဟာ အချိန်ကြာမြင့်ပြီး အလွန်နာကျင်ရပါတယ်။ Tetany (မေးခိုင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများTetany (မေးခိုင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မေးခိုင်ရောဂါဟာ အောက်ပါလက္ခဏာတွေနဲ့ ယှဉ်တွဲနေတတ်ပါတယ်။ ဗိုက်ကြွက်သားညစ်ခြင်း၊ နာကျင်ခြင်း နာတာရှည်ဝမ်းလျောခြင်း မျက်နှာသေဖြစ်နေခြင်း ပင်ပန်းနုန်းချိခြင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း အသက်ရှုရခက်ခဲခြင်း၊ အသက်ရှုမြန်ခြင်း လက်နဲ့ခြေထောက်တို့မှာ တစ်ရွရွဖြစ်နေခြင်း လက်ချောင်းများလှုပ်နေခြင်း အထက်တွင်မဖော်ပြထားသောလက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိလိုသည်များရှိလျှင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါတို့ခံစားနေရပါကဆရာဝန်ဖြင့် ပြသသင့်ပါတယ်။ မူးမေ့လဲခြင်း ကြွက်သားတွေပုံမှန်အလုပ်မလုပ်နိုင်တော့ြ့ခင်း အမြင်အာရုံမကောင်းတော့ခြင်း အကြောသေခြင်း တက်ခြင်း ခေါင်းအလွန်အကျွန်ကိုက်ခြင်း စကားမပီတော့ခြင်း စာရေးခြင်း၊ စာဖတ်ခြင်း၊ စကားပြောခြင်း၊ တွေးတောခြင်း၊ မှတ်မိခြင်းတို့တွင် အခက်အခဲများရှိလာခြင်း ခန္ဓါကိုယ်တစ်ဖက်တစ်ချက်တွင် အားနည်းခြင်း၊ ထုံကျင်ခြင်း အော့အန်ခြင်း အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံခြင်းတွေ မတူညီကြပါဘူး။ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) ကဘာလဲ။ E-Coli အီကိုလိုင်းဆိုတာဟာ လူတွေရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက်မှာနေတဲ့ ဘက်တီးရီးယားတွေရဲ့ နာမည်ပါ။ အီကိုလိုင်းပိုးအမျိုးအစားအများကြီးရှိပြီး အများစုကတော့ အန္တရာယ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အချို့သောပိုးတွေကတော့ သွေးဝမ်းသွားခြင်း သို့မဟုတ် ပြင်းထန်သွေးအားနည်းရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းတွေကိုဖြစ်စေပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEscherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အီကိုလိုင်းပိုးဝင်ခြင်း ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက်ခြင်း၊ အပျော့စားဝမ်းပျက်ခြင်းနဲ့ အရည်တွေသာသွားခြင်းမှသည် ပြင်းထန်ပြီး သွေးဝမ်းသွားသည်ထိ ဗိုက်နာခြင်း၊ အောင့်ခြင်း၊ အချို့သူတွေကတော့ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Leptospirosis (Leptospirosis)

အဓိပ္ပါယ်ဖွင့်ဆိုချက်Leptospirosis (Leptospirosis) ကဘာလဲ။ Leptospirosis ဆိုတာတော့ ဖော့နှုတ်တံ (Cockscrew) ပုံသဏ္ဍာန်ရှိပြီး Leptospira interrogans လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပိုးဝင်မှုတစ်ခုပါ။ Leptospirosis ဟာ ဆီး၊ သွေး သို့မဟုတ် တိရစ္ဆာန်တွေရဲ့ တစ်သျှူးတွေမှာ ပါဝင်နေတတ်ပြီး ဒီလိုကူးစက်တတ်တဲ့ ရင်းမြစ်တွေကို ထိကိုင်မိခြင်းကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ပိုးရှိနေတဲ့ မြေ သို့မဟုတ် ရေတွေ၊ စိုစွတ်နေတဲ့ မြေလွှာတွေ သို့မဟုတ် ပိုးကူးစက်ထားတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ထိတွေ့ထားတဲ့ အသီးအရွက်တွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ။် အထူးသဖြင့် နွား၊ ဝက်၊ ခွေး၊ တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေသတ္တဝါတွေ၊ မြေကြွက်တွေနဲ့ အခြားသော ကြွက်မျိုးစိတ်တွေ အစရှိသဖြင့်ဟာ ဘက်တီးရီးယားတွေအတွက် အရေးအကြီးဆုံးသော နားခိုရာကြီးပါပဲ။ အိမ်မွေးတိရစ္ဆာန်တွေမှာဖြစ်စေ၊ အရိုင်းတွေမှာဖြစ်စေ ဒီပိုးကို သယ်ယူလာနိုင်ပြီး ဘက်တီးရီးယားတွေကို သူတို့ဆီးထဲကို […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Chagas Disease (Chagas ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chagas Disease (Chagas ရောဂါ ) ကဘာလဲ။ Chagas ရောဂါဆိုတာဟာ triatomine ပိုးကောင်ရဲ့ မစင်ထဲမှာ တွေ့ရတဲ့ ပါရာဆိုက်ကပ်ပါးတမျိုးကြောင့် ဖြစ်ပေါ်လာရတဲ့ ကူးစက်ရောဂါတမျိုး ဖြစ်ပါတယ်။triatomine ပိုးကောင်ရဲ့ အဓိကကျက်စားရာနေရာတွေဖြစ်တဲ့ တောင်အမေရိက၊ဗဟိုအမေရိကနဲ့ မက္ကဆီကိုတို့မှာ Chagas ရောဂါကို အများဆုံး တွေ့ရလေ့ရှိတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံတောင်ဖက်ပိုင်းမှာလည်း ရှားရှားပါးပါးဆိုသလို တွေ့ရတတ်သေးတာမို့ American trypanosomiasis လို့လည်း ခေါ်ပါသေးတယ်။Chagas ရောဂါဟာ ဘယ်သူမဆိုဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကလေးသူငယ်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။Chagas ရောဂါဟာ မကုသဘဲ ထားမယ်ဆိုရင် နှလုံးနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာဆိုးဆိုးရွားရွားတွေကို ဆက်လက်ဖြစ်ပေါ်စေပါလိမ့်မယ်။ Chagas Disease (Chagas ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်နိုင်ငံ တောင်ဖက်ပိုင်းကနေ အာဂျင်တီးနားနိုင်ငံ မြောက်ဖက်ပိုင်းအထိ အမေရိကတိုက်ရဲ့ နိုင်ငံပေါင်းဆယ့်ရှစ်နိုင်ငံမှာ ဒီရောဂါကို တွေ့နိုင်ပါတယ်။Chagas […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကဘာလဲ။ Staph ရောဂါတွေဟာ staphylococcus လို့ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တာပါ။ ထိုပိုးမွှားတွေဟာ ကျန်းမာသူတွေရဲ့ အရေပြားပေါ်မှာနဲ့ နှာခေါင်းတွေထဲမှာပါ ရှိနေတတ်ပါတယ်။ များသောအားဖြင့်တော့ အရေပြားရောဂါငယ်မျိုးလောက်ဖြစ်တတ်တာကလွဲရင် ပြဿနာမရှိတာမျိုးများပါတယ်။ ဒါပေမယ့် ဘတ်တီးရီးယားတွေ သင့်ခန္ဓါကိုယ်ထဲကို နက်နက်တိုးဝင်သွားရင်၊ သွေးကြောတွေ အရိုးအဆစ်တွေ အဆုတ်၊ နှလုံးတို့ထဲကိုဝင်သွားခဲ့ရင်တော့ သေနိုင်လောက်သည်ထိဆိုးသွားနိုင်ပါတယ်။ ကျန်းမာတဲ့လူတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ staph ရောဂါပိုးရောဂါတွေဖြစ်နှုန်းကတက်လာနေပါတယ်။ ကုသမှုတွေကတော့များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ပိုးဝင်တဲ့နေရာကိုသန့်စင်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့သော staph တွေက သာမန်ပဋိဇီဝပိုးသတ်ဆေးလောက်ကိုမဖြုံတော့ပါဘူး။ Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါကိုးအာေးပးတဲ့အချက်တွေကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လက္ခဏာများStaph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာတွေကတော့ သာမန်အရေပြားပြဿနာလောက်ကနေ နှလုံးအမြှေးပါးဖုံးရောင်တာအထိဖြစ်နိုင်တယ်။ ဒါကြောင့် […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Yaws (ယော အနာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Yaws (ယော အနာရောဂါ) ကဘာလဲ။ ယောအနာရောဂါသည် အရေပြား၊ အရိုးနှင့် အဆစ်များတွင် ဘက်တီးရီးယားပိုးဝင်သော နာတာရှည်ရောဂါဖြစ်သည်။ ယောအနာ တွင် အဆင့် ၃ ဆင့်ရှိပါသည်။ (၁) အစောပိုင်းအဆင့် ယော ရောဂါပိုးနှင့် ထိတွေ့မိပြီး ၅-၆ ပတ်အကြာတွင် သင့်အရေပြားပေါ်တွင် အနီ ရောင် အဖုအပိန့်များ ပေါ်လာမည်ဖြစ်သည်။ အထူးသဖြင့် တင်ပါးသားနှင့် ခြေထောက်များတွင် အဖြစ်များပါသည်။ ထိုအဖုများကို frambesioma သို့မဟုတ် mother yaw ဟုတခါတရံတွင် ခေါ်ကြပြီး တဖြေးဖြေးကြီးထွားလာကာ အဝါရောင်အနာဖေးများဖြစ်သွားကြသည်။ အနာဖြစ်သော နေရာတဝိုက်တွင် ယားယံခြင်း၊ အကြိတ်ဖုများဖြစ်ခြင်းတို့ဖြစ်ပြီး အနာများသည် ခြောက်လခန့်အကြာတွင် အလိုလိုကျက်သွားသော်လည်း အမာရွတ်များ ကျန်ရစ်ခဲ့ပေသည်။ (၂) ဒုတိယအဆင့် တိုအဆင့်တွင် အဆင့် ၁ တွင် ဖြစ်သော အဖုများ မပျောက်ဘဲကျန်ရှိနေခြင်းမျိုးဖြစ်နိုင်သလို ပထမအဆင့် အနာပျောက်ပြီး ရက်သတ္တပတ်များ၊ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Plague (ပလိပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Plague (ပလိပ်ရောဂါ) ကဘာလဲ။ ပလိပ်ရောဂါဆိုတာက ပြင်းထန်သော ဘက်တီးရီးယား ကူးစက်ရောဂါတစ်ခုပြီး လှေးမှတစ်ဆင့် Yersinia pestis ပိုး ကူးစက်ခံရသောကြောင့် ဖြစ်တဲ့ရောဂါ တစ်မျိုးပါ။ Plague (ပလိပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက တော်တော်လေးအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အခြေအနေများကို သတိထားဆင်ခြင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ လက္ခဏာများPlague (ပလိပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပလိပ်ရောဂါအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာများ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဥပမာ Bubonic ပလိပ် – ဒီပလိပ်ရောဂါ၏ အဖြစ်များဆုံး လက္ခဏာက ပေါင်ခြံ၊ ချိုင်းနှင့် လည်ပင်းတို့မှာရှိတဲ့ ပြန်ရည်ကျိတ်များ ကြက်ဥခန့်ကြီးမားလာကာ နာကျင်ပြီး ကိုင်ကြည့်လျှင် ပူနွေးနေခြင်းတို့ ဖြစ်ပါတယ်။ တခြားလက္ခဏာများအနေနဲ့ကတော့ ရုတ်တရတ်ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ မအီမသာနှင့် ကြွက်သားများနာခြင်းတို့ပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ပလိပ် – အတွေ့ရများဆုံးလက္ခဏာများမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ကဘာလဲ။ Brucellosis ဆိုတာ တိရိစ္ဆာန်တွေကနေ လူတွေကို ကူးတဲ့ ဘက်တီးရီးယား ရောဂါ တစ်မျိုးပါ။ ယင်းဘက်တီးရီးယားက လူကော တိရိစ္ဆာန်ကော ကူးစက်နိုင်ပါတယ်။ လူအများစုကတော့ တိရိစ္ဆာန်တွေက ရရှိသော ပိုးမသတ်ထားတဲ့ ထုတ်ကုန်များကို စားသုံးခြင်းအားဖြင့် ကူးစက်ခံကြရပါတယ်။ လေမှ တစ်ဆင့်ကူးစက်ခြင်း နှင့် ရောဂါရှိသော တိရိစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် ကူးစက်ခြင်းဟာ ရှားရှားပါးပါးဖြစ်စဉ်တွေပါ။ လူလူချင်းကူးစက်တာကတော့ အရှားဆုံးပါပဲ။ Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ယင်းရောဂါက လူပေါင်းရာချီထောင်ချီပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတာပါ။ ပိုးမသတ်ထားသော နို့များကို ရှောင်ကြဉ်ပြီး ဓါတ်ခွဲခန်း ဒါမှမဟုတ် တိရိစ္ဆာန်တွေနဲ့ အလုပ်လုပ်တဲ့ အခါမှာ သေချာကာကွယ်မှု ပြုလုပ်ထားမယ်ဆိုရင်တော့ Brucellosis ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ လက္ခဏာများBrucellosis […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်