အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ
ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား
ပုံမှာပြထားတဲ့ အကောင်လေးကို အိမ်တိုင်း အိမ်တိုင်းမှာ တွေ့ဖူးကြမှာပါ။ ဟိုထောင့် ဒီထောင့်မှာ ကပ်နေပြီး လက်နဲ့ သပ်ချလိုက်ရင် အထဲကနေ တွန့်တွန့် တွန့်တွန့်နဲ့ အကောင်သေးသေးလေး ထွက်လာပါတယ်။ ဒီကောင်လေးတွေကို ကွာစေ့ကောင် လို့ ခေါ်ပါတယ်။ ဒီကောင်လေးတွေ အိမ်မှာ ရှိနေတာက ကိုယ့်ရဲ့ ကျန်းမာရေးကိုများ ထိခိုက်စေမှာလား။ ကွာစေ့ကောင် ဆိုတာ ရုတ်တရပ်ကြည့်လိုက်ရင် ကွာစေ့လိုမျိုး ခပ်ပြားပြား ကြမ်းကြမ်းလေး ဖြစ်နေလို့ ကွာစေ့ကောင်လို့ ခေါ်ပေမယ့် ဒေသအလိုက် အခေါ်အဝေါ်တော့ ကွာနိုင်ပါတယ်။ သိပ္ပံနာမည်ကတော့ Phereoeca uterella လို့ ခေါ်ပါတယ်။ သူ့မှာ ဥ၊ သားလောင်း၊ ပိုးတုံးလုံးအဆင့်နဲ့ အရွယ်ရောက်ပြီးချိန်ဆိုပြီး အဆင့်ဆင့်ကြီးထွားလာပါတယ်။ ကွာစေ့လိုမျိုး ခပ်ပြားပြား ဖြစ်နေတာက သားလောင်းနဲ့ ပိုးတုံးလုံးအစောပိုင်း အဆင့်တွေမှာပါ။ ဒီအဆင့်တွေမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြင်ပပစ္စည်းတွေနဲ့ အကာအကွယ်လုပ်ထားတာပဲ […]