ခုရက်ပိုင်း ရန်ကုန်မြို့က ကြက်သားအစိမ်းတချို့မှာ Salmonella ပိုးတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနစာတမ်းတစ်စောင်က ဖော်ပြတဲ့သတင်း တွေ့ကြပြီးပြီဟုတ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ခုရက်ပိုင်း ရန်ကုန်မြို့က ကြက်သားအစိမ်းတချို့မှာ Salmonella ပိုးတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနစာတမ်းတစ်စောင်က ဖော်ပြတဲ့သတင်း တွေ့ကြပြီးပြီဟုတ်။
ဒီပိုးတွေကို ဆက်ပြီးစစ်ဆေးတဲ့အခါ Ampicillin၊ Tetracycline၊ Levofloxacin နဲ့ Ciprofloxacin အပါအဝင် ပဋိဇီဝဆေးဝါးသုံးမျိုးနဲ့အထက် ဆေးယဉ်ပါးနေတာ တွေ့ရတယ်လို့ စာတမ်းမှာ ပါရှိပါတယ်။
Salmonella ဆိုတာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတစ်မျိုးပါ။ အစားအသောက်ကနေ ကူးတယ်၊ အိမ်မွေးတိရစ္တာန်ကနေ ကူးတယ်၊ ရောဂါပိုးပါတဲ့ ကြက်ဘဲ၊ ဝက်၊ အမဲသား၊ ဥနဲ့ နို့တွေစားသောက်မိရာကနေ Salmonella ပိုးကိုရရှိနိုင်ပြီး သူတို့နဲ့ အတူထားမိတဲ့ အသီးအရွက်တွေစားမိရင်လည်း ကူးစက်ရရှိနိုင်ပါတယ်။ အစားအသောက်ကနေ ကူးစက်ရရှိနိုင်တာဖြစ်ပေမယ့် ဒီဘက်တီးရီးယားရှိတဲ့အရာကို ထိတွေ့မိပြီး လက်သေချာမဆေးမိတဲ့အခါလည်း လူကနေလူကို လက်ကတဆင့် ဆက်ပြန့်ပွားနိုင်ပါတယ်။
အများအားဖြင့်တော့ ကူးစက်ခံရပြီဆိုရင် –
ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီး ၈ နာရီကနေ ၇၂ နာရီအတွင်း စလာတတ်ပြီး အပျော့စားမျိုးစိတ် တွေဆို တစ်ပတ်လောက်အတွင်း ပြန်သက်သာနိုင်ပါတယ်။ ဒါပေမယ့် အူလမ်းကြောင်းကျန်းမာရေးနဲ့ ဝမ်းပုံမှန်ပြန်ကောင်းဖို့က လနဲ့ချီပြီးကြာနိုင်ပါတယ်။
Salmonella ပိုးရဲ့မျိုးစိတ်တွေက အများကြီးရှိပေမယ့် ဒီတစ်ခါတွေ့ရတာက တိုက်ဖွိုက်မဖြစ်စေနိုင်တဲ့ အမျိုးအစားဖြစ်ပြီး ပဋိဇီဝဆေးယဉ်ပါးနေတာလည်း တွေ့ရပါတယ်။ ဆေးယဉ်ပါး Salmonella ကြောင့် အစာအဆိပ်သင့်ခြင်းက ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာတာကြောင့် ပိုပြီးသတိထားသင့်ပါတယ်။ ဒီပိုးကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးတွေရှိပေမယ့် သတိဆိုတာ ပိုသည်မရှိလို့ ကိုယ့်ဘက်က ကြိုတင်ကာကွယ်တဲ့နည်းလမ်းလေးတွေ သိထားဖို့က အရေးကြီးပါတယ်နော်။
တကယ်လို့ ကိုယ့်မှာ အစာအဆိပ်သင့်တဲ့လက္ခဏာတွေ တွေ့ရတယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးခန်းတွေမှာ အမြန်ဆုံးကုသမှုခံယူပါ။
ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ကတော့ ” ကြက်သားအစိမ်းတွေမှာ Salmonella ပိုးတွေတွေ့ရပေမဲ့ ဒီကြက်သားကို ကျက်အောင်ချက်ရင် Salmonella ပိုးတွေကသေသွားနိုင်ပါတယ်။ ဒါပေမဲ့ Salmonella ပိုးပါတဲ့ကြက်သားကိုကိုင်နေရင်းနဲ့ အခြားအစားအသောက်တွေကိုင်လိုက်မယ်ဆိုရင်တော့ ဒီပိုးက ဗိုက်ထဲတန်းရောက်သွားပါမယ်။ ဒါကြောင့် အသားစိမ်းတွေကိုင်ပြီးရင် လက်ကိုရေစင်အောင်ဆေးကြောဖို့လိုတယ်။ အသားစိမ်းတွေနဲ့ ချက်ပြီးသားအစားအစာတွေ၊ မုန့်ပဲသရေစာတွေ၊ အသီးအရွက်တွေအတူတူရောမထားရပါဘူး” လို့ ပြောပြခဲ့ပါတယ်။
အခုတွေ့ရတဲ့ Salmonella ပိုးတွေမှာ ဆေးယဉ်ပါး နေတဲ့ အကြောင်းရင်းကိုတော့ ဆက်ပြီးလေ့လာ၊ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။