သန်ထတဲ့အခြေအနေကဆိုးရွားလာတဲ့အခါ
သန်ထတဲ့အခြေအနေက ဆိုးရွားလာတဲ့အခါ –
ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုမလဲ
အပေါ်မှာပြောခဲ့တဲ့ပြဿနာတွေကနေ ကင်းဝေးပြီး ကျန်းမာတဲ့မိသားစုဘဝလေးဖြစ်စေဖို့အတွက် သန်ချဖို့လိုအပ်ပါမယ်။ ပုံမှန် ၆ လတစ်ကြိမ် မဖြစ်မနေ သန်ချသင့်ပါတယ်။ ကလေးတွေကိုဆိုရင်တော့ ၂ နှစ်ကျော်အရွယ်ကစလို့ ပုံမှန် ၆ လတစ်ကြိမ် သန်ချပေးပါ။ ဒီအရွယ်မှာ ကလေးက လျှောက်သွားတာ၊ ပါးစပ်ထဲတွေ့ကရာတွေလျှောက်ထည့်တာမျိုးတွေ စလုပ်ပြီဖြစ်တဲ့အတွက် ဒီအရွယ်မှာစပြီး သန်ချတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးရဲ့ ကိုယ်ခံအားစနစ်တွေကို ထိခိုက်မှုမဖြစ်စေဖို့အတွက် ကာကွယ်ပေးရာရောက်ပါတယ်။နောက်ထပ်သတိပြုသင့်တာတစ်ချက်က ကလေးရော လူကြီးတွေပါ အမြဲတမ်း တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ဖို့ပါ။ လက်တွေကို ပုံမှန်ဆေးစေပြီး အပြင်ထွက်တိုင်း ဖိနပ်စီးဖို့သတိပေးပါ။ သန်ချတဲ့အခါမှာ တစ်မိသားစုလုံး သန်ချတာက ပိုစိတ်ချရပါတယ်။ သန်ချဖို့ ကျန်နေတဲ့သူတွေရှိရင် သူတို့ဆီမှာကျန်နေတဲ့သန်တွေကနေ ကျန်တဲ့သူတွေဆီပြန်ပွားလာနိုင်လို့ တစ်မိသားစုလုံးသန်ချတာက စိတ်အချရဆုံးနဲ့ အစွမ်းအထက်ဆုံးပါ။
အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးေတွမွေးထားတယ်ဆိုရင် မိသားစုတွေ သန်ချတိုင်း အိမ်မှာမွေးထားတဲ့ အကောင်လေးတွေကိုလည်း သန်ချပေးပါ။ တစ်ခါတလေမှာ သန်ကောင်တွေက အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့် လူ့ခန္ဓါကိုယ်ဆီကို ကူးစက်နိုင်တာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။