အစားအစာများကတစ်ဆင့် ကပ်ပါးပိုးနဲ့ ဘက်တီးရီးယားစတဲ့ ရောဂါပိုးတွေ ပျံ့နှံ့ခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ အစားအစာတွေကို လတ်ဆတ်စွာစားဖို့၊ ကောင်းစွာချက်ပြုတ်စားဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနများက ဆော်သြနေခြင်း ဖြစ်ပါတယ်။