backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကာလဝမ်းရောဂါကို ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကာလဝမ်းရောဂါကို ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက်

ကာလဝမ်းရောဂါဆိုတာက Vibrio cholera လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကို များသောအားဖြင့် သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ ရေတွေထဲမှာတွေ့ရတတ်ပါတယ်။ လက်ကိုပုံမှန်ဆေးကြောသန့်စင်မယ်။ သန့်ရှင်းတဲ့သောက်သုံးရေကို သောက်သုံးမယ်။ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးမယ်။ ကာကွယ်ဆေးကြိုတင် ထိုးနှံတာတွေလုပ်ထားမယ်ဆိုရင်တော့ ကာလဝမ်းရောဂါဘေးကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။

ကာလဝမ်းရောဂါက သေချာမကုသဘဲထားမယ်ဆိုရင်နာရီပိုင်းအတွင်းမှာတင် ကျန်းမာနေတဲ့လူကို သေစေနိုင်တဲ့ အထိပြင်းထန်ပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားသူ ၂.၉ သန်းရှိပြီး ရောဂါခံစားရသူ ဦးရေရဲ့ ၉၅ ၀၀၀ ကအသက်ဆုံးရှုံးတဲ့အထိခံစားကြရပါတယ်။ ကာလဝမ်းရောဂါကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါဘူး။ ကာလဝမ်းရောဂါဖြစ်ရတဲ့ အဓိကပြဿနာကတော့ သန့်ရှင်းတဲ့သောက်သုံးရေမရရှိတာ၊ သင့်တော်ကောင်းမွန်တဲ့ ရေဆိုးနုတ်စနစ်မရှိတာတွေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်သင့်ထားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံနေရတာကြောင့်ပါ။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကာလဝမ်းရောဂါကို ကာကွယ်ထားတာကထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ဒီဆောင်းပါးထဲမှာ ကာလဝမ်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးထားပါတယ်။

ကာလဝမ်းရောဂါကို ဒီလိုကာကွယ်ပါ

လက်တွေကို သေချာဆေးကြောပါ

နေမကောင်းတဲ့လူကို ပြုစုပေးပြီးချိန်မှာဖြစ်ဖြစ် ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ထိတွေ့ပြီးချိန်မှာဖြစ်ဖြစ် လက်တွေကို လက်အိတ်စွပ်ထားတယ်ဆိုရင်တောင်မှ သေချာသန့်စင်အောင်ဆေးကြောပေးပါ။ မသန့်ရှင်းတဲ့ အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကိုသန့်စင်အောင်ဆေးကြောတာက ရောဂါတွေကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

အစားမစားခင်၊ အိမ်သာကဆင်းတဲ့အချိန်၊ ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးကြောပေးပါ။ ရေမလိုလက်သန့်ဆေးရည်အသုံးပြုပေးလို့လည်းရပါတယ်။

သန့်ရှင်းတဲ့သောက်သုံးရေကိုပဲသောက်ပါ

သန့်ရှင်းတဲ့ရေကိုသောက်သုံးတာက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါ။ သောက်သုံးရေတင်မဟုတ်ဘဲ သန့်စင်ဆေးကြောဖို့ အသုံးပြုတဲ့ရေကိုပါ သေချာသန့်စင်အောင်လုပ်ဆောင်ပေး ဖို့လိုပါမယ်။ ရေသန့်သောက်သုံးပေးပါ။ ရေသန့်မရရှိနိုင်တဲ့အခါမှာလည်း ရေကိုကျိုချက်သောက်သုံးပေးပါ။ ရေသန့်ဆေးပြားအသုံးပြု သန့်စင်ထားတဲ့ ရေကို အသုံးပြုပေးလို့လည်းရပါတယ်။

သေချာကျက်အောင်ချက်ပြုတ်သုံးဆောင်ပါ

ရေလိုပဲ သန့်ရှင်းမှုရှိတဲ့ အစားအသောက်တွေကိုပဲ စားသုံးပေးပါ။ အစားအစာစားသုံးတဲ့ အခါ သန့်သန့်ရှင်းရှင်းနဲ့ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးပေးပါ။ အစားအသောက်တွေကို အစိမ်းစားတာမျိုး စားနေကျမဟုတ်တာတွေကို စားတာမျိုးမလုပ်ပါနဲ့။ အစားအသောက်ထည့်တဲ့ ပန်းကန် ခွက်ယောက်တွေကို သန့်ရှင်းအောင်ထားဖို့လည်း မမေ့ပါနဲ့။

စိတ်ချရတဲ့ ရေဆိုးနုတ်စနစ်ရှိပါစေ

ရေဆိုးနုတ်စနစ် အားနည်းမှုကြောင့်လည်း ဝမ်းရောဂါခံစားရနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်စိတ်ချရတဲ့ ရေဆိုးနုတ်စနစ်ထားရှိဖို့လုပ်ဆောင်ပေးပါ။ ရေဆိုးနုတ်စနစ်ကို ရေအရင်းအမြစ်နဲ့ မီတာ ၃၀ အကွာမှာထားရှိပါ။ ရေဆိုးနုတ်စနစ်အနီးတဝိုက်မှာ ထုံးဖြူးထားပေးပါ။

ကာကွယ်ဆေးထိုးပေးပါ

ကာလဝမ်းရောဂါကြောင့် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဆုံးရှုံးတဲ့အခါ ဓာတ်ဆားရည်သောက်ပေးတာလိုမျိုး လုပ်ဆောင်ပေးပါ။ ကာလဝမ်းရောဂါခံစားရတဲ့အခါ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်တင်းပေးဖို့ ဂရုပြုလုပ်ဆောင်ပါ။ အခုနောက်ပိုင်းမှာတော့ ကာလဝမ်းရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဆေးတွေထွက်ရှိနေပြီ ဖြစ်တာကြောင့် ကာလဝမ်းရောဂါ ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့ရပါတယ်။ ကာကွယ်ဆေးထိုးနှံ တာကလည်း ကာလဝမ်းရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် ကာကွယ်ဆေးထိုးထားပါလို့ပြောပါရစေ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement