backup og meta

ဖျားနေချိန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား .......

ဖျားနေချိန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား .......

ဆောင်းကဝင်လာတော့မယ်ဆိုတော့ ကိုဗစ်များ ပိုဆိုးလာလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးချင်တဲ့သူတွေ တော်တော်လေး များနေမှာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့တွေကို ပြင်ဆင်ထားပြီး ရက်ချိန်းတောင် ရပြီးပြီ ဆိုပါတော့။ အကုန် အဆင်သင့် ဖြစ်နေမှ ဆေးထိုးရမယ့် ရက်ရောက်ခါနီးမှာ ဖျားတယ်ဆိုရင် ကာကွယ်ဆေးက ဆက်ထိုးရမလား။ မထိုးရဘူးလားဆိုပြီး တွေးရခက်နေသူတွေရှိလား ……

နောက်ထပ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ရပ်က ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးပြီ ဒုတိယအကြိမ် ထိုးခါနီးမှာမှ ဖျားနေတာဆိုရင် ဆေးကို ဆက်ထိုးရမလား မထိုးရဘူးလားဆိုပြီး အတော်လေး တွေးရခက်မယ့် ကိစ္စပါ။ ဒီပြဿနာလေးတွေအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်နော်။

ဖျားနေချိန်မှာ ကာကွယ်ဆေး ထိုးလို့ ရလား …..

ဒီမေးခွန်းအတွက် အဖြေကတော့ no ပါ။ ဖျားနေချိန်မှာ ကာကွယ်ဆေး မထိုးရပါဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အကြောင်းကတော့ ကိုယ်ခံအားက အားနည်းနေတာကြောင့်မို့ မလိုအပ်ဘဲ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဝင်ရောက်လာနိုင်တာကြောင့်ပါ။

ဒါကြောင့် ချောင်းဆိုးတာ၊ နှာစေးတာ၊ ခေါင်းကိုက်တာ၊ အဖျား ငွေ့ငွေ့ ရှိတာလိုမျိုး သာမန် ဖျားနာမှု လက္ခဏာတွေကို ခံစားနေရရင်တောင်မှ ကာကွယ်ဆေး မထိုးတာက အကောင်းဆုံးပါ။

ဖျားနေချိန်မှာ ကိုယ်ခံအား သိရှိတုံ့ပြန်နိုင်စွမ်းနည်းနေသလို ဖျားနာမှုကို ခုခံနေရတဲ့ တာဝန်ကို အကောင်းဆုံး မစွမ်းဆောင်နိုင်တာမျိုး ဖြစ်စေနိုင်တာကြောင့် ဖျားနေချိန်မှာ တုပ်ကွေး ကာကွယ်ဆေးကစလို့ ဘယ်ကာကွယ်ဆေးကိုမှ မထိုးသင့်ပါဘူး။

ဖျားနေချိန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား …….

ဖျားနေချိန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလား ……. ဆိုတဲ့ မေးခွန်းအတွက်လည်း အဖြေက no ပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ ဖျားနေချိန်မှာ ကိုယ်ခံအားရဲ့ သိရှိတုံ့ပြန်နိုင်စွမ်း အားနည်းနေတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဖျားနေမယ်။ အအေးမိမယ်။ နှာစေး၊ ချောင်းဆိုးလိုမျိုး လက္ခဏာတွေကို ခံစားနေရမယ်ဆိုရင် ကိုဗစ် ကာကွယ်ဆေး မထိုးတာ အကောင်းဆုံး ဖြစ်မှာပါ။

ဒီလို မထိုးနဲ့ဆိုတဲ့ နေရာမှာ ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်ရော ဒုတိယ အကြိမ်ကိုပါ ဆိုလိုတာပါ။ ဆေးထိုးရမယ့် ရက်မှာ ဖျားနေမယ်ဆိုရင်တော့ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးပေမယ့်လည်း ဒုတိယအကြိမ်ကို မထိုးသေးဘဲ နေပြန်ကောင်းလာပြီး ကိုယ်ခံအား ပုံမှန် အခြေအနေ ရောက်လာတဲ့အထိ စောင့်လိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။

လက်ရှိ အခြေအနေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အအေးမိတာလိုမျိုး အသေးစား ဖျားနာသူတွေကို ကာကွယ်ဆေး မထိုးဘဲ ကိုယ်ခံအား ပြန်ပြည့်လာတဲ့အထိ စောင့်ဖို့ ညွှန်ကြားထားသလို ခေါင်းကိုက်တာလိုမျိုး အဖျား လက္ခဏာ ခံစားနေရသူတွေကိုလည်း ကာကွယ်ဆေး မထိုးဖို့ ညွှန်ကြားထားပါတယ်။

တုပ်ကွေးလိုမျိုး ကူးစက်နိုင်တဲ့ အဖျားရောဂါ ခံစားနေရသူတွေ၊ အစာခြေလမ်းကြောင်း ပိုးဝင်တာကို ခံစားနေရသူတွေအနေနဲ့လည်း ကိုဗစ် ကာကွယ်ဆေးကို မထိုးသင့်သေးပါဘူး။

ကိုဗစ် လက္ခဏာ ခံစားနေရရင်ရော covid vaccines ထိုးလို့ ရပါ့မလား ……..

ချောင်းဆိုးတာ၊ အအေးမိတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာတွေက အသက်ရှူလမ်းကြောင်း ပိုးဝင် ကူးစက်တာကြောင့် ခံစားရနိုင်သလို ကိုဗစ်ကြောင့်လည်း ခံစားရနိုင်ပါတယ်။

ဒါကြောင့် ကိုဗစ် ကာကွယ်ဆေး ထိုးခါနီးမှာ အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ကာကွယ်ဆေး မထိုးတာ အကောင်းဆုံးပါ။ သေချာ စစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးဖို့ လိုပါမယ်။ ပထမအကြိမ် ထိုးပြီး ဒုတိယအကြိမ် ထိုးခါနီးမှ အခုလို လက္ခဏာကို ခံစားရမယ်ဆိုရင်လည်း ကိုဗစ်ပိုး ကူးစက်ခံထားရလားဆိုတာကို သေချာ စစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးဖို့ လိုပါမယ်။

ကိုဗစ် စစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေစဉ်မှာ အခြားသူတွေကို ကူးစက်တာမျိုး မရှိစေဖို့ သေချာလေး ကာကွယ်ဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can You Get a COVID-19 Vaccine if You’re Sick With Cold-Like Symptoms? Doctors Explain https://www.prevention.com/health/a36186576/can-i-get-covid-19-vaccine-when-sick/ Accessed Date 14 October 2021

Coronavirus disease (COVID-19): Vaccines https://www.who.int/news-room/q-a-detail/coronavirus-disease-(covid-19)-vaccines?adgroupsurvey={adgroupsurvey}&gclid=CjwKCAjwh5qLBhALEiwAioodsw3YcFT6sGCS-T0EXAYkt-1ymYji9PdkhXQC3HWY09rGiAZLYxztYhoC_IQQAvD_BwE Accessed Date 14 October 2021

VERIFY: Should you wait to get the COVID-19 vaccine if you’re currently sick? https://www.wusa9.com/article/news/verify/can-i-get-the-covid-vaccine-i-am-sick-or-had-covid-vaccine-explainers-101-fact-check/65-6ae7a5d1-f2e8-4d8d-b359-511e3980df6d Accessed Date 14 October 2021

ယခုပုံစံ

14/10/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ side effect ခံစားရခြင်း၊ မခံစားရခြင်းဆိုတာ

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement