ကိုဗစ်အတွက် ကာကွယ်ဆေးတွေ ထွက်ပေါ်နေပေမယ့် ကာကွယ်ဆေးရဲ့ အခန်းကဏ္ဍက ရောဂါ မဖြစ်အောင် ကာကွယ်ပေးတာပါ။ ရောဂါ တကယ်ကူးစက်ခံရတဲ့အခါ ထိရောက်တဲ့ ကုသမှုကို ရရှိမှ ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ ဒီတစ်ခေါက်တော့ ကိုဗစ်ကူးစက်ခံရသူတွေအတွက် ထိရောက်မှု ရှိတာကြောင့် နိုင်ငံ အများစုမှာ အသုံးပြုခွင့်ရရှိလာတဲ့ ကုထုံးလေး တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ sotrovimab လို့ အမည်ရတဲ့ ကုထုံးလေးပါ။