စားသုံးလိုက်တဲ့ အာဟာရတွေက ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအတွက် အရေးပါပါတယ်။ ကိုယ် ဘယ်လို စားသောက်နေထိုင်လဲဆိုတာက ကိုယ့်ရဲ့ အတွင်းအပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာမယ် မကျန်းမာဘူးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ အဲဒီ အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေလည်းပါပါတယ်။ ဒါကို အကျယ်တဝင့်ပြောရတာက အခုဆိုရင် ကူးစက်ရောဂါ အန္တရာယ်ဆိုးကြီးတွေ ဖြစ်ပွါးနေတဲ့အပြင် သိပ်မကြာခင်မှာလည်း နှစ်စဉ်ပျံ့နှံ့နေကျ အသက်ရှူလမ်းကြောင်းကနေပဲကူးစက်တဲ့ တုပ်ကွေးလိုရောဂါတွေလည်း ပျံ့နှံ့တော့မှာဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးလို့ဖြစ်ပြီး အဖိုးအဖွားတွေလို အသက်ကြီးတဲ့သူတွေမှာ ဒီရောဂါတွေက ပိုပြီး ဆိုးကျိုးတွေ ပေးနိုင်တာကြောင့် ဒီအကြောင်းကိုအထူးပြု ပြောဆိုရခြင်း ဖြစ်ပါတယ်။