home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ် ဖြစ်ပွားမှု တစ်နှစ်ကျော်လောက် ကြာပြီးတဲ့အခါ ဒီဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ထုတ်လုပ်ခဲ့ပြီး ပထမဆုံး ထိုးနှံမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Pfizer နဲ့ Moderna တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက အရေးပေါ် အတည်ပြုမှုတွေ လုပ်ဆောင်ပေးခဲ့မှုနဲ့အတူ ကာကွယ်ဆေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သုတေသီတွေက ထိရောက်ပြီး စိတ်ချရမယ့် Covid-19 ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာမယ်ဆိုရင် ကမ္ဘာ့လူဦးရေ အားလုံးကို ကိုဗစ်ရန်ကနေ ပိုပြီးထိရောက်စွာနဲ့ ကာကွယ်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်နေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ myths (ယုံတမ်းစကား)တွေ အများကြီးထွက်ပေါ်နေတာကိုလည်း တွေ့ရမှာပါ။ ဒီတော့ ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ (myths about the covid-19 vaccine) က ဘာတွေ ဖြစ်မလဲ။

ကာကွယ်ဆေးနဲ့အတူ ထွက်ပေါ်လာတဲ့ myths တွေ

ကာကွယ်ဆေးနဲ့အတူ ထွက်ပေါ်လာတဲ့ myths တွေ

ဒါကတော့ အထူးအဆန်း မဟုတ်ပါဘူး။ အသစ်အဆန်း တစ်ခုခု ထွက်ပေါ်လာပြီဆိုရင် ဒီ အသစ်အဆန်းနဲ့ ပတ်သက်တဲ့ သတင်းများတွေ ကောလဟလတွေကတော့ ပေါ်လာစမြဲပါ။ အခုလည်း အသစ်ထွက်ပေါ်လာတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့အတူ ကောလဟတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။

ဒီတစ်ခေါက်တော့ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိထားတဲ့ အချက်တွေက မှန်လား။ ကောလဟလတွေ ဖြစ်နေမလားဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကိုဗစ်ကာကွယ်ဆေး နဲ့ပတ်သက်တဲ့ myths များစွာ က ဘာတွေဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိထားမိနိုင်တဲ့ myths တွေက

ကာကွယ်ဆေးက မြန်မြန် စမ်းသပ်ထုတ်လုပ်ခဲ့တာကြောင့် စိတ်ချရမှု မရှိဘူး။

  • မှားတယ်။

Covid-19 ကာကွယ်ဆေးက အရေးတကြီး လိုအပ်ချက်ကြောင့် လျင်လျင်မြန်မြန် ထုတ်လုပ်လိုက်ရတယ်ဆိုပေမယ့် ကာကွယ်ဆေးတစ်ခု ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ စစ်ဆေးမှု အဆင့်တွေ အားလုံးကို ကျော်ဖြတ်ခဲ့တာပါ။

အရင်အစောပိုင်းကာလ ၁၉၈၀ ခုနှစ်တွေတုန်းက ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြာတယ်ဆိုပေမယ့် အခုချိန်မှာ သိပ္ပံနည်းပညာတွေ တိုးတက်လာမှုကြောင့် ကာကွယ်ဆေး ထုတ်လုပ်မှုဟာ အရင်ကာလတွေလောက် မကြာတော့ပါဘူး။ ဒါကြောင့် ရောဂါ တစ်ခုခု ဖြစ်တဲ့အခါ ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် အမျိုးအစားကို သိရှိနိုင်မှုက ပိုမြန်လာသလို ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုကလည်း ပိုမြန်လာပါတယ်။

နောက်တစ်ချက်က လတ်တလောမှာ ဖြစ်ပွားနေတဲ့ Covid-19 ဗိုင်းရပ်စ်က လူသားတွေမှာဖြစ်ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေ ဖြစ်ကြတဲ့ MERSSARS တို့နဲ့ မျိုးစိတ် တူနေတာကြောင့်လည်း စမ်းသပ်ရ ပိုမို လွယ်ကူ မြန်ဆန်တာ ဖြစ်ပါတယ်။

ကာကွယ်ဆေးက ရေရှည်မှာ ဆိုးကျိုးဖြစ်စေနိုင်တယ်။

  • မှားတယ်။

ကာကွယ်ဆေးတွေက ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်ဆိုပေမယ့် ဓာတ်မတည့်တာမျိုးလောက်ပဲ ဖြစ်နိုင်တာပါ။ ဆေးထိုးပြီး အချိန်ကာလ အနည်းငယ်လောက်အတွင်းမှာပဲ ခံစားရတာ ဖြစ်ပါတယ်။ ရေရှည်မှာ ဆိုးကျိုး ဖြစ်စေနိုင်တာမျိုး မရှိသလို ကာကွယ်ဆေးကြောင့် ထိခိုက်တာမျိုးလည်း မရှိသလောက်နည်းပါတယ်။

ကာကွယ်ဆေးထိုးတာကြောင့် ကိုဗစ် ကူးစက်ခံရနိုင်တယ်။

  • မှားတယ်။

ကာကွယ်ဆေးထဲမှာ ကိုဗစ်ဗိုင်းရပ်စ် အရှင် မပါပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးတာက ကိုဗစ် မကူးစက်စေနိုင်ပါဘူး။

ကာကွယ်ဆေးထိုးတယ်ဆိုတာက ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ကနေ ထုတ်တဲ့ ပရိုတင်းမျိုး ထုတ်စေပြီး ကူးစက်မှုကို ကာကွယ်ခုခံနိုင်စေဖို့ လုပ်ဆောင်ပေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးတဲ့အခါ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှု အနေနဲ့ ခေါင်းကိုက်တာ၊ ချမ်းတုန်တာလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေက ရောဂါပိုး ကူးစက်ခံရတာကြောင့် မဟုတ်ပါဘူး။

ကိုဗစ် ကူးစက်ခံရဖူးတယ်။ ဒါကြောင့် ကာကွယ်ဆေးမထိုးလည်း ရတယ်။

  • မှားတယ်။

ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ကတော့ ကိုဗစ် ကူးစက်ခံရမှုကနေ ပြန်လည် သက်သာလာတယ် ဆိုရင်တောင်မှ ကာကွယ်ဆေးကို ထိုးဖို့ အကြံပြုထားပါတယ်။ အကြောင်းကတော့ ကာကွယ်ဆေးကမှ ဗိုင်းရပ်စ်ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ရောဂါအခံရှိရင် ကာကွယ်ဆေး မထိုးသင့်ဘူး။

  • မှားတယ်။

ရောဂါအခံရှိသူတွေ အထူးသဖြင့် ဆီးချိုသွေးတိုးရောဂါ ခံစားရသူတွေ ကာကွယ်ဆေးထိုးဖို့ လုံးဝ မသင့်တော်တာ မဟုတ်ပါဘူး။ ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ လိုပါမယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ myths များစွာ

ကိုယ်ခံအားနည်းသူတွေ ကာကွယ်ဆေး မထိုးသင့်ဘူး။

  • မှားတယ်။

ကိုယ်ခံအားနည်းသူတွေ အထူးသဖြင့် ကင်ဆာ ဒါမှမဟုတ် autoimmune ရောဂါ တစ်ခုခု ခံစားနေရသူတွေ အနေနဲ့ သေချာ ပေါက် ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ကာကွယ်ဆေးက ဗိုင်းရပ်စ် အရှင်ကို အသုံးပြုထားတာ မဟုတ်တာကြောင့် ကာကွယ်ဆေးကြောင့် မထိခိုက်နိုင်ပါဘူး။

ဒါကြောင့် ကိုယ်ခံအား နည်းသူတွေအနေနဲ့ ကိုဗစ်ကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေး ထိုးထားဖို့ လိုပါမယ်။ ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့တော့ လိုပါမယ်။

ကာကွယ်ဆေးက မျိုးဗီဇကို ပြောင်းစေနိုင်တယ်။

  • မှားတယ်။

Pfizer နဲ့ Moderna ကာကွယ်ဆေးတွေက messenger RNA (mRNA) ကို အသုံးပြုထားတာကြောင့် ကိုဗစ် အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးက မျိုးဗီဇကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

ကာကွယ်ဆေးက မြုံစေနိုင်တယ်

  • မှားတယ်။

ကာကွယ်ဆေးက မြုံစေနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ မရှိပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာမျိုးတော့ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ ကာကွယ်ဆေး လုံးဝ မထိုးသင့်ပါဘူး။

  • မှားတယ်။

CDC ကတော့ ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်တွေ ထိုးဖို့ သင့်တော်တယ်လို့ ဆိုပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးထားတာက ပိုကောင်းပါတယ်။ ဒီလို ကာကွယ်ဆေးထိုးတာက ကလေကို ကာကွယ်ရာရောက်သလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ကာကွယ်ဆေး ထိုးသင့်ပါတယ်။

ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်စရာ မလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ပြီ။

  • မှားတယ်။

ကာကွယ်ဆေး ထိုးပြီးသည့်တိုင် ပါးစပ်နဲ့နှာခေါင်းစည်းကို တပ်ဆင်သွားလာဖို့ လိုသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ လိုဦးမှာပါ။ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်သေးဘဲ ၉၅ ရာခိုင်နှုန်းလောက်ထိပဲ ကာကွယ်မှု ပေးနိုင်တာပါ။ ဒါကြောင့် ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် လိုက်နာဖို့ကတော့ လိုဦးမှာပါ။

ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်း။ ကိုယ်တိုင် ကာကွယ်မှုက ၅ ရာခိုင်နှုန်းနဲ့ ကိုဗစ်ကို ကာကွယ်ရမှာပါ။

ကိုဗစ်ကာကွယ်ဆေးက တုပ်ကွေး ကာကွယ်ဆေးတွေထက် ပိုထိရောက်ပါတယ်။ အကြောင်းကတော့ တုပ်ကွေးက နှစ်စဉ် မျိုးစိတ်သစ်တွေ ပြောင်းပေမယ့် covid-19 ဗိုင်းရပ်စ်ရဲ့ လူသားဆဲလ်တွေဆီကို ကူးစက်တဲ့ ပင်မပရိုတင်းက ဗိုင်းရပ်စ် သန္ဓေပြောင်းရင်တောင် ပြောင်းလဲမှု မရှိပါဘူး။ ဒီလို ပြောင်းလဲမှု မရှိတာကြောင့် ကိုဗစ်ဗိုင်းရပ်စ်က သန္ဓေပြောင်းရင်တောင် ကာကွယ်ဆေးက ထိရောက်မှု ရှိနေဦးမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

10 Myths About The COVID-19 Vaccine That Aren’t True https://www.henryford.com/blog/2020/12/vaccine-myths Accessed Date 18 January 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 20/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။