နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 3 mins read
Share now

အပြင်က ရာသီဥတုရဲ့ အပူချိန်က သက်ရောက်တဲ့အခါ ကျွန်တော်တို့ ကိုယ်ခန္ဓါက ကိုယ်တွင်းအပူတွေကို ကျစေဖို့ ချွေးတွေထွက်စေပါတယ်။ တချို့သူတွေမှာတော့ ဘယ်လောက်ပူပူ ချွေးမထွက်တာမျိုးတွေ ရှိတယ်ဗျ။ ဒါဟာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ချွေးထုတ်လုပ်တဲ့ ဂလန်းတွေဟာ ကောင်းစွာ အလုပ်မလုပ်တော့တာကြောင့်ပါ။ ဒီအခြေအနေကို ချွေးငုပ်ခြင်း (Hypohidrosis) လို့ခေါ်ပါတယ်။

ကိုယ်ခန္ဓါတစ်ခုလုံး ချွေးငုပ်တာမျိုးလည်း ရှိသလို နေရာကွက်ကျားဖြင့် ချွေးငုပ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ချွေးက မထွက်တော့တဲ့အခါ ကိုယ်တွင်းအပူကို ငြိမ်းအောင် မလုပ်နိုင်တော့တဲ့အတွက် အပူတွေက ပိုပြီးတိုးလာမယ်။ အပူတွေ အရမ်းကြီးလာတဲ့အခါ နောက်ဆက်တွဲ အပူဒဏ်ကြောင့် တက်ခြင်း၊ သတိလစ်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။

ချွေးငုပ်တဲ့ လက္ခဏာကို ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ။

များသောအားဖြင့် ရောဂါတွေဟာ အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေတဲ့အတွက် ချွေးငုပ်တတ်ပါတယ်။ တခြား အရေပြားပြဿနာတွေ၊ မျိုးရိုးဗီဇလိုက်တာ၊ သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ချွေးငုပ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၁။ အာရုံကြောစနစ် ပျက်စီးခြင်း

ရောဂါတွေကြောင့် အာရုံကြောစနစ် ချို့ယွင်းလာတဲ့အခါ ကိုယ်ခန္ဓါက ချွေးကောင်းကောင်း မထုတ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါတွေထဲမှာ

  • ရှားပါးရောဂါတစ်မျိုးဖြစ်တဲ့ ချွေးမထွက်တဲ့ ရော့စ် ရောဂါ (Ross Syndrome)
  • ဆီးချိုေရာဂါ
  • အရက်စွဲလမ်းမှု ပြဿနာ
  • ပါကင်ဆန်ေရာဂါ (Parkinson’s Disease)
  • ကိုယ်တွင်း ကြွက်သားကျုံ့တဲ့ရောဂါ (Multiple System Atrophy)
  • အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ အမိုင်လွိုက် ပရိုတင်း (Amyloid) တွေ ကိုယ်တွင်းအင်္ဂါထဲ စုနေတဲ့ ရောဂါ (Amyloidosis)
  • အဆုတ်ဆဲလ်ကင်ဆာ
  • မျက်နှာနဲ့ မျက်လုံးအတွင်း သွေးကြောတွေ ပျက်စီးစေတဲ့ အာရုံကြောရောဂါ (Horner Syndrome) တွေ ပါဝင်နေပါတယ်။

၂။ အရေပြားပြဿနာတွေ

မီးလောင်တာ၊ အပူလောင်ခံရပြီးနောက်မှာ အရေပြားတွင်းမှာ ရှိတဲ့ ချွေးဂလန်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့အတွက်ကြောင့် ကောင်းစွာ အလုပ်မလုပ်တော့တာမျိုးတွေလည်း ရှိပါတယ်။ တခြားပြဿနာအနေနဲ့ ဓါတ်ရောင်ခြည်သင့်တာ၊ အရေပြားထဲ ရောဂါပိုးဝင်တာ၊ အရေပြားရောင်ရမ်းတာ၊ အသားခြောက်ပြီး ကွာကျတဲ့ ရောဂါ (Psoriasis) ၊ ကိုယ်ခံအားစနစ်က အရေပြား ချိတ်ဆက်တစ်သျှူးတွေကို မှားယွင်းပြီး တိုက်ခိုက်တဲ့ရောဂါ (Scleroderma) စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကြောင့်လည်း ချွေးငုပ်နိုင်ပါတယ်။

၃။ သောက်ဆေးတွေကြောင့်

တချို့သော ဆေးဝါးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ချွေးထွက်နည်းသွားတာအပြင် လည်ချောင်းနာတာ၊ ခံတွင်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။

၄။ မျိုးရိုးဗီဇ

ချွေဂလန်းတွေ အလိုအလျောက်ပျက်စီးနေတဲ့ မိဘမျိုးရိုးက မွေးလာတဲ့ ကလေးဆီ ပါလာတာပါ။ မွေးလာကတည်းက ကလေးမှာ ချွေးဂလန်း နည်းနည်းပဲ ပါလာတာ၊ ဒါမှမဟုတ် လုံးဝမပါလာတာမျိုးတွေလည်း ရှိပါတယ်။

ချွေးငုပ်ခြင်းကို သိစေတဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

၁။ တခြားလူတွေ ရာသီဥတုဒဏ်ကြောင့် ချွေးအလွန်အကျွံထွက်နေချိန် ကိုယ်က ချွေးလုံးဝမထွက်တာ

၂။ ခေါင်းက မူးဝေနေတာ

၃။ ကြွက်သားတွေ အားမရှိတာ သို့မဟုတ် ကြွက်တက်တာ

၄။ ကိုယ်တွင်းအပူရှိန်ကြောင့် မျက်နှာက နီရဲနေတာ

၅။ တစ်ကိုယ်လုံး ပူစပ်ပူလောင် ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

တချို့လူတွေမှာတော့ အားကစားလုပ်ပြီး ချွေးလုံးဝမထွက်ဘဲ တစ်ကိုယ်လုံးပူလောင်နေတဲ့ အချိန်ကလွဲရင် တခြားလက္ခဏာတွေ မတွေ့ရတာမျိုးလည်း ရှိပါတယ်။ လူတိုင်းက ချွေးထွက်နေပြီး ကိုယ်တစ်ယောက်တည်း ချွေးမထွက်တာဆိုရင်တော့ သင့်မှာ ဒီပြဿနာရှိတယ်ဆိုတာ သေချာပါပြီ။

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ကုသသင့်ပြီလဲ။

ရာသီဥတုက ဘယ်လောက်ပူပူ ကိုယ်က ချွေးလုံးဝမထွက်ဘူးဆိုတာ သိပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေကို စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်ကနေ ပူနေတဲ့အချိန် ချွေးဘယ်လောက်ထွက်သလဲ၊ ကိုယ်ခန္ဓါရဲ့ ဘယ်အစိတ်အပိုင်းက ချွေးထွက်တာလဲ အစရှိသည်တို့ကို စစ်ဆေးခြင်း၊ ပုံမှန်လူတွေမှာ ချွေးထွက်စေလောက်တဲ့ အပူခန်းအတွင်းမှာ ဝင်စေပြီး စမ်းသပ်ခြင်း၊ အရေပြားဆဲလ်တချို့ကို အနုကြည့်မှန်ပြောင်းအောက်မှာ ဓါတ်ခွဲစစ်ဆေးခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ စတင်စစ်ဆေးမှာပါ။

ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုတည်းကသာ ချွေးငုပ်တာဆိုရင်တော့ သိပ်ပြီး ပြဿနာမရှိတဲ့အပြင် ကုသဖို့လည်း မလိုအပ်ဘူးလို့ ဆိုနိုင်ပါတယ်။ တခြားရောဂါအခံကြောင့် ချွေးငုပ်တာဆိုရင်တော့ ရောဂါကို အမြစ်ပြတ်အောင် ကုသဖို့၊ ထိန်းချုပ်ကုသဖို့ လိုအပ်ပါတယ်။ သောက်ဆေးတွေကြောင့် ဖြစ်တာဆိုရင်တော့ ဆရာဝန်အနေနဲ့ တခြားဆေးကို ပြောင်းပြီးညွှန်းပေးတာ သို့မဟုတ် ဆေးကို လျှော့သောက်ဖို့ ပြောပါလိမ့်မယ်။

ဒီလက္ခဏာမဖြစ်အောင် ကာကွယ်လို့ ရလား။

ချွေးငုပ်တဲ့ ပြဿနာဆိုတာ ကာကွယ်လို့ ရတဲ့ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ဒီလက္ခဏာရှိတယ်ဆိုတာ သေချာပြီဆိုရင်တော့ ကိုယ်တွင်းအပူမကြီးစေဖို့ လုပ်လို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။

၁။ ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်တွေကို ဝတ်ဆင်ပေးရပါမယ်။

၂။ အကျီၤအရောင်ကို အရောင်တောက်တာ၊ အမည်းရောင်တွေထက် နေရောင်ခြည်ကို ကာထုတ်ပေးနိုင်တဲ့ အရောင်ဖျော့ဖျော့လေးတွေ ဝတ်ပေးတာပိုကောင်းပါတယ်။

၃။ ပူနေတဲ့အချိန်ဆိုရင် အဝတ်အစားတွေ အများကြီး မဝတ်ပါနဲ့။

၄။ တတ်နိုင်ရင် ပူလွန်းတဲ့နေ့တွေမှာ အိမ်ထဲမှာပဲ နေပါ။

၅။ ချွေးမထွက်တာကြောင့် ကိုယ်တွင်းမှာ ငုပ်နေတဲ့အပူတွေကို ကျစေဖို့ အပြင်ကနေ ယပ်တောင်ခပ်ပေးတာ၊ ရေများများသောက်တာ၊ အရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာဖြစ်ဖြစ် လုပ်ပေးလို့ ရပါတယ်။

ချွေးငုပ်တယ်ဆိုတာ မကုသဘဲ ပစ်ထားလိုက်ရင် အချိန်ကြာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့် အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိတယ်ဆိုတာ သေချာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပေးလိုက်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နွေရာသီမှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အသားအရည် နွေရာသီ နေလောင်ဒဏ် နေလောင်ကာကွယ်ဆေး antioxidants ဗီတာမင် C အရေးအကြောင်း ခရမ်းလွန်ရောင်ခြည် အိုမင်းရင့်ရော် အရေပြားတင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

နွေရာသီ အပူဒဏ် ရေဓါတ်ဆုံးရှုံး အပူလျှပ် လေ့ကျင့်ခန်းလုပ် ခန္ဓာကိုယ်အပူချိန် ချွေးတွေအများကြီးထွက် ဓာတ်ဆားရည် ကြွက်တက် နေရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ရေနွေး သံပုရာရည် ရေနွေးကြမ်း သဘာဝပစ္စည်း နာကျင်မှုဝေဒနာ ကျောက်ကပ် အသည်း green tea ရေဆာရင် နွေရာသီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ကြမယ်။

ခရမ်းလွန်ရောင်ခြည် အရေပြား Ultraviolet Radiation အရေပြားကင်ဆာ အရေးကြောင်း နွေရာသီ sunscreen sun protection factor နေကာမျက်မှန် အပူလျှပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020 . 2 mins read
နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020 . 2 mins read