သင့်အနေနဲ့ သင့်ရဲ့နေ့ရက်တိုင်းကို ပျော်ချင်တယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေတတ်သူတွေကို မဖြစ်မနေဖယ်ထုတ်ဖို့ လိုပါမယ်။ သင့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့သူတွေ၊ သင့်ကို တကယ်လိုလားသူတွေကိုပဲ ထားတာက သင့်အတွက် စိတ်ခွန်အားရရှိစေနိုင်သလို ပျော်ရွှင်မှုတွေကို ခံစားရလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တိုးစေမှာပါ။
သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေ သူတွေက သင့်ကို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေနဲ့ စိတ်ထိခိုက်စရာတွေကိုပဲ ပေးတာကြောင့် ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုချစ်ခင်တဲ့ သင့်ပတ်ဝန်းကျင်က လူတွေကတော့ သင့်မျက်နှာမှာ အမြဲအပြုံးဝေနေစေနိုင်သလို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေမှာပါ။ လုပ်ငန်းခွင်မှာရော နေ့စဉ်လူနေမှုဘဝမှာပါ ယုံကြည်မှုပြည့်ဝစွာနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းလုပ်ဆောင်နိုင်စေမှာပါ။
နေ့ရက်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ယုံကြည်မှုရှိရှိဖြတ်သန်းချင်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်က အဆိပ်အတောက်ဖြစ်စေသူတွေကို ရှောင်ရှားလို့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်လေးကို ဖန်တီးထားပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကြောင့် စိတ်ဖိစီးမှုက ရေရှည်မှာ နေထိုင်စားသောက်မှုပုံစံတွေကို ထိခိုက်လာစေနိုင်သလို လူမှုပေါင်းသင်းဆက်ဆံရေးကို ပါထိခိုက်လာစေနိုင်ပါတယ်။
ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင်စောင့်ရှောက်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ကိုအမြဲစိတ်ဒုက္ခပေးနေသူတွေကို ခပ်ကင်းကင်းနေပါ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အဆင့်ရောက်လာပြီဆိုရင်တော့ ခဏတာခံစားရမယ့် နာကျင်မှုကိုမကြည့်ဘဲ ရေရှည်နာကျင်မှုမဖြစ်စေဖို့ မဖြစ်မနေလျစ်လျူရှုနိုင်ဖို့ ကြိုးစားပါ။ စစချင်းမှာ ခက်ခဲနိုင်ပေမယ့် ရေရှည်မှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာမှုအတွက်ပါ အကျိုးများတာကိုတွေ့ရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။