backup og meta

လည်ချောင်းနာဝေဒနာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာဝေဒနာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းအချို့

    လည်ချောင်းနာဖူးလား။ မနားဖူးဘူးတဲ့လူတော့မရှိလောက်ဘူးလေနော်။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလို ပူစပ်ပူလောင်ကြီးဖြစ်ပြီး ဘာစားစားအဆင်မပြေပါဘူး။ စကားပြောရတာတောင် အခက်အခဲဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာက တစ်ခါတလေမှာ အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး အပေါင်းအဖော်တွေနဲ့အတူတူလာတတ်ပါသေးတယ်။ လည်ချောင်းနာတဲ့ဝေဒနာက ခံရခက်လွန်းလို့ ဘယ်သူမှတော့ ကြာကြာရှည်ရှည်ရောဂါမွေးမထားချင်လောက်ပါဘူး။ ဒီတော့ လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေပြောပြမယ်ဆိုရင် စိတ်ဝင်စားကြလား။

    လည်ချောင်းနာတဲ့အခါ

    လည်ချောင်းနာတဲ့အခါ အခန့်မသင့်ရင်ခေါင်းတောင်ကိုက်လာတတ်ပါသေးတယ်။ ဒီလိုဖြစ်တဲ့အခါ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်ရောလေ။ ဒီပြဿနာတွေကကင်းဝေးဖို့ဆိုရင် –

    ကောင်းကောင်းအနားယူပါ – လည်ချောင်းနာတဲ့အခါ ခန္ဓါကိုယ်ကိုပြည့်ပြည့်ဝဝအနားယူပေးပါ။ တတ်နိုင်သမျှစကားနည်းနည်းပဲပြောပါ။

    ရေများများသောက်ပါ -ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓါကိုယ်အတွက်ရေဓါတ်ရရှိစေမယ့်သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေလက်ဖက်ရည်တွေတာ့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။

    ရေနွေးကြမ်းသောက်ပါ -ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာ၊ရေကျက်အေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်နဲ့သံပရာရည်တစ်စက်နှစ်စက်လောက်ထည့်ပြီးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။

    ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းနဲ့လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ ခပ်နွေးနွေးအခြေအနေမှာ အာလုပ်ကျင်းပေးပါ။ လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။နေအိမ်မှာ ခံတွင်းသန့်ဆေးရည် အလွယ်တကူရှိမယ်ဆိုရင်လည်း ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းသန့်ဆေးရည်က လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်သလို ခံတွင်းအနာနဲ့ သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက်ပါ အသုံးပြုလို့ရပါတယ်။

    အစိုဓါတ်ထိန်းကိရိယာဖွင့်ထားပေးပါအစိုဓါတ်ရှိတဲ့ ပတ်ဝန်းကျင်က လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ကိုယ်ရှိနေတဲ့အခန်းထဲမှာ အစိုဓါတ်ထိန်းကိရိယာလေးဖွင့်ထားပေးဖို့ မမေ့ပါနဲ့။

    ရေနွေးနဲ့ရေချိုးပေးပါ – လည်ချောင်းနာတဲ့အခါရေနွေးနဲ့ရေချိုးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒီလိုရေချိုးပေးတာက လည်ချောင်းအတွင်းနံရံတွေရောင်ရမ်းတာကိုလျော့ပါးသက်သာစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ရေနွေးကအရမ်းပူဖို့တော့မလိုပါဘူး။ ဒါပေမယ့်ရေနွေးငွေ့လေးတွေထွက်နေဖို့တော့လိုပါမယ်။

    မီးဖိုချောင်ထဲကပစ္စည်းတွေ အသုံးပြုနိုင်ပါတယ် –လည်ချောင်းနာတဲ့အခါ အိမ်ရဲ့ ဖီးဖိုခန်းထဲမှာ အလွယ်တကူရရှိနိုင်တဲ့အရာတွေကို အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။ ဥပမာပြောပြရရင်ရေထဲကို ပန်းသီးရှာလကာရည်ထည့်ပြီး အာလုပ်ကျင်းပေးတာ၊ ကြက်သွန်ဖြူများများပါတဲ့ ဟင်းခါးသောက်တာ၊ ပျားရည်သောက်တာလိုမျိုးအိမ်တွင်းဆေးဝါးတွေကို အသုံးပြုပေးတာကလည်ဘေးဥပါဒ်ကင်းကင်းနဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။

    ဒီနည်းလမ်းတွေသုံးပြီး လည်ချောင်းနာတာကို ခပ်ဝေးဝေးကိုမောင်းထုတ်လိုက်ပါနော်……

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement