ပြီးခဲ့တဲ့ အင်္ဂါနေ့ (၇.၇.၂၀၂၀)က WHOက ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက တဆင့် ကူးနိုင်တယ်ဆိုတာ အသိအမှတ်ပြုခဲ့ပါတယ်။ သိပ္ပံပညာရှင်ပေါင်း ၂၃၀က လက်မှတ်ထိုးပြီး WHOကို ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးနိုင်တဲ့အတွက် ကာကွယ်ရေး guidelinesတွေ ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပါတယ်။ WHOရဲ့ အရင်က ထုတ်ပြန်ချက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးနိုင်တယ်လို့ ဖော်ပြချက်မရှိသေးပါဘူး။