နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 14, 2020 . 2 mins read
Share now

နမိုးနီးယား (Pneumonia) လို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ အဆုတ်ကို ရောဂါပိုး ကူးစက်ခံရပြီး အအေးမိ၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့ ဝေဒနာတစ်မျိုးပေါ့။

ရာသီဥတုအပြောင်းအလဲကာလတွေမှာ အဖြစ်များပေမယ့် တကယ်တမ်းအားဖြင့်တော့ အဆုတ်ကို ပိုးဝင်ခြင်းတစ်မျိုးပါ။ အဆုတ် ဘယ်ခြမ်း (သို့) ညာခြမ်း (သို့) နှစ်ခုစလုံးကိုပိုးဝင်ပြီး ရုတ်တရတ်ပြင်းထန် ပိုးကူးစက်ခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။

နမိုးနီးယားဖြစ်စေတဲ့ ရောဂါပိုးတွေက အများကြီးရှိပါတယ်။ ဘက်တီးရီးယားတွေရော ဗိုင်းရပ်စ်တွေရောပါ။ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ လူတိုင်းနီးပါး ဒီဝေဒနာကို ခံစားဖူးကြပါတယ်။ ကလေးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆုတ်ပွ၊ ပန်းနာရင်ကျပ်စတဲ့ နာတာရှည်အဆုတ်ရောဂါတစ်မျိုးမျိုးရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

နမိုးနီးယား ဘယ်နှစ်မျိုးရှိသလဲ

အကြမ်းဖျဉ်းအားဖြင့် နမိုးနီးယားလို့ ခြုံငုံပြောဆိုနေပေမယ့် နမိုးနီးယားမှာ အမျိုးအစား အများအပြားရှိပါတယ်။ နမိုးနီးယားရောဂါကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါတယ်။

  • Infectious pneumonia – ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစတာတွေ ကူးစက်မှုကြောင့်ဖြစ်တဲ့ နမိုးနီးယား အမျိုးအစားပါ။ အဖြစ်များအမျိုးအစားလို့ ဆိုရပါမယ်။
  • Chemical pneumonia – ကလိုရင်း၊ ဓာတ်ဆီစတာတွေကို ရှူရှိူက်မိတာကြောင့် ခံစားရတဲ့ နမိုးနီးယားအမျိုးအစားပါ။ ဒီနမိုးနီးယားအမျိုးအစားက ပိုးကူးစက်မှုကြောင့်မဟုတ်ပါဘူး။
  • Traumatic pneumonia – ရင်ဘတ်၊ အရှိုက်၊ အဆုတ်စတဲ့နေရာတွေကို ပြင်းထန်စွာထိခိုက်မိတာကြောင့်ဖြစ်တဲ့ နမိုးနီယားရောဂါဖြစ်ပါတယ်။
  • Walking pneumonia – သာမန်နမိုးနီးယားလို့ ခေါ်ပါတယ်။ Walking pneumonia လို့ ပြောကြတာက မပြင်းထန်လို့ လူနာက ဆရာဝန်ဆီလမ်းလျှောက်သွားနိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ Atypical pneumonia လို့လည်း ခေါ်ကြပါတယ်။
  • Double pneumonia – နှစ်ဆပိုဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ အဆုတ်ရဲ့ဘယ်ဘက်ခြမ်းမှာရော ညာဘက်ခြမ်းမှာပါ ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပြင်းထန်တဲ့ နမိုးနီးယားတစ်မျိုးဖြစ်ပြီးတော့ COVID-19 ဝေဒနာပျောက်ကင်းသွားသူတစ်ချို့ဟာ ကိုဗစ်ပိုးကင်းစင်သွားပြီးနောက်မှာ Double pneumonia ဝေဒနာ ခံစားရလေ့ရှိပါတယ်။
  • Lobar pneumonia – အဆုတ်အတွင်းက Lobe မှာဖြစ်ပေါ်တဲ့ နမိုးနီးယားပါ။ ပြင်းထန်တဲ့အမျိုးအစားဖြစ်ပါတယ်။
  • Aspiration pneumonia – ဒီနမိုးနီးယား အမျိုးအစားကတော့ အော့အန်တာ၊ တံတွေး ဒါမှမဟုတ် ဂတ်စ်များတဲ့အစာတွေကို စားမိတာတွေကြောင့်ဖြစ်တဲ့ အမျိုးအစားပါ။ ဓာတုပစ္စည်းတွေနဲ့ ရောဂါပိုးကူးစက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

အဖြစ်များတဲ့ နမိုးနီးယားကို ကာကွယ်နိုင်သလား

လူတိုင်း နမိုးနီးယားဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး အခြေအနေမရွေးပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 သောင်းကျန်းနေတဲ့ ခုလိုအချိန်မှာ အဆုတ်ရောင်ရောဂါ နမိုးနီးယားကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

နမိုးနီးယားရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ဖြစ်လည်းဖြစ်လွယ်တာမို့ မဖြစ်ခင်ကတည်းက ကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက နမိုးနီးယားဟာ ကာကွယ်ဆေးမရှိဘူးဆိုတာပါပဲ။ ဒါကြောင့်ဖြစ်နိုင်ခြေနည်းအောင် ကာကွယ်လို့ပဲရမှာပါ။

ဒီနည်းလမ်းတွေက နမိုးနီးယားလို့ခေါ်တဲ့ အဆုပ်ရောင်ရောဂါဖြစ်မလာအောင် အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်ဖို့ Mask တွေတပ်ဆင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာနတွေက တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

Covid-19 Mask Swab Test ဗိုင်းရပ်စ် ကပ်ဘေး ကပ်ရောဂါ ချောင်းဆိုး ချောင်းခြောက် အသက်ရှူကြပ် အနံ့ အရသာ ကိုယ်ခံအား ရောဂါပိုး လက္ခဏာ အဆုတ် အသက်ကြီးသူ မိသားစု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကွာရန်တင်းဝင်ပဲ ဝင်ပါစေ၊ စိတ်မထိခိုက်ပါစေနဲ့

ပိုးရှိသူတွေနဲ့ ထိစပ်မိသူတွေဟာ သတ်မှတ်နေရာတွေမှာ ရောဂါပိုးစစ်ဆေးမှုအဖြေ Negative ဖြစ်ချိန်အထိ နေထိုင်ရတာကို ကွာရန်တင်းဝင်တယ်လို့ဆိုတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ရေကူးပြီးမှ အရေပြားယားယံလာတယ်ဆိုတာ…

ရေကူး အရေပြား ယားယံ ရေကူးကန် အင်ပျဉ် ဓာတ်မတည့် ကလိုရင်း အသားအရေ ဓာတုဗေဒပစ္စည်း အဖုအပိမ့် သန့်ရှင်းမှု ဘက်တီးရီးယား ကပ်ပါးပိုးမွှား ရေချိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read

အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read

နေအိမ်မှာအလုပ်လုပ်ခြင်းကို အကောင်းဘက်က ရှုမြင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read