ခေါင်းမူးတာနဲ့ခေါင်းကိုက်တာ ဘာကွာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရာသီဥတုေကြာင့်လား၊ အစားအသောက်ကြောင့်လားမသိဘူး။ခေါင်းထဲမှာ တစ်မျိုးကြီးပဲဖြစ်တယ်ဆိုတာက တစ်နေ့တာမှာ လူတိုင်းလိုလို ညည်းတွားမိတဲ့ စကားတစ်ခွန်းပါနော်။ခေါင်းထဲကတစ်မျိုးကြီးဆိုတိုင်းခေါင်းကိုက်တာမဟုတ်ပါဘူး။ တစ်ခါတလေမှာခေါင်းမူးနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ခွဲခွဲခြားခြားသိမှလည်း လိုအပ်တဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ခေါင်းကိုက်တာလား၊ခေါင်းမူးတာလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အတူတူခွဲကြည့်ရအောင်လား။

ခေါင်းကိုက်တယ်ဆိုတာ

ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်တောင့်သက်သာမရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေနာသလိုမျိုးလည်းခံစားရနိုင်ပါတယ်။ခေါင်းကိုက်တဲ့အခါခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့်ခေါင်းကိုက်နိုင်ပါတယ်

ခေါင်းမူးတယ်ဆိုတာ

ခေါင်းမူးတယ်ဆိုတာကခေါင်းကိုက်တာနဲ့မတူပါဘူး။ခေါင်းမူးတဲ့အခါခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်နေသလိုခံစားရတာမျိုး။ ကိုယ့်ကိုကိုယ် ဟန်ချက်ထိန်းရခက်တာမျိုးတွေခံစားရနိုင်ပါတယ်။ ပတ်ဝန်းကျင်က ချာချာလည်နေတာမျိုးခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့်ခေါင်းမူးနိုင်ပါတယ်

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ

အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ခေါင်းကိုက်တာ၊ခေါင်းမူးတာတွေက သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်နေတာဖြစ်နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ပြသသင့်ပါတယ်။

ခေါင်းကိုက်တာ၊ခေါင်းမူးတာနဲ့အတူ

  • စကားတွေ ပလုံးပထွေးပြောမယ်
  • အာရုံတွေရှုပ်ထွေးလာမယ်
  • ညီးစီစီဖြစ်မယ်
  • အဖျားတက်မယ်
  • ဇက်ကြောကြီးက တင်းနေမယ်
  • ၂၄ နာရီကျော်တဲ့အထိ အန်နေမယ်
  • သတိလစ်မယ်
  • ၈ နာရီတိုင်ဆီးလုံးဝမသွားဘဲဖြစ်နေမယ်
  • အမြင်အာရုံတွေ ဝေဝါးလာမယ်
  • အကြားအာရုံထိခိုက်လာမယ်
  • ရင်ဘတ်ထဲကအောင့်မယ်
  • အဆက်မပြတ်အန်နေမယ်
  • မျက်လုံးတွေ ပိတ်ကျလာမယ်၊ ပါးစပ်တွေလေးလာမယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်နော်။

ဘယ်လိုကာကွယ်မလဲ

ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာတွေဖြစ်တာကနေ ကာကွယ်ဖို့ ဒီအလေ့အကျင့်လေးတွေကို ပျိုးထောင်သင့်ပါတယ်။

  • အိပ်ရေးဝဝအိပ်ပါ
  • ရေဓါတ်ြပည့်ဝအောင်နေပါ
  • အာဟာရမျှတအောင်စားသုံးပါ
  • ကဖင်းနဲ့အယ်လ်ကိုဟောေတွကို အလွန်အကျွံမစားသုံးပါနဲ့
  • လက်ကိုပုံမှန်ဆေးကြောပြီး ကူးစက်ရောဂါပိုးတွေအန္တရာယ်ကို ကာကွယ်ပါ။

ခေါင်းမှာထိခိုက်မိထားတာကြောင့်လည်းခေါင်းမူးတာမျိုးဖြစ်နိုင်တာကြောင့်ခေါင်းမှာထိခိုက်ထားဖူးတဲ့သူတွေအနေနဲ့ခေါင်းမူးတယ်ဆိုရင်မြန်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ

အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေပါ ခံစားရစေတာပါ။ ရုပ်ပိုင်းကိစ္စတွေထဲမှာ မျက်နှာလှလှလေးလည်း ပါဝင်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
စိတ်ကျန်းမာရေး, အလှအပ စက်တင်ဘာ 30, 2020 . 2 mins read

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသားဟာ သွေးတိုး၊ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၇% ထိ လျော့ကျစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 3 mins read
ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2020 . 2 mins read
ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 3 mins read