ဗီတာမင် D အကြောင်းတစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 22, 2020 . 2 mins read
Share now

ဗီတာမင် D ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပေးတဲ့ ဗီတာမင် တစ်ခုပေါ့။ နေရောင်ခြည်ကပေးတဲ့ ဗီတာမင်လို့လည်းခေါ်ကြပါတယ်။ ဗီတာမင် D ကို အခြားဗီတာမင်တွေလိုမျိုး အစားအသောက်တွေကနေတဆင့်ရရှိနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ အရေပြားကို နေရောင်နဲ့ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်ပြီး ဗီတာမင် D ထွက်လာတာပါ။

ဗီတာမင် D ဆိုတာ

ဗီတာမင် D ကအမည်ကသာ ဗီတာမင် D တကယ်တော့ pro-hormone ပါ။ ဗီတာမင် စစ်စစ်ကြီးမဟုတ်ပါဘူး။ ဗီတာမင်ဆိုတာက အာဟာရဓာတ်တွေပါ။ ခန္ဓာကိုယ်က မထုတ်နိုင်ပါဘူး။ အာဟာရတွေကနေတဆင့် ရယူရတာပါ။ ဗီတာမင် D ကတော့နေရောင်နဲ့ အရေပြားထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ၅ မိနစ်ကနေ ၁၀ မိနစ်လောက်နေရောင်ခြည်နဲ့ထိတွေ့ပေးမယ်ဆိုရင် လုံလောက်တဲ့ ဗီတာမင် D ပမာဏကိုရရှိစေမှာပါ။ အထူးသဖြင့်တော့ဆောင်းရာသီမှာ ဗီတာမင် Dလျော့နည်းတတ်ပါတယ်။ အစားအစာတွေကနေတဆင့် ဗီတာမင် D ကိုရရှိနိုင်သလို နေရောင်ခြည်ကနေလည်း ဗီတာမင် D ကိုရရှိနိုင်ပါတယ်။

ဗီတာမင် D နည်းရင်ဘာတွေဖြစ်နိုင်လဲ

ဗီတာမင် D ကခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ အရိုးတွေသွားတွေ ကြံ့ခိုင်စေဖို့အပါအဝင် ကင်ဆာအမျိုးအစား ၁ ဆီးချိုရောဂါ နဲ့ Multiple sclerosis (အာရုံကြော ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု စကားပြောဆိုမှု မထိန်းနိုင်သည့်ရောဂါ) တို့လိုမျိုးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် D မလုံလောက်တဲ့အခါ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ခန္ဓာကိုယ်ကကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။ ဗီတာမင် D မလုံလောက်တဲ့အခါ ကလေးတွေမှာ အရိုးပျော့ရောဂါဖြစ်နိုင်သလို အရိုးပွတာနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်ဆောင်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။

ဗီတာမင် D နည်းပါးလာတဲ့အခါ ရင်သားကင်ဆာအူမကြီး ကင်ဆာဆီးကျိတ်ကင်ဆာ၊ နှလုံးရောဂါ၊ စိတ်ကျဝေဒနာကိုယ်အလေးချိန် တက်လာတာ နဲ့ အခြားသောရောဂါတွေကို ခံစားရနိုင်ပါတယ်။ အရိုးပွတာ၊ တုပ်ကွေးဖြစ်တာ၊ နာတာရှည်နာကျင်မှုဝေဒနာ၊သွေးတိုးရောဂါတွေ ခံစားရနိုင်ခြေလည်း ပိုများနေပါတယ်။

ဗီတာမင် D က ခန္ဓာကိုယ်ကို ဒီလိုအထောက်အကူပြုပေးပါတယ်

ဗီတာမင် D က ခန္ဓာကိုယ်ကို အများကြီးအထောက်အပံ့ပေးပါတယ်။

  • အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။
  • ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။
  • ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်။
  • အင်ဆူလင် ပမာဏကို ထိန်းချုပ်နိုင်ပြီး ဆီးချိုထိန်းညှိရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။
  • အဆုတ်ကျန်းမာစေနိုင်တယ်။
  • နှလုံးကျန်းမာစေနိုင်တယ်။
  • ကင်ဆာအပါအဝင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
  • ဆီးချိုကာကွယ်ပေးနိုင်တယ်။
  • အရိုးပွရောဂါကို ကာကွယ်ပေးနိုင်တယ်။
  • တုပ်ကွေးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။
  • ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာစေနိုင်တယ်။
  • သန္ဓေသားကို ကျန်းမာသန်စွမ်းစေနိုင်တယ်။

အသက်အရွယ်အလိုက်လိုအပ်မယ့် ဗီတာမင် D ပမာဏ

အသက်အရွယ်ကိုလိုက်ပြီး ဗီတာမင် D လိုအပ်မှု ပမာဏ ကွာခြားနိုင်ပါတယ်။

  • မွေးကင်းစကနေ ၁ နှစ်အရွယ်အထိ ၁၀ မိုက်ခရိုဂရမ်
  • အသက် ၁ နှစ် ကနေ ၁၈ နှစ်အရွယ် ၁၅ မိုက်ခရိုဂရမ်
  • ၁၈ နှစ်ကနေ အသက် ၇၀ နှစ်အရွယ် ၁၅ မိုက်ခရိုဂရမ်
  • အသက် ၇၀ အထက် ၂၀ မိုက်ခရိုဂရမ်
  • ကိုယ်ဝန်ဆောင်မိခင် ၁၅ မိုက်ခရိုဂရမ် လိုအပ်မှာပါ။

ဒီအချက်တွေကြောင့် ဗီတာမင် D ချို့တဲ့နိုင်ပါတယ်

ဗီတာမင် D ကို လုံလောက်တဲ့ ပမာဏရရှိအောင် မစားသုံးတာ

  • နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတာ
  • အသားအရေ အရမ်းအရောင်ရင့်တာ
  • ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နိုင်တာ
  • အစာခြေလမ်းကြောင်း ဗီတာမင် D ကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တာတွေကြောင့် ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။

ဒါတွေကနေ ဗီတာမင် D ကိုရရှိနိုင်ပါတယ်

ဗီတာမင် D ကိုအဓိကရရှိနိုင်တာကတော့နေရောင်ခြည်ပါ။နေရောင်ခြည် အပြင် ဒီအစားအစာတွေကနေတဆင့်လည်း ဗီတာမင် D ကိုရရှိနိုင်ပါတယ်။

  • ဆယ်လ်မွန်ငါး
  • ဆာဒင်းငါး
  • ကြက်ဥအနှစ်
  • ပုစွန်ဆိတ်
  • ဗီတာမင် Dဖြည့်စွက်ထားတဲ့ နို့
  • ဗီတာမင် Dဖြည့်စွက်ထားတဲ့ကွေကာအုတ်
  • ဗီတာမင် Dဖြည့်စွက်ထားတဲ့ ဒိန်ချဉ်
  • ဗီတာမင် Dဖြည့်စွက်ထားတဲ့ လိမ္မော်ရည်တွေကနေ ဗီတာမင် D ရရှိနိုင်ပါတယ်။

ဗီတာမင် D နည်းရင် ဘယ်လိုရောဂါတွေဖြစ်နိုင်မလဲ

  • အရိုးတွေ နာကျင်ကိုက်ခဲနိုင်တယ်
  • ကြွက်သားတွေအားနည်းနိုင်တယ်
  • သွေးပေါင်ချိန်ကျနိုင်တယ်
  • နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ပါတယ်
  • အာရုံကြောဆိုင်ရာရောဂါတွေခံစားရနိုင်ပါတယ်
  • ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ပါတယ်
  • ကင်ဆာရောဂါလိုမျိုး နာတာရှည်ရောဂါတွေခံစားရနိုင်ပါတယ်
  • ဆီးချိုရောဂါတွေခံစားရနိုင်ပါတယ်
  • အရိုးပွရောဂါ ခံစားရနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ အုန်းသီးကတင် စားလို့ရပြီး ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အုန်းလက်၊ အုန်းမြစ်တွေကရော ဘယ်လို ဆေးဖက်ဝင်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read