backup og meta

ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့  အသီး အတွဲအစပ်

    အသီး စားတယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီး ကြဖြစ်မှာပါ။ ဘယ် အသီး မဆို ကျန်းမာရေးနဲ့ အကုန်ညီညွတ်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အသီး တွေကို တစ်မျိုးတည်း မစားဘဲ ပေါင်းစားရင် ကျန်းမာရေးအတွက် ပိုပြီးကောင်းသွားတယ်ဆိုတာ သင်သိပါသလား။ ကဲ ဘယ်လို အသီး အတွဲ အစပ်တွေက သင့်အတွက် ပို အကျိုးရှိစေလဲဆိုတာ ကြည့်ရအောင်။

    ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အသီး – နာနတ်သီး + ချယ်ရီသီး + ဘလူးဘယ်ရီသီး။ 

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

    • ဗီတာမင် C ကြွယ်ဝပြီး bromelainပါလို့ နာနတ်သီးက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
    • ချယ်ရီသီးတို့ ဘလူးဘယ်ရီသီးတို့မှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်တဲ့ Anthocyanin ဟာ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းဖြစ်ပြီး ဗီတာမင် A,C,E တို့လည်း ကြွယ်ဝစွာပါတာကြောင့် သူတို့ အတွဲအစပ်ဟာ သင့်ကိုယ်တွင်းမှာ ဖြစ်တတ်တဲ့ ရောင်ရမ်းခြင်းတွေကို အကုန်သက်သာစေမှာပါ။

    ခုခံအားကို တက်စေတဲ့ ဂရိတ်ဖရု + ကီဝီသီး + စတော်ဘယ်ရီသီး။ 

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

    ခဏခဏ နေမကောင်းဖြစ်ပြီး တရှောင်ရှောင်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီ အတွဲအစပ်လေးဖြစ်တဲ့ ဂရိတ်ဖရု + ကီဝီသီး + စတော်ဘယ်ရီသီး တို့ကို ပေါင်းစားလိုက်ပါ။

    • အားလုံးမှာ ပါဝင်တဲ့ ဗီတာမင် C ကြောင့် သင့်ခုခံအားစနစ်ကြီး အားရှိလာမှာပါ။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေလည်း ပါဝင်လို့ ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို တိုက်ထုတ်ပေးဦးမှာပါ။ ဒါကြောင့် နှာစေး၊ ချောင်းဆိုး နေမကောင်းချင်သလို ဖြစ်နေရင်တာ့ ဒီ အတွဲလေးသာစားလိုက်။ ဘယ်ရောဂါမှ ဝင်နိုင်တော့မှာ မဟုတ်ဘူး။

    ဓာတ်တိုးဆန့်ကျင့်ပေးတဲ့ အသီး အုပ်စု – ကတွတ်သီး + စပျစ်သီးနီ + သလဲသီး။ 

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

    ဓာတ်တိုးဆန့်ကျင်ပေးတဲ့အုပ်စု ဆိုတော့ ကိုယ်တွင်း မကောင်းတဲ့ ဓာတုပစ္စည်းတွေကို တိုက်ထုတ်ပေးမယ်ဆိုတာကိုတော့ ပြောစရာ မလိုပါဘူး။

    • ဝိုင်ဆိုတာ အသင့်အတင့်သောက်ရင် နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေတယ်ဆိုတာ အားလုံး သိပြီးကြမှာပါ။ ဒီတော့ နာမည်ကြီး ဝိုင်တွေကိုဖန်တီးတဲ့နေရာမှာ သူမရှိလို့မဖြစ်တဲ့ စပျစ်သီးက သင့်နှလုံးနဲ့ သွေးလည်ပတ်မှုအတွက်ကောင်းစေတယ်ဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူးနော်။
    • အမြင်အာရုံအတွက် ကောင်းစေတဲ့ lutein လည်း ပါတာကြောင့် စပျစ်သီးနဲ့ ကတွတ်သီးက သင့်မျက်စိကို အထူးထောက်ပံ့ပေးမှာပါ။
    • သလဲသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက အသားအရေကို အိုမင်းရင့်ရော်စေတဲ့ ဓါတုပစ္စည်းတွေကို အဓိက တိုက်ထုတ်ပေးပါတယ်

    ကိုယ်တွင်း အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့ ဖရဲသီး + သံပရာသီး+ ဂေါ်ဂျီဘယ်ရီသီး။ 

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

    ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ဆို ဒီအစားအသောက်တွေလောက်ကောင်းတဲ့ အရာမရှိပါဘူး။

  • ဖရဲသီးနဲ့ အရင်စကြည့်ရအောင်။ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်တဲ့ ဒီဖရဲသီးမှာ ကိုယ်တွင်း အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့ glutathione ပါဝင်ပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာ ဆရာတစ်ဆူဖြစ်တဲ့ lycopene လည်း ပါဝင်တာကြောင့် ဖရဲသီးဟာ သင့်ကိုယ်တွင်းအဆိပ်အတောက်တွေကို အကုန်အစင်ဖယ်ရှားပေးမှာပါ။
  • ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အဆိပ်အတောက်တွေကို ပြေစေတဲ့ အာနိသင်ရှိတဲ့ သံပုရာသီး ကို ရေနွေးထဲ စိမ်ပြီးသောက်တဲ့ အလေ့အကျင့်ဟာ ကျန်းမာရေးအတွက် တကယ် အကျိုးရှိစေတဲ့ အကျင့်တစ်ခုပါ။
  • ဂေါ်ဂျီဘယ်ရီသီးကိုလည်း မေ့လို့မရသေးပါဘူး။ အရွယ်သာသေးပေမယ့် ဗီတာမင် A,B,C E တို့ ကြွယ်ဝစွာပါတဲ့အပြင် အဆိပ်အတောက်ဖယ်ရှားပေးဖို့ အသည်းက လိုအပ်တဲ့ choline လည်း သူ့မှာပါပါသေးတယ်။
  • အလှအပ အတွက် သခွားမွှေးသီး၊ + သင်္ဘောသီး + အနက်ရောင် ဘယ်ရီသီး။

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

    • သင်္ဘောသီးမှာ အသားအရေ ထိခိုက်ခြင်းကို အဓိက ကာကွယ်ပေးတဲ့ papainပါလို့ အိုမင်းရင့်ရော် ခြင်းကို ဆွဲဆန့်ထားနိုင်ပါတယ်။
    • ဗီတာမင် A နဲ့ C တို့ ကြွယ်ဝစွာပါတဲ့ အနက်ရောင်ဘယ်ရီသီးဟာ ဓာတ်တိုးဆန့်ကျင့်ပေးတဲ့အပြင် အိုမင်းရင့်ရော်လာခြင်းရဲ့ အဓိက တရားခံဖြစ်တဲ့ သကြားဓါတ်ပါဝင်မှု လည်း နည်းပါတယ်။
    • သခွားမွှေးမှာ ပါဝင်တဲ့ beta-carotene ဟာ ကိုယ်တွင်းမှာ ဗီတာမင် A အဖြစ်ပြောင်းလဲသွားပြီး အသားအရေ၊ မျက်လုံးနဲ့ ဆံသားကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုနေတဲ့ အရာတစ်ခုပါ။

    အားအင်ရှိစေဖို့ – ငှက်ပျောသီး + ထောပတ်သီး + ပန်းသီး။ 

    ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်

    ကိုယ်အလေးချိန် လည်း မတက်ချင်ဘူး၊ ဗိုက်လည်း အဆာမခံနိုင်ဘူးဆိုတဲ့ လူတွေ ဒီ အသီးအတွဲအစပ်ကို မမေ့သင့်ဘူးနော်။

    • ဗီတာမင် A ကြွယ်ဝစွာပါဝင်တဲ့ ပြီး မပြည့်ဝဆီ တွေနဲ့ ဖွဲ့စည်းထားတဲ့ ထောပတ်သီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး တစ်ခါစားပြီးတာနဲ့ ဗိုက်ပြည့်လွယ်ကာ သင့်ကို အားရှိစေမှာ အသေအချာပါ။
    • လေ့ကျင့်ခန်းလုပ်ပြီးတိုင်း စားပေးသင့်တဲ့ ငှက်ပျောသီးဟာ သင့်အတွက် အင်အားဖြည့်တင်းပေးတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။
    • ပန်းသီး တစ်လုံး နေ့တိုင်းစားပေးရင် ဆရာဝန်ဆီ သွားစရာမလိုဘူးတဲ့။ အမျှင်ဓာတ် လည်း ကြွယ်ဝစွာပါတာကြောင့် တစ်လုံးစားထားရုံနဲ့ သင့်ကို ဗိုက်ပြည့်စေမှာပါ။

    ဒါတွေကတော့ အသီး တွေကို ဘယ်လိုတွဲဖက်စားလိုက်ရင် ကောင်းကျိုးတွေ ဘယ်လိုရှိလဲဆိုတဲ့ အကြောင်းလေးတွေပါ။ တစ်လုံးတည်း စားတာထက်စာရင် ပေါင်းစားတော့ အသစ်အဆန်းလေးလည်းဖြစ်တာပေါ့နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement