backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Uric Acid Blood Test (သွေးတွင်း ယူရစ်အက်စစ် စစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Uric acid blood test (သွေးတွင်း ယူရစ်ခ်အက်စစ် စစ်ဆေးခြင်း) ဆိုတာဘာလဲ။

Uric acid blood test ကို သွေး sample အတွင်း uric acid ဘယ်လောက်ပါသလဲဆိုတာ စစ်ဆေးဖို့ အသုံးပြုပါတယ်။ သင်စားတဲ့အစားအသောက်တွေနဲ့ သဘာဝအတိုင်းခြေဖျက်တဲ့ နည်းတွေဟာ uric acid ကို ဖြစ်ပေါ်စေပါတယ်။

ကျောက်ကပ်တွေဟာ uric acid ကို စစ်ထုတ်တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ သူ့ကို ဆီးနဲ့ တခါတရံ ဝမ်းအတွင်းမှ ကိုယ်ခန္ဓါအပြင်ဘက်ကို စွန့်ထုတ်ပါတယ်။ ကျောက်ကပ်တွေ ပုံမှန်အတိုင်းအလုပ်မလုပ်တော့ရင် (သို့) uric acid ပမာဏ ထုတ်လုပ်မှုများလွန်းရင် Uric acid များနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်ခန္ဓါအတွင်း uric acid ပမာဏများခဲ့ရင် အဆစ်တွေကြားမှာ အခဲတွေဖြစ်ပေါ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုနာကျင်စေတဲ့အခြေအနေကို ဂေါက်ရောဂါလို့ ခေါ်ပါတယ်။ တကယ်လို့ ဂေါက်ရောဂါကို ကုသမှုမရှိဘူးဆိုရင် အခဲတွေဟာ အဆစ်တွေနဲ့ အနီးအနားမှာရှိတဲ့ တစ်ရှူးတွေမှာ ဖြစ်ပေါ်ပြီး trophi လို့ခေါ်တဲ့ သေးငယ်မာကျောတဲ့ ကျောက်အသေးစားတွေကို ဖြစ်စေပါတယ်။ Uric acid များခြင်းဟာ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Uric acid blood test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

တကယ်လို့ လူတစ်ယောက်မှာ uric acid ပမာဏများပြီး ဂေါက်ရောဂါလက္ခဏာတွေရှိခဲ့ရင် uric acid blood test ကို ပြုလုပ်နိုင်ပါတယ်။

ကင်ဆာဆေးသွင်းကုသမှု (သို့) ဓါတ်ရောင်ခြည်ကုသမှု ခံယူနေတဲ့ ကင်ဆာလူနာတွေမှာလည်း uric acid ပမာဏကို စိတ်ချရတဲ့ ပမာဏအတွင်း ထိန်းသိမ်းထားဖို့ ဒီစစ်ဆေးမှုကို ပြုလုပ်ကြပါတယ်။

လူတစ်ယောက်ဟာ လောလောဆယ် ကျောက်ကပ်ကျောက်တည်ခြင်း ရှိနေရင် (သို့) ဂေါက်ရောဂါရှိနေရင်၊ ဒီကျောက်ဖြစ်ပေါ်မှုကို စောင့်ကြည့်ရန်လိုအပ်ရင် uric acid blood test ကို ပြုလုပ်နိုင်ပါတယ်။

အချို့အခြေအနေတွေမှာ လူတစ်ယောက်ဟာ မကြာခဏ ပြန်ဖြစ်တဲ့ ကျောက်ကပ်ကျောက်တည်ခြင်း (သို့) ဂေါက်ရောဂါ ဖြစ်ခြင်းတွေ ရှိနေမယ်ဆိုရင်လည်း ကျောက်တည်ခြင်းကို စောင့်ကြည့်တဲ့ စစ်ဆေးမှုအဖြစ် ပြုလုပ်နိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Uric acid blood test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Uric acid blood test ဟာ လူတစ်ယောက်မှာ ဂေါက်ရောဂါ ရှိမရှိ စစ်ဆေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူတို့မှာ uric acid ပမာဏ များပြီး နာကျင်တဲ့ အဆစ်တွေရှိနေရင်တောင်မှ ဒါဟာ ဂေါက်ရောဂါနဲ့ ဆက်စပ်မှုမရှိတာမျိုး ဖြစ်နိုင်ပါတယ်။

Uric acid ကို ဆီးအတွင်းမှာလည်း တိုင်းတာနိုင်ပါတယ်။ ဆရာဝန်တွေက ဆီးကို ၂၄ နာရီ ခံခိုင်းထားပြီး Uric acid ပမာဏများခြင်းရဲ့ အကြောင်းရင်းတွေကို ရှာဖွေကာ uric acid ကို ကိုယ်ခန္ဓါမှ ထုတ်လုပ်မှုများခြင်းကြောင့်လား၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းလို့လားဆိုတာကို သိရှိအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Uric acid သွေးအတွင်းပမာဏကတော့ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲနိုင်ပါတယ်။ မနက်ပိုင်းမှာ များပြီး နေ့လည်ပိုင်းမှာ နည်းနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ တက်လာတဲ့ သွေးအတွင်း uric acid ပမာဏဟာ တကယ်လို့ ပုံမှန်အချိန်မှာ ပုံမှန်ပမာဏအတွင်းပဲ ရှိရင်တောင် ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဖေါ်ပြနိုင်ပါတယ်။

Uric acid blood test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ဒီစစ်ဆေးမှုရဲ့ ရလဒ်တွေကို အရက်၊ အခြားဆေးများ၊ ဗီတာမင်စီများခြင်း၊ X-rays ရိုက်စဉ် အသုံးပြုသော dyes တွေက မှားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမှားစေနိုင်တဲ့ အရာအကုန်လုံးကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။

စစ်ဆေးမှုမပြုလုပ်မီ စားခြင်း၊ သောက်ခြင်းတွေကို ရပ်တန့်ဖို့ ညွှန်ကြားနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Uric acid blood test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

  • လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ကြီးမားလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။
  • ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။
  • သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။
  • သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။
  • သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။
  • အပ်ဖယ်လိုက်ပြီး gauze pad (သို့) ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။
  • သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။

Uric acid blood test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သားရေကြိုးကို လက်မောင်းမှာပတ်ထားတာမို့ တင်းကျပ်မှုကို ခံစားရနိုင်ပါတယ်။

အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

အဖြေကိုသိရှိခြင်း

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

  • ပုံမှန်ပမာဏ

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။

အဖြေကို တစ်ရက်ကနေ နှစ်ရက်အတွင်း ရနိုင်ပါတယ်။

အချို့အခြေအနေတွေမှာ အထူးသဖြင့် အမျိုးသားတွေမှာ uric acid ပမာဏဟာ ပုံမှန်အပိုင်းအခြားအတွင်းမှာ ရှိနေပေမယ့် အဆစ်တွေအတွင်းမှာ uric acid crystalsတွေ ဖြစ်ပေါ်နိုင်ပြီး ဂေါက်ရောဂါထခြင်း ဖြစ်နိုင်ပါတယ်။

အခြေအနေ အတော်များများဟာ uric acid ပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။ သင့်ဆရာဝန်က သင့်လက္ခဏာတွေ၊ ပြီးခဲ့တဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်တဲ့ ပုံမှန်မဟုတ်တဲ့ အဖြေတွေအကြောင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

  • ပမာဏများခြင်း
  • Uric acid ပမာဏများခြင်းဟာ အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။

    • ကိုယ်ခန္ဓါမှ uric acid ထုတ်လုပ်မှုများခြင်း၊ စွန့်ပစ်မှု နည်းခြင်းနှင့်ပတ်သက်သော လူတစ်ဦးနှင့်တစ်ဦးကြား ကွာခြားချက်များ
    • ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း
    • အချို့ကင်ဆာ (သွေးကင်ဆာ၊ lymphoma၊ multiple myeloma) အစရှိတဲ့ ကင်ဆာအမျိုးအစားများ၊ ကင်ဆာရောဂါကုသမှုများ၊ haemolytic anemia၊ sickle cell anaemia၊ နှလုံးပျက်စီးခြင်းတို့ကြောင့် ကိုယ်ခန္ဓါ ဆဲလ်ပျက်စီးမှု များခြင်းများ
    • အခြားရောဂါတွေဖြစ်တဲ့ အရက်စွဲခြင်း၊ တက်ခြင်း၊ အသည်းခြောက်ခြင်း၊ အဝလွန်ခြင်း၊ psoriasis၊ hypothyroidism၊ parathyroid hormone ပမာဏ နည်းခြင်း
    • အစာမစားရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခဲဆိပ်သင့်ခြင်း
    • Lesch-Nyhan syndrome (မွေးရာပါရောဂါ)
    • ဆီးဆေးများ၊ ဗီတာမင်စီ၊ aspirin နည်းခြင်း၊ niacin၊ warfarin၊ cyclosporine၊ levodopa၊ tracrolimus နှင့် သွေးကင်ဆာ၊ lymphoma၊ တီဘီရောဂါ ကုသဆေးများ
    • Purine များစွာ ပါဝင်သော အသည်း၊ ဦးနှောက်အစရှိသော organ များ၊ အနီရောင်ရှိသော အသားများ (အမဲသား၊ သိုးသား)၊ ဒရယ်သား၊ ငါးသေတ္တာ၊ herring၊ scallops များ၊ ဘီယာသောက်ခြင်း
    • ပမာဏနည်းခြင်း

    Uric acid ပမာဏနည်းခြင်းဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

    • ပြင်းထန်သော အသည်းရောဂါ၊ Wilson’s disease (သို့) ကင်ဆာအမျိုးအစား အချို့
    • ကိုယ်ခန္ဓါအတွင်း အရည်များစွာ စုပြုံစေသော အခြေအနေတစ်ခုဖြစ်တဲ့ SIADH syndrome
    • ပရိုတင်းလုံလောက်စွာ မစားခြင်း
    • Sulfinpyrazone၊ aspirin များစွာ သောက်ခြင်း၊ probenecid၊ allopurinol

    ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Uric acid blood test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement