ဂေါ်ရခါးသီးလို့ပြောလိုက်ရင်ထွေထွေထူးထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ဂေါ်ရခါးသီးကို ကြက်ဥ၊ဘဲဥတွေနဲ့ရောကြော်ပြီးစားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်းချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ကြော်ပြီး အချဉ်လေးနဲ့ပဲတို့စားစား ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုကဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။
ဂေါ်ရခါးသီး
အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာစားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ရေဓါတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။
ဘာဓါတ်တွေပါလဲ
ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓါတ်တွေပါဝင်နေပါတယ်။
- ဗီတာမင် ဘီ
- ဗီတာမင် စီ
- ဖောလိတ်
- ဗီတာမင်
- နီကာဆင်
- သီရာမင်း
- ရေဓါတ်
- အမျှင်ဓါတ်
- ကယ်လ်ဆီယမ်
- ပိုတက်ဆီယမ်
- ပရိုတင်း
- ဗီတာမင် ဒီ တို့ပါဝင်နေပါတယ်။
ဂေါ်ရခါးသီးစားပေးရင် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ
ဂေါ်ရခါးသီးက စားကောင်းသလို အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။
ဝိတ်ကျစေတယ် – ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။
မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ် – ဗီတာမင်B complex၊ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓါတ်တွေပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင်မွေးလာမယ့် ကလေးမှာမွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရောကျစေနိုင်တယ် -ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့်သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။
သက်လုံကောင်းစေနိုင်တယ် –ပိုတက်ဆီယမ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုင်စေပါတယ်။
အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် – ဖလေဗာနွိုက်ပါဝင်တာကြောင့် ခန္ဓါကိုယ်နဲ့ အရေပြားဆဲလ်တွေကိုပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။
ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ် -လေ့လာတွေ့ရှိချက်တွေအရကျောက်ကပ်ကျောက်တည်နေသူတွေအနေနဲ့ဂေါ်ရခါးသီးစားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် – ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓါတ်များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။
သွေးတိုးကျစေနိုင်တယ် – ပိုတက်ဆီယမ်ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်ပါတယ်။သွေးတိုးရှိသူတွေ၊သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။
နှလုံးရောဂါကာကွယ်ပေးနိုင်တယ် –ဂေါ်ရခါးသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါ -သွေးတွင်းမှာသွေးနီဥဆဲလ်တွေနည်းနေတာကြောင့်သွေးအားနည်းရောဂါဖြစ်ရတာပါ။ဂေါ်ရခါးသီးမှာ သံဓါတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့်သွေးနီဥဆြလ်တွေကိုဖြစ်ပေါ်စေပြီးသွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။
ဂေါ်ရခါးသီးချိုချိုလေးကို အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ်ပြောင်းလဲလို့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်တင်းနိုင်ကြပါစေကြောင်း…..
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။