backup og meta

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

မြင်လိုက်တာနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှန်းသိသာတဲ့ ပန်းလေးတစ်မျိုးရှိပါတယ်နော်။ အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ ပန်းလေးတစ်မျိုးပါ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာမှ ပွင့်တတ်တဲ့ ပန်းကလေးပါနော်။ အပင်က အရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက် ပန်းလေးပါ။ တန်ခူးလမှာ ပွင့်တဲ့ ပန်းပိတောက်က ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်နော်။

ပိတောက်ပန်းဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကို ဆေးဖက်ဝင်တာပါ။ အရိပ်ကောင်းသလို အရွက်နဲ့ အစေးပါမကျန် ဆေးဖက်ဝင်တာပါ။ ဘယ်လိုရောဂါတွေအတွက်အသုံးဝင်လဲသိချင်ရင် ဒီဆောင်းပါးလေးမှာဖတ်ကြည့်ပါနော်။

ပိတောက် က ဒီလိုဆေးဖက်ဝင်တာပါ

နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက် က အခုလိုကျန်းမာရေးအာနိသင်ရှိပါတယ်။

ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေ အများကြီးစားချင်တာမျိုး၊ အမြဲလိုလို ရေငတ်နေတာမျိုး၊ ခြေလက်တွေထဲက ကျင်တာတွေကို သက်သာစေနိုင်ပါတယ်။

ပိတောက် ပင် အခေါက်က ဝမ်းပျက်ဝမ်းလျှောတာ၊ လေနာလေအောင့်နဲ့ အစာခြေစနစ်ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

ထိခိုက်တာတစ်ခုခုကြောင့် သွေးထွက်နေတဲ့အခါမျိုးမှာ ပိတောက်ပင်အခေါက်ကို အသုံးပြုပြီး သွေးတိတ်အောင် လုပ်ပေးလို့ရပါတယ်။

အူလမ်းကြောင်းထဲက အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို ထိုက်ထုတ်ဖို့အတွက်လည်း ပိတောက်ပင် အခေါက်ကို သုံးလို့ရပါတယ်။

အရေပြားပေါ်မှာဖြစ်တဲ့ ပွေး၊ ညှင်းတို့ကိုအပါအဝင် နာတာရှည် အရေပြားပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက် ပိတောက် ပင်အခေါက်ကို သွေးပြီး လူးပေးလို့ရပါတယ်။ရေရှည်စွဲသုံးဖို့တော့ လိုပါမယ်။ အပင်ရဲ့ အခေါက်ကို ပြုတ်ပြီး အရေပြားပေါ်မှာ လူးပေးလို့လည်းရပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေ ကိုသေစေနိုင်တာကြောင့် သွားကိုက်သွားနာတာတွေကို သက်သာစေဖို့အသုံးပြုလို့ရပါတယ်။

  • ဘက်တီးရီးယားတွေကို သေစေနိုင်တယ်

ပိတောက်က အနာကိုပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘက်တီးရီယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အနာကို ဆေးတာမျိုးအတွက် အသုံးပြုလို့ရပါတယ်။

  • အဆီပိုတွေ ဖယ်ရှားပေးနိုင်တယ်

ခန္ဓာကိုယ်ပေါ်က မလိုတဲ့အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း ပိတောင်က အသုံးဝင်ပါသေးတယ်။ ကိုယ်ပေါ်က အဆီပိုတွေကို ဘေးကင်းကင်းနဲ့ ဖယ်ရှားချင်တယ်ဆိုရင်တော့ ပိတောက်ပင်ရဲ့ အခေါက်ကို အားကိုးလိုက်ပါနော်။

သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းကိုလက်စထရော ထိန်းညှိဖို့ သဘာဝဆေးတစ်မျိုးပေါ့။

ပိတောက်က ထိခိုက်ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေကို သွေးတိတ်စေပြီး ရောဂါပိုးမဝင်ဘဲ အနာကျက်မြန်အောင် လုပ်ဆောင်ပေးသလို အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်း ပိတောက်သားကို သွေးလူးပေးလိုက်ပါ။ သက်သာလာပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

  • အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်

ပိတောက်က အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသည်းသန့်စေဖို့၊ အသည်းရောင်နေတာ သက်သာစေဖို့အတွက် ပိတောက်ကို သုံးလို့ရပါတယ်။ အသည်းကျန်းမာဖို့အတွက် သဘာဝဆေးတစ်လက်ပါ။

ဘယ်သူတွေ မသုံးသင့်ဘူးလဲ

ပိတောက်ပန်းက ဆေးဖက်ဝင်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ် ဆိုပေမယ့်လည်း

  • အစိမ်း မစားပါနဲ့။ အဆိပ်အတောက် ဖြစ်စေနိုင်လို့ပါ။
  • အများကြီး မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်လို့ပါ။
  • ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ရောဂါအခံရှိသူတွေ စားသုံးတာမျိုး မလုပ်ပါနဲ့။

သတိထားရမယ့်အချက်

ပိတောက်ပန်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဆက်လက်လေ့လာမှုတွေ လုပ်ဖို့ ရှိပါသေးတယ်။ သဘာဝပစ္စည်းဆိုပေမယ့် ဓာတုဗေဒနည်းနဲ့ မသန့်စင်ထားတဲ့အခါ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နိုင်တာကြောင့် မိမိသဘောနဲ့ မိမိ မသုံးဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vijaysar: Benefits, Uses, Formulation, Ingredients, Dosage And Side Effects  https://www.netmeds.com/health-library/post/vijaysar-benefits-uses-formulation-ingredients-dosage-and-side-effects Accessed Date 2 April 2019

Vijaysar For Diabetes: How To Use This Ayurvedic Herb To Manage Blood Sugar Levels https://food.ndtv.com/ayurveda/vijaysar-for-diabetes-how-to-use-this-ayurvedic-herb-to-manage-blood-sugar-levels-1896685 Accessed Date 2 April 2019

Vijaysar uses and research side effects https://www.easyayurveda.com/2015/10/12/vijaysar-asana-pterocarpus-marsupium-beejaka/ Accessed Date 2 April 2019

Vijaysar properties, benefits and dosage https://www.planetayurveda.com/library/vijaysar-pterocarpus-marsupium/ Accessed Date 2 April 2019

ယခုပုံစံ

20/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးဖက်ဝင်တဲ့ သင်္ဘောမယ်ဇလီ

စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement