သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ။ ။

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ။  ။

အစာအိမ်လေထိုး၊ လေအောင့်တယ်ဆိုတာ တကယ်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ စားချင်တာတွေစားပြီး ဗိုက်ထဲမှာ တင်းပြီးအောင့်လာလို့ တကယ်ကို သက်သောင့်သက်သာ မရှိစေပါဘူး။ အစာအိမ်ပြဿနာရှိတဲ့သူ အများစု ဖြစ်တတ်ပြီး၊ လေထစာတွေ စားလိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လေထတဲ့ ဝေဒနာကို မခံစားချင်ဘူးဆိုရင် ဘယ်လိုအစားအသောက်တွေက လေထစေလဲဆိုတာ သိထားဖို့လိုအပ်ပြီး ရှောင်သင့်ပါတယ်။ ။

  • ပဲအမျိုးမျိုး ။ ။

အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အပြင် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့ ပဲအမျိုးမျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ပေမယ့် ဆိုးကျိုးအနေနဲ့ လေအောင့်တာကိုဖြစ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဲမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဟာ အူအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် အချဉ်ပေါက်သွားပြီး gas တွေထွက်လာတာဖြစ်ပါတယ်။ ဒီထွက်လာတဲ့ လေတွေဟာ အပြင်ကို မထွက်နိုင်ဘဲ အူထဲမှာပဲ ပတ်နေလို့ လေထိုးလေအောင့် ဖြစ်ရတာဖြစ်ပါတယ်။

  • Gas ပါတဲ့ ဖျော်ရည်များ ။ ။

Gas ပါတဲ့ ဖျော်ရည်တွေကြောင့် အစာအိမ်နဲ့ အူထဲကို gas တွေ တိုက်ရိုက်ဝင်သွားပြီး လေထိုးလေအောင့်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချို ရောဂါနဲ့ အဝလွန်ရောဂါကို ဖြစ်စေတဲ့ အချိုရည်တွေကို မသောက်ရင် အကောင်းဆုံးပါ။ အဲဒီအစား လတ်လတ်ဆတ်ဆတ်သစ်သီး ဖျော်ရည်တွေကို သောက်ပေးပါ။

  • ဂျုံကြမ်း ။ ။

ဂျုံကြမ်းထဲမှာ Gluten လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပါပြီး လေထခြင်း၊ အစာအိမ်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ ပေါင်မုန့်ဖြူ၊ ပါစတာနဲ့ အခြား ဖုတ်ထားတဲ့ မုန့်တွေထဲမှာ Gluten တွေ အများကြီးပါလို့ သူတို့ကလေထစေတဲ့ အစားအစာတွေပါ။ ။

  • ကြက်သွန်နီ ကြက်သွန်ဖြူ ။ ။

ကြက်သွန်နီမှာ ပါဝင်တဲ့ fructans လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပြီး သူက လေထခြင်းကိုဖြစ်စေပါတယ်။ fructans ဟာ ကြက်သွန်ဖြူ မှာလည်း ပါတာကြောင့် သူတို့ကိုစားပြီးရင် လေထခြင်းကို ဖြစ်စေတတ်ပါတယ်။

  • ဂေါ်ဖီထုပ်တွေ ။ ။

ဂေါ်ဖီထုပ် တွေ၊ ပန်းဂေါ်ဖီစိမ်း နဲ့ မုန်လာစိမ်းတို့မှာ အလွယ်တကူ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေပါတာကြောင့် သူတို့ဟာ လေထိုးလေအောင့်ကို ဖြစ်စေတဲ့ အစားအသောက်တွေပါ။ ။

  • နို့ နဲ့ နို့ထွက် ပစ္စည်းတွေ ။ ။

ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓာတ် တွေ ကြွယ်ဝစွာပါဝင်ပြီး သောက်လို့၊ စားလို့ကောင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ lactose ဓာတ် တစ်မျိုးပါဝင်တာကြောင့် lactose ကို မချေဖျက်နိုင်တဲ့ လူတွေ အနေနဲ့ နို့သောက်ပြီးတိုင်း လေထ၊ ဗိုက်အောင့်တာတွေ ဖြစ်နေရတာပါ။

  • သဘာဝ အချို မဟုတ်တဲ့ အစားအစာတွေ ။ ။

ဖျော်ရည်တွေ၊ ပီကေ တွေ၊ တွေ မှာ အတွေ့များတဲ့ သဘာဝအတိုင်းမဟုတ်တဲ့ သကြားဓာတ် တွေဖြစ်တဲ့ xylitol, sorbitol and mannitol တို့ဟာ ဘက်တီးရီးယားတွေ ရဲ့ တည်နေရာဖြစ်တဲ့ အူမကြီးထဲ တန်းရောက်သွားပြီး လေထခြင်းကိုဖြစ်စေပါတယ်။

  • ဘီယာ ။ ။

မုယောစပါး တို့၊ ပန်းဂျုံတို့၊ ဘာလီစေ့တို့ကို အခြေခံပြီးထုတ်ထားတဲ့ ဘီယာ သောက်လွန်းရင် ဗိုက်ပူတာကို ဖြစ်စေရုံမက အူအတွင်းက ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုလို့ လေထခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။

ကဲ ကိုယ်ကလည်း အစတည်းက လေထတတ်တဲ့သူ၊ အစာအိမ်နဲ့ ပက်သက်တဲ့ ပြဿနာတွေလည်းရှိတဲ့သူဆိုရင်တော့ လေထစေတဲ့ အစားအသောက်တွေကို ရှောင်စားတာကသာ အကောင်းဆုံးပါ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။