သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ် liver function test (LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာ အသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။