သင်္ဘောမယ်ဇလီပင်က ဒီလိုဆေးဖက်ဝင်ပါတယ်
အာရှတိုက်နေရာတော်တော်များများမှာပေါက်ရောက်တဲ့ သင်္ဘောမယ်ဇလီပင်ကနေရာတိုင်းလိုလိုမှာ တိုင်းရင်းဆေးအဖြစ် အသုံးပြုကြပါတယ်။ သဘာဝ ဝမ်းနုတ်ဆေးတစ်ခုဖြစ်သလိုပွေးနဲ့ဝဲလိုမျိုး အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။သွေးသန့်စေဖို့အတွက် စားသုံးပေးလို့ရသလို ဝမ်းချုပ်ေနသူတွေအနေနဲ့လည်း စားသုံးပေးလို့ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးနိုင်ပါသေးတယ်နော်။ အမျိုးသမီးတွေမှာဆိုရင်လည်း သင်္ဘောမယ်ဇလီက သားအိမ်ကိုကျန်းမာစေနိုင်ပါတယ်။ အသားအရောင် မညီတာအတွက်လည်း အသုံးပြုပေးလို့ရပါသေးတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ သင်္ဘောမယ်ဇလီပင်ရဲ့ အခေါက်ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားပြဿနာတွေအတွက်ကတော့ အရွက်ကို အခြောက်ခံအမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောလို့ အရေပြားပြဿနာခံစားနေရတဲ့နေရာမှာ လူးပေးလို့ရပါတယ်နော်။ ဝမ်းချုပ်နေမယ်ဆိုရင်တော့ သင်္ဘောမယ်ဇလီ အပွင့်ကို အုန်းနို့နဲ့ရောစပ်ပြီးသောက်သုံးပေးလို့ရပါတယ်။ အစာအိမ်ဝေဒနာရှိသူတွေအနေနဲ့လည်း အရွက်၊အပွင့်၊ အသီးခြောက်တို့ကို အခြေခံပြီးရေနွေးကြမ်းသောက်သလိုသောက်ပေးလို့ရပါတယ်နော်။ သင်္ဘောမယ်ဇလီ အစေ့ကတော့ သဘာဝ ဝမ်းနုတ်ဆေးပါ။ အရွက်ကို ဘဲဥနဲ့ ကြော်စားတာက သန်ကျစေနိုင်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။