အူမကြီးကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့် အဆုတ်ရောင်၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ချောင်းဆိုးတာ၊ အာသီးရောင်တာနဲ့လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်
မန်ကျည်းသီးစေ့ကို အာလုပ်ကျင်းဆေးအနေနဲ့အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့အမှုန့်ကို ချင်း (ဂျင်း) နည်းနည်း၊ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့နဲ့ရောစပ်လို့ရေနွေးနွေးလေးနဲ့ဖျော်ပြီး အာလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိတာကြောင့်ဖြစ်တဲ့ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ အာသီးရောင်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
မန်ကျည်းစေ့ က အင်ဆူလင်ထွက်ရှိမှုကိုတိုးစေနိုင်သလို ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။
မန်ကျည်သီးစေ့မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်သလို နှလုံးကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။
အရိုးကျိုးတာအတွက် အသုံးပြုလို့ရတယ်
မန်ကျည်းသီးစေ့ကို ခပ်ပျစ်ပျစ်လေးသွေးပြီး အရိုးကျိုးတဲ့နေရာမှာ ခပ်ထူထူလေးလူးပေးတာက အရိုးမြန်မြန်ဆက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
အသားအရေကို တင်းရင်းစေနိုင်တယ်
မန်ကျည်းသီးစေ့က အရေပြားကို အစိုဓါတ်ထိန်းပေးသလို အပြစ်အနာအဆာကင်းစေနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းလှပစေနိုင်ပါတယ်။ အရေပြားအတွက်လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတိုင်းမေ့ထားလို့ မဖြစ်တဲ့အရာတစ်ခုပါ။
ပိုးကောင်ကိုက်တဲ့အခါ ပရုတ်ဆီလိမ်းမိရင်တစ်ခုခုဖြစ်မှာစိုးရသလို ဘာလူးလို့လူးရမှန်းမသိဖြစ်နေတယ်ဆိုရင် မန်ကျည်းသီးစေ့လေးကိုသွေးလူးပေးပါ။ အရောင်ကျစေနိုင်သလို အနာသက်သာစေနိုင်ပါတယ်။
အနာကျက်မြန်စေနိုင်တယ်
ထိခိုက်ရှနြာဖစ်တဲ့အခါ အနာကျက်မြန်စေဖို့အတွက် မန်ကျည်းသီးစေ့ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းပင်အခေါက်ကိုသွေးလူးပေးလို့လည်းရပါတယ်။ မန်ကျည်းသီးစေ့ကိုသွေးပြီးအနာကိုလူးပေးမယ်ဆိုရင် ၁၀ ရက်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။
မန်ကျည်းသီးစေ့လေးကလည်းဆေးဖက်ဝင်တယ်ဆိုတဲ့ မလွှင့်ပစ်ဘဲသေချာသိမ်းလို့ လိုအပ်လာတဲ့အခါ အသုံးပြုပေးဖို့ပြောပါရစေနော်။