သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Amaranth (ကြက်မောက်ပန်းပင်)

အသုံးပြုပုံများကြက်မောက်ပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကြက်မောက်ပန်းပင်၏ အရွက်သည် ဗီတာမင် C ဓါတ်ကြွယ်ဝပြီး တစ်ပင်လုံးသည် ဆေးဖက်ဝင်သောကြောင့် အောက်ပါရောဂါများအတွက် အသုံးပြုနိုင်ပါသည်။ သွေးထဲတွင် အဆီကျစေရန် သွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ အနာများ ဝမ်းလျှောခြင်း လည်ချောင်းနာခြင်း၊ ရောင်ခြင်း ကြက်မောက်ပန်းပင်သည် ဓါတ်တိုးဆန့်ကျင်ဓါတ်ကြွယ်ဝသောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။ အစားအစားများတွင် လည်း ထည့်စားနိုင်သည်။ အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ ကြက်မောက်ပန်းပင်သည် ရောင်ရမ်းမှုများကို လျော့စေသည်ဟုဆိုပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များကြက်မောက်ပန်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် ကြက်မောက်ပန်းပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော ရောဂါများရှိလျှင် အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ […]


သဘာဝဆေးဖက်ဝင်

Ambrette (ကပ်စေးနဲပင်)

အသုံးပြုပုံများကပ်စေးနဲပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကပ်စေးနဲပင်မှရသော အစေ့ကို လက်ဖက်ရည်အဖြစ်သောက်သုံးကြပြီး အောက်ပါရောဂါများအတွက်လည်း အသုံးပြုကြပါသည်။ ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း ခံတွင်းပျက်ခြင်း အစာအိမ်ကင်ဆာ ခေါင်းကိုက်ခြင်း အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း စိတ်ချောက်ချားခြင်း ကာလသားရောဂါ အဆုတ်ရောဂါများ အချို့က အားတိုးဆေး၊ မြွေဆိပ်ဖြေဆေး အနေနှင့် သုံးသလို ဆေးစိမ်ဝိုင်၊ အခါးရည် စသည့်အစားအစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များကပ်စေးနဲပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် ကပ်စေးနဲပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော ရောဂါများရှိလျှင် အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ […]


သဘာဝဆေးဖက်ဝင်

American Chestnut (အမေရိကန် သစ်ချသီး)

အသုံးပြုပုံများအမေရိကန် သစ်ချသီး ကို ဘာအတွက်အသုံးပြုကြသလဲ အမေရိကန် သစ်ချသီးသည် အပင်မျိုးနွယ်ဖြစ်ပြီး ထိုပင်၏ အရွက်နှင့် အခေါက်တို့ကို ဆေးဖော်စပ်ကာ ချောင်းဆိုးခြင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများ အဆစ်ရောင်သကဲ့သို့နာကျင်ခြင်း (Rheumatism) ဖူးရောင်ခြင်း ငိုက်မြည်းစေရန်အသုံးပြုခြင်း လည်ချောင်းနာခြင်း စသည်တို့အတွက် အသုံးပြုကြပါသည်။ အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ အမေရိကန် သစ်ချသီးတွင် ပါဝင်သည် Tannins ဓါတ်သည် အစာအိမ်နှင့် အူတွင်းရှိပစ္စည်းအချို့ကို စုပ်ယူနိုင်သော အစွမ်းသတ္တိရှိသည်ဟုဆိုပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအမေရိကန် သစ်ချသီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် အမေရိကန် သစ်ချသီး အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော […]


သဘာဝဆေးဖက်ဝင်

Albizia (အလ်ဘီဇီးရား)

အသုံးပြုပုံများအလ်ဘီဇီးရား ကို ဘာအတွက်အသုံးပြုကြသလဲ Albizia ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။ စိတ်ပူခြင်း ကင်ဆာ စိတ်ကျခြင်း အိပ်မပျော်ခြင်း စိတ်ကြည်ရန် ထိခိုက်မှုကြောင့် ဖြစ်တဲ့ ရောင်ရမ်းခြင်း သက်သာရန် Albizia ကို အင်းဆက်ကိုက်ခြင်း၊ အရေပြား ရောဂါပိုးဝင်ခြင်း (မီးလောင်နာ၊ အနာ)၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း တွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ Albizia ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Albizia ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Albizia မှာ စိတ်တည်ငြိမ်စေခြင်း၊ အိပ်ချင်စေခြင်း၊ ကင်ဆာကို ကာကွယ်ပေးခြင်း၊ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိခြင်း အစရှိတဲ့ အစွမ်းတွေရှိတယ်လို့ ဆိုကြပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအလ်ဘီဇီးရား အသုံးမပြုခင် ဘာတွေသိသင့်သလဲ သင့်မှာ […]


သဘာဝဆေးဖက်ဝင်

Alchemilla (အဲလ်ခီမီလာ)

အသုံးပြုပုံများအဲလ်ခီမီလာ ကို ဘာအတွက်အသုံးပြုကြသလဲ Alchemilla ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဗိုက်နာခြင်း ဝမ်းလျှောခြင်း ဆီးချို ကိုယ်ခန္ဓါအတွင်း ရေစုပြုံခြင်း ရောင်ရမ်းခြင်း ကြွက်သာ နာကျင်ခြင်း ပါးစပ်နာခြင်း၊ လည်ချောင်းနာခြင်းတွေအတွက် ပါးလုပ်ကျင်းရည် နာကျင်သော၊ များသော ရာသီလာခြင်း သွေးဆုံးလက္ခဏာများ ကိုယ်ခန္ဓါပြင်ပကို သုံးတဲ့ အနေနဲ့ ဒီ Herbal ကို အောက်ပါ အကြောင်းရင်းရာတွေမှာ အသုံးပြုကြပါတယ်။ သွေးတိတ်ရန် အနာကျက် မြန်စေရန် အနာ၊ နှင်းခူ၊ အရေပြား အကွက်ထခြင်းကို ကုသရန် Alchemilla ကို ဗိုက်နာခြင်းတွေ ကုသဖို့အတွက် ချိုးတဲ့ ရေထဲကိုလည်း ထည့်နိုင်ပါတယ်။ Alchemilla ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Alchemilla ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Alchemilla မှာ ဝမ်းလျှောခြင်းကို […]


သဘာဝဆေးဖက်ဝင်

Acerola (အက်စီရိုလာ)

အသုံးပြုပုံများအက်စီရိုလာ ကို ဘာအတွက်အသုံးပြုကြသလဲ Acerola ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဗီတာမင် စီ ချို့ယွင်းခြင်း Scurvy နှလုံးရောဂါ နှလုံးသွေးကြော မာခြင်း သွေးခဲခြင်း ကင်ဆာ အအေးမိခြင်း ဖိအားကြောင့် နာဖြစ်ခြင်း မျက်လုံးတွင်း သွေးထွက်ခြင်း သွားပိုးစားခြင်း သွားဖုံးရောဂါပိုးဝင်ခြင်း စိတ်ကျခြင်း Hay fever Collagen ရောဂါများ အားကစားသမားတွေက Acerola ကို ခံနိုင်ရည်အား မြင့်မားရန်အတွက် အသုံးပြုကြပါတယ်။ Acerola ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Acerola ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ဆေးပင်ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က Acerola ဟာ အသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်စီ၊ ဗီတာမင်အေ၊ Thiamine၊ riboflavin နဲ့ niacin တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များအက်စီရိုလာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ သင့်မှာ […]


သဘာဝဆေးဖက်ဝင်

Acetyl-L-Carnitine (အက်စီတိုင်းအဲလ်ကာနီတင်း)

အသုံးပြုပုံများအက်စီတိုင်းအဲလ်ကာနီတင်း ကို ဘာအတွက်အသုံးပြုကြသလဲ Acetyl-L-Carnitine ဟာ ကိုယ်ခန္ဓါအတွင်းမှာ သဘာဝအတိုင်း ထုတ်လုပ်တဲ့ amino acid တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အောက်ပါကျန်းမာရေး အခြေအနေတွေမှာ အသုံးပြုကြပါတယ်။ Alzheimer’s disease အသက်ကြီးခြင်းကြောင့် မှတ်ဉာဏ် ယိုယွင်းခြင်း အသက်ကြီးခြင်းကြောင့် စိတ်ကျခြင်း အရက် နဲ့ Lyme ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ တွေးတောမှုဆိုင်ရာ ပြဿနာများ Down’s syndrome ဒေါင်းရောဂါ ဦးနှောက်အတွင်း သွေးလှည့်ပတ်မှုနည်းခြင်း အတွင်းတိမ် ဆီးချိုကြောင့် အာရုံကြော နာကျင်ခြင်း AIDS ကုသမှုမှာ အသုံးပြုတဲ့ ဆေးတွေကြောင့် အာရုံကြော နာကျင်ခြင်း မျက်နှာ အကြောဆွဲခြင်း ကလေးမရခြင်း အသက်ကြီးခြင်းကြောင့် ယောက်ျားဟော်မုန်းကျဆင်းခြင်း Peyronie’s disease Acetyl-L-Carnitine ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Acetyl-L-Carnitine ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) […]


သဘာဝဆေးဖက်ဝင်

Daffodil (ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ)

အသုံးပြုပုံများဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ ကို ဘာအတွက်အသုံးပြုကြသလဲ ဘေးကင်းမကင်းစိုးရိမ်နေရင်းနဲ့တောင်မှ နှင်းပန်းဝါကို ကြက်ညှာချောင်းဆိုး၊ ရင်ကြပ်ခြင်း၊ အအေးမိခြင်း တွေအတွက် သုံးတတ်ကြတယ်။ အန်စေဖို့အတွက်လည်း သုံးကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် သို့ပေမယ့် နှင်းပန်းဝါမှပါတဲ့ polysaccharide နဲ့ lectin ခေါ်ပစ္စည်းတွေက HIV ကိုတိုက်နိုင်တဲ့ အာနိသင်ရှိတယ်လို့တော့ တချို့လေ့လာမှုတွေကဆိုပါတယ်။ lectin တွေက ကင်ဆာအတွက်တော့ အဆိပ်ဖြစ်စေပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ အသုံးမပြုခင် ဘာတွေသိသင့်သလဲ ပန်းနဲ့အဖူးတွေကိုသုံးမယ်ဆိုရင်တော့ သတိကြီးကြီးထားရပါလိမ့်မယ်။ ပြင်းထန်တဲ့၊ သေပင်သေစေနိုင်တဲ့ တုံ့ပြန်မှုတွေဖြစ်လာနိုင်လို့ပါ။ ဒါကြောင့် တတ်ကျွမ်းတဲ့ပညာရှင်၊ ဆရာဝန်က မညွှန်းမချင်း ထိုနှင်းပန်းဝါနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့။ ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ […]


သဘာဝဆေးဖက်ဝင်

Chaste tree (ကြောင်ပန်းပင်)

အသုံးပြုပုံများကြောင်ပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကြောင်ပန်းပင်ကို ‘အမျိုးသမီးတွေအတွက်ဆေးပင်’ လို့တောင် ခေါ်လို့ရပါတယ်။ ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာမလာမီနဲ့ သွေးဆုံးပြီးချိန် ရတတ်တဲ့ ရောဂါလက္ခဏာတွေအတွက်သုံးနိုင်တယ်။ ရင်သားအကျိတ်၊ အမျိုးသမီးတွေမှာ မျိုးပွားနိုင်နှုန်းနည်းတဲ့အခါ၊ မိန်းမဟော်မုန်းနည်းတဲ့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျမှုကိုတားဆီးရန်၊ မီးဖွားပြီးချိန် သွေးဆင်းမှုကို ထိန်းချုပ်ရန်နဲ့ အချင်းကျခြင်းကိုကူညီရန်၊ နို့ထွက်ကောင်းစေရန် စသည့်ဖြင့်လည်း အသီးသီးသုံးတတ်ပါသေးတယ်။ တချို့အမျိုးသားတွေမှာ ဆီးကောင်းအောင်၊ ဆီးကျိတ်ရောဂါ၊ လိင်ဆန္ဒလျော့နည်းအောင် တို့အတွက်လည်း သုံးကြပါသေးတယ်။ ဝက်ခြံ၊ ရူးသွပ်ခြင်း၊ တုန်လှုပ်ခြင်း၊ အဆစ်အမြစ်ရောဂါ၊ အအေးမိခြင်း၊ ဗိုက်မကောင်းခြင်း၊ ဘေလုံးမကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းအပြင်းအထန်ကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ခန္ဓါကိုယ်မှရောင်ရမ်းခြင်း ဖောခြင်း များအတွက်လည်းသုံးပါတယ်။ တချို့တွေကတော့ ကပ်ပါးကောင်များရှင်းထုတ်ရန်၊ အင်းဆက်ကိုက်ခြင်း ထိုးခြင်းများအတွက် ကာကွယ်ရန် လည်းသုံးပါသေးတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် ဒါပေမယ့် ပရိုလက်တင်(prolactin) လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထွက်ခြင်းကို တားဆီးလျှော့ချပေးတယ်လု့ိ တချို့လေ့လာမှုတွေကဆိုပါတယ်။ အမျိုးသမီးများတွင် […]


သဘာဝဆေးဖက်ဝင်

Cat's claw (ကြောင်လက်သည်းပင်)

အသုံးပြုပုံများကြောင်လက်သည်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကြောက်လက်သည်းပင်ကို ကိုယ်ခံအားစနစ်လှုံဆော်ပေးရန်နဲ့ အရောင်ကျရန်အတွက် သုံးလေ့ရှိပါတယ်။ အဆစ်ရောင်ရောဂါ၊ လေးဘက်နာရောဂါ များအတွက်လည်း များသောအားဖြင့် သုံးလေ့ရှိတယ်။ အူမကြီးရောင်ခြင်း၊ နာခြင်း၊ Crohn’s ရောဂါ များကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက်လည်း သုံးလေ့ရှိပါတယ်။ တချို့တွေက herpes zoster, herpes simplex ပိုးများကြောင့်ဖြစ်သော ရေယုန်၊ HIV ပိုးကြောင့်ဖြစ်သော AIDS ကဲ့သို့ ဗိုင်းရပ်စ်ရောဂါများမှာလည်း သုံးတတ်ပါတယ်။ CFS ဟုခေါ်သော နာတာရှည်နွမ်းနယ်တတ်သောရောဂါ၊ အနာကျက်မြန်ရန်၊ ကပ်ပါးရောဂါများ၊ အယ်လ်ဇိုင်းမားရောဂါ၊ ရင်ကြပ်ရောဂါ၊ ကင်ဆာ ( အထူးသခြင့် ဆီးလမ်းကြောင်းကင်ဆာ)၊ glioblastoma ဟုခေါ်သော ဦးနှောက်ကျိတ်ကင်ဆာတစ်မျိုး၊ gonorrhea ၊ ဝမ်းကိုက်ခြင်း၊ သန္ဓြေတားရန်၊ အရိုးနာခြင်း၊ ကျောက်ကပ်ဆေးရန် စသည်ဖြင့်လည်း အမျိုးမျိုးသုံးတတ်ကြပါသေးတယ်။ ဘယ်လိုအလုပ်လုပ်လဲ ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း