backup og meta

Matcha (ဂျပန်အဆင့်မြင့် လက်ဖက်စိမ်း) ရဲ့ဝက်ခြံအပေါ်အကျိုးသက်ရောက်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 29/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Matcha (ဂျပန်အဆင့်မြင့် လက်ဖက်စိမ်း) ရဲ့ဝက်ခြံအပေါ်အကျိုးသက်ရောက်မှု

    ဂျပန်အဆင့်မြင့်လက်ဖက်စိမ်း (Matcha)

    ဂျပန်လက်ဖက်စိမ်း (matcha) ဆိုတာကCamellia sinensis လက်ဖက်ပင်ကနေရရှိတဲ့ အရွက်တွေကို အမှုန့်လုပ်ထားတဲ့ အစိမ်းရောင်ရှိတဲ့ အမှုန့်လေးတွေပါ။ လက်ဖက်ရွက်ရဲ့ အစိမ်းရောင်ပျောက်ပျက်မသွားအောင် အခြောက်ခံပြီးလုပ်ထားတဲ့ အမှုန့် ပါပဲ။ လက်ဖက်ကို အညိုရောင်ပြောင်းတဲ့အထိအခြောက်ခံပြီးလုပ်ထားတာမဟုတ်ဘဲ အသားအရေနဲ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပါ။ matcha လုပ်ဖို့အတွက် လက်ဖက်ရွက်တွေကို မခူးဆွတ်ခင် နှစ်ပတ်လောက်ကြိုပြီး အရိပ်ရအောင်လုပ်ပေးရတယ်။ပြီးမှ ခူးဆွတ်ရတာပါ။ ဒီလိုလုပ်မှသာ လက်ဖက်ရွက်ရဲ့chlorophyll ပမာဏကိုတိုးစေနိုင်မှာဖြစ်ပါတယ်။ လက်ဖက်ရွက်ကို ခူးဆွတ်ပြီးရင်လည်းရေနွေးငွေ့နဲ့ ပေါင်းခံတာ၊အခြောက်ခံတာနဲ့ အမှုန့်ကြိတ်တာတွေကို အဆင့်ဆင့်လုပ်ဆောင်ရပါသေးတယ်။

    matcha ကကိုယ်ခန္ဓာအတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကိုတော့တော်တော်များများသိထားကြမှာပါ။ matcha ကို လက်ဖက်ရည်ကြမ်းလုပ်ပြီး သောက်ပေးမှ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါကအတိအကျမှန်တယ်မဆိုနိုင်ပါဘူး။ matcha အမှုန့်ကို အသားအရေအတွက် လိမ်းပေးတာမျိုးလည်း အသုံးပြုလို့ရပါသေးတယ်။ matcha မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာပါဝင်နေတာကြောင့် ကိုယ်တွင်း အင်္ဂါတွေအတွက်သာမက အသားအရေအတွက်ပါအကျိုးထူးစေနိုင်ပါတယ်။ အသားအရေလှပစေဖို့ matcha ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။

    ဂျပန်အဆင့်မြင့်လက်ဖက်စိမ်း (matcha) ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

    ရောင်ရမ်းတာကိုသက်သာစေနိုင်ခြင်း – Matcha အမှုန့်မှာရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒီအာနိသင်ကရိုစေးရှား (Rosacea) လို့ခေါ်တဲ့ အရေပြားနီရဲတဲ့ အခြေအနေကို သက်သာစေနိုင်သလို ဝက်ခြံတွေကိုပါ သက်သာစေနိုင်စွမ်းရှိပါတယ်။ အရေပြားအမျိုးအစားအားလုံးနဲ့သင့်တော်ပြီး ဝက်ခြံလိုမျိုး အရေပြားမှာဖြစ်တတ်တဲ့ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ နာတာရှည်အရေပြားဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

    အသားအရေကိုကောင်းမွန်စေနိုင်ခြင်း –Matcha အမှုန့်က အရေပြားကို လန်းဆန်းကျန်းမာစေနိုင်သလိုရောင်ရမ်းတာကို သက်သာစေပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားအတွင်းပိုင်းအထိကောင်းမွန်စေနိုင်တဲ့ အစွမ်းရှိပါတယ်။

    အရွယ်တင်စေနိုင်ခြင်း –Matcha မှုန့်ကို မျက်နှာမှာအသုံးပြုကြည့်လိုက်ပါ။ ဒါက မိမိအသားအရေကို ဂရုစိုက်လိုက်ရာကျပါတယ်။ matcha ကelastin ပရိုတင်းထွက်ပေးလာအောင်လှုံ့ဆော်ပေးတာကြောင့် အရေပြားကို အသစ်ဖြစ်ပေါ်စေပါတယ်။ Free raicalsတွေကြောင့် အရေပြားပျက်စီးမှုတွေ၊နေရောင်ခြည်ကြောင့် အရေပြားပျက်စီးတာ၊ အသက်ကြီးလို့ အရေပြားမှာအစက်အပြောက်တွေထွက်လာတာ၊ အရေပြားခြောက်တာ၊ ဝက်ခြံနဲ့ မျက်လုံးအောက်က အရေအကြောင်းတွေဖြစ်ပေါ်မှုကို သက်သာစေပါတယ်။

    အဆီပြန်တာကို သက်သာစေနိုင်ခြင်း – matcha မှာပါတဲ့tannins ကချွေးပေါက်တွေကို ကျဉ်းစေပြီး အဆီပြန်တာကို သက်သာစေပါတယ်။ အဆီကြောင့် ဝက်ခြံဖြစ်ပေါ်တာတွေကိုလည်းသက်သာစေပါတယ်။ တကယ့်လို့များ သင့်မှာ အဆီပြန်နေတဲ့ ဆယ်ကျော်သက်အရွယ် သားသမီးရှိနေတယ်ဆိုရင် matcha က အရေပြားကအဆီတွေထွက်ရှိမှုကိုနှေးကွေးသွားစေပြီး အဆီကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေမှာဖြစ်တယ်။

    အသားအရေအမျိုးအစားအားလုံးအတွက် အသုံးပြုနိုင်ခြင်း –Matcha မျက်နှာပေါင်းတင်ဆေးက ဓာတုပစ္စည်းကင်းစင်တဲ့ သဘာဝအသားအရေ ထိန်းသိမ်းမှုတစ်ရပ်ပါ။ အရေပြားကိုချောမွေ့စေပြီး နုပျိုတောက်ပစေမှာပါ။

    ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်ခြင်း –Matcha မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတယ်ဆိုတဲ့ အချက်ကမေ့ထားလို့မရတဲ့ အချက်ပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတဲ့ matcha က free radicalsတွေနဲ့ UVကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေနဲ့နေရောင်၊ညစ်ညမ်းတဲ့လေထုနဲ့ ပတ်ဝန်းကျင်ကအညစ်အကြေးတွေထိတွေ့တာကြောင့်ဖြစ်တဲ့ ဝက်ခြံနဲ့ အခြားအရေပြားပြဿနာတွေကနေ ကာကွယ်ပေးပါတယ်။ အရေပြား နီမြန်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် ဝက်ခြံမထွက်အောင်လည်း ကာကွယ်ပေးပါတယ်။ အရွယ်တင်စေပြီး အရေပြားကိုချောမွေ့တင်းရင်းစေတဲ့အပြင် အစိုဓါတ်လည်းထိန်းပေးပါသေးတယ်။

    Chlorophyll ပါဝင်ခြင်း-လက်ဖက်ကို မခူးခင် အနည်းဆုံး နှစ်ပတ်လောက်မှာ နေရောင်နဲ့တိုက်ရိုက်မထိတွေ့စေဘဲအရိပ်အောက်မှာထားထားတာဖြစ်တာကြောင့် matcha လက်ဖက်ရွက်မှာ chlorophyll ကြွယ်ဝစွာပါဝင်နေပါတယ်။ chlorophyll ပါဝင်မှုများတာကြောင့် matcha မှုန့်က ကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးတာကြောင့် အရေပြားကိုကြည်လင်းဝင်းပစေနိုင်ပါတယ်။

    သဘာဝပိုးသတ်ဆေး – matcha မှာ သဘာဝဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက် အကျိုးများပါတယ်။ matcha မှာcatechins၊ ဗီတာမင် A ၊ဗီတာမင် C ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ပရိုတင်း နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေပါဝင်နေပါတယ်။

    ဒီသဘာဝပစ္စည်းတွေက ကိုယ်တွင်း အင်္ဂါတွေကို သန့်စင်စေပါတယ်။ အရေပြားကိုသန့်စင်စေပြီး ကြည်လင်စိုပြေစေပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်တာက ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေပြီး အသားအရေကို နုပျိုစေ ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 29/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement