backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

စမုန်နက်စေ့ဆီ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စမုန်နက်စေ့ဆီ

စမုန်နက်စေ့ဆီ က ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ။ ဘာတွေ သတိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

စမုန်နက်စေ့ဆီ

စမုန်နက်စေ့ဆီကို လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာကာလတွေကတည်းက အနာကျက်စေဖို့၊ ရောင်ရမ်းမှု လျော့ကျစေဖို့နဲ့ ကင်ဆာကာကွယ်နိုင်စေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ သွားနာတာ၊ ခေါင်းကိုက်တာ၊ သန်ထတာ၊ နှာခေါင်းပိတ်တာ၊ မျက်စိနာတာနဲ့ ပြည်တည်နာတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ စမုန်နက်စေ့ဆီကို ကျန်းမာရေးအတွက် တော်တော်လေးအသုံးပြုလို့ရပါတယ်။

စမုန်နက်စေ့ဆီမှာ ဖော့စဖောရက်စ်၊ မဂ္ဂနိစ်၊ သီရာမင်း၊ သံဓာတ်၊ ဇင့်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ ဗီတာမင်အေနဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။ စမုန်နက်ဆီက ရောင်ရမ်းမှုကို  လျော့ကျစေနိုင်သလို၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး၊ မှိုပိုးတွေကိုလည်း သေစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။ မျက်လုံးကို ကျန်းမာစေပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

စမုန်နက်စေ့ဆီကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

သွေးတိုးကျစေနိုင်ခြင်း

စမုန်နက်စေ့ဆီက သွေးတိုးကို ကျစေနိုင်ပါတယ်။ စမုန်နက်စေ့ဆီက ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုးအောင် ထိန်းသိမ်းပေးတာဖြစ်ပါတယ်။

ကိုလက်စထရောနဲ့ အင်ဆူလင်ကို ထိန်းညှိပေးနိုင်ခြင်း

J. N. Medical College ဆေးဝါးလေ့လာရေးဌာနက ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ စမုန်နက်ဆီကို တစ်ခါသောက်ရင် ၂.၅ မီလီလီတာနှုန်းနဲ့ တစ်နေ့ကို နှစ်ကြိမ် ၆ ပတ်ကြာသောက်သုံးတဲ့အခါ သွေးတွင်း ကိုလက်စထရောပမာဏ ကျဆင်းသွားသလို အင်ဆူလင်ပမာဏကို ထိန်းညှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းမရှိတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။ အသေးစိတ်လေ့လာမှုတွေတော့ ဆက်လုပ်ဖို့ လိုပါသေးတယ်။

ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ဝေဒနာကို သက်သာစေနိုင်ခြင်း

စမုန်နက်စေ့ဆီက ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို၊ နှာခေါင်းပိတ်တာ၊ နှာစေးတာနဲ့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ကောင်းကောင်းလည်း အိပ်ပျော်စေနိုင်ပါတယ်။ စမုန်နက်ဆီက ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို တိုးတက်စေနိုင်ပါတယ်။ ချောင်းဆိုးသူတွေအနေနဲ့လည်း စမုန်နက်စေ့ဆီကို သောက်သုံးပေးမယ်ဆိုရင် ဝေဒနာသက်သာစေမှာ ဖြစ်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိခြင်း

စမုန်နက်စေ့ဆီကို နေ့တိုင်းသုံးစွဲပေးမယ်ဆိုရင် သွေးကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဆံသားကို သန်စွမ်းစေနိုင်ခြင်း

စမုန်နက်စေ့ဆီကို ဆံပင်မှာ လူးပေးမယ်ဆိုရင် ဆံသားကို သန်စွမ်းစေပြီး ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြုပြင်ပေးနိုင်မှာဖြစ်ပါတယ်။ ဦးရေပြားက ဗောက်တွေကိုလည်း ကင်းစင်စေမှာ ဖြစ်ပါတယ်။ ဆံသားကို ထူစေပြီး နက်မှောင်သန်စွမ်းစေနိုင်မှာ ဖြစ်ပါတယ်။

အရေပြားကို အားဖြည့်ပေးနိုင်ခြင်း

စမုန်နက်စေ့ဆီက အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ စမုန်နက်ဆီကို အရေပြားပေါ်မှာ လူးပေးမယ်ဆိုရင် အသားအရေခြောက်သွေ့မှုကို ကင်းစင်စေမှာ ဖြစ်ပါတယ်။ စမုန်နက်ဆီမှာ ဗီတာမင်အေ၊ ဘီ၊ စီ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ အခြားဓာတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရေပြားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

အရေပြားရောင်ရမ်းမှုတွေ၊ နီမြန်းတာတွေ၊ ယားယံတာတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ နှင်းခူနဲ့ အခြားအရေပြားပြဿနာတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ အသားအရေ အရောင်မညီတာမျိုးတွေအတွက်လည်း စမုန်နက်ဆီကို အသုံးပြုလို့ရပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ခြင်း

ရာသီစလာတဲ့ အချိန်မှာ စမုန်နက်စေ့ဆီ တစ်ဇွန်းသောက်သုံးပေးမယ်ဆိုရင် သားအိမ်ကြွက်သားတွေ ကျုံ့တာကို အဆင်ပြေပြေဖြစ်စေပြီး ရာသီလာတာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးအောင်လည်း အထောက်အကူပြုစေပါတယ်။

လည်ချောင်းနာတာကို သက်သာစေနိုင်ခြင်း

ဘက်တီးရီးယားပိုးတွေ ကူးစက်တာကြောင့် မကြာခဏလည်ချောင်းနာတာမျိုး ဖြစ်နိုင်ပါတယ်။ အာသီးရောင်တာကြောင့် လည်ချောင်းနာနိုင်သလို လည်ချောင်းမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ရောင်ရမ်းတာကြောင့်လည်း လည်ချောင်းနာနိုင်ပါတယ်။ စမုန်နက်စေ့ဆီက လည်ချောင်းနာတာနဲ့ အာသီးရောင်တာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

စမုန်နက်ဆီရဲ့ ပတ်သက်လို့သတိထားသင့်တဲ့အချက်များ

  • စမုန်နက်စေ့ဆီကို အလွန်အကျွံမသောက်သင့်ပါဘူး။
  • အစားအသောက်တွေထဲ ထည့်တဲ့အခါမျိုးမှာလည်း တော်သင့်ရုံပဲထည့်သင့်ပါတယ်။
  • အချို့သူတွေက အရေပြားမှာ စမုန်နက်ဆီလူးတဲ့အခါ ဓာတ်မတည့်တာကြောင့် အရေပြားယားယံတာမျိုးဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ စမုန်နက်ဆီကိုမသောက်သုံးသင့်ပါဘူး။
  • ကလေးငယ်တွေကိုလည်း မတိုက်ကျွေးသင့်ပါဘူး။
  • သွေးမတိတ်ဝေနာရှိသူတွေအနေနဲ့လည်း စမုန်နက်ဆီကို မသုံးစွဲသင့်ပါဘူး။
  • စမုန်နက်စေ့ဆီက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုဝေဒနာရှိသူတွေ၊ အင်ဆူလင်မှီဝဲနေရသူတွေအနေနဲ့ သတိထားသင့်ပါတယ်။
  • စမုန်နက်စေ့ဆီက သွေးပေါင်ချိန်ကျဆင်းစေနိုင်တာကြောင့် သွေးပေါင်ကျတတ်တဲ့သူတွေအနေနဲ့ စမုန်နက်စေ့ဆီကို မစားသုံးသင့်ပါဘူး။
  • စမုန်နက်စေ့ဆီက သွေးခဲတာကို နှေးစေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်မှုမခံယူခင် ၂ ပတ်လောက် အလိုကတည်းက စမုန်နက်ဆီကို လုံးဝရှောင်ရှားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement