backup og meta

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ ဒီကုထုံးကို ရှေးယခင်ကာလတွေက လူမျိုးအလိုက် ကွဲပြားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုခဲ့ကြတာပါ။ ဒီကုထုံးအတွက် ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို အသုံးပြုကြပါတယ်။

    ပန်းနဲ့ အမွှေးနံ့ရှိတဲ့ သဘာဝပစ္စည်းတွေရဲ့ အဆီအနှစ်တွေကို ကျန်းမာရေးနဲ့ စိတ်ခံစားမှု ကောင်းစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ နီးပါးလောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။

    ရနံ့ကုထုံး (Aromatherapy) ဆိုတာ

    ရနံ့ကုထုံး (Aromatherapy) ဆိုတာ

    ရနံ့ကုထုံး(Aromatherapy) ကို ပုံမှန်အားဖြင့်ကတော့ ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုကြသလို အရေပြားပေါ်မှာ လိမ်းကျံပြီးတော့လည်း အသုံးပြုပါတယ်။

    • ရှူသွင်းတဲ့ ပုံစံနဲ့ အသုံးပြုခြင်း

    ဒီနည်းလမ်းမှာတော့ ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို ရေနွေးနွေးထဲထည့်ပြီး အခိုးငွေ့ကို ရှူတာ ရှိသလို၊ အစိုဓာတ်ထိန်းစက်ထဲ ထည့်ပြီး အသုံးပြုတာမျိုးလည်း ရှိပါတယ်။ လက်ဖဝါးမှာ ပွတ်ပြီး အငွေ့ရှူတာမျိုးလည်း ရှိပါတယ်။

    ဒီလို အငွေ့ကို ရှူပေးတာက အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်မှုကနေ ကာကွယ်ပေးသလို နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ စိတ်ခံစားမှု ကောင်းစေတာပါ။

    ဒီလို ရနံ့ကုထုံးရဲ့ အငွေ့ရှူရှိုက်တဲ့ နည်းလမ်းက နှာခေါင်း ပါးစပ်ကနေတဆင့် အဆုတ်ထဲကို မော်လီကျူးတွေ ရောက်ရှိသွားစေပြီး အခြား အစိတ်အပိုင်းတွေဆီကိုလည်း ရောက်ရှိ သွားစေပါတယ်။

    ဒီ မော်လီကျူးလေးတွေက ဦးနှောက်ထဲ ရောက်ရှိ သွားတဲ့အခါ စိတ်ခံစားမှုကို ကောင်းစေသလို နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် နဲ့ အသက်ရှူတဲ့ လုပ်ငန်းစဉ်တွေကို အကောင်းဆုံး လည်ပတ်စေပြီး စိတ်ဖိစီးမှု ပြေလျော့စေသလို ကိုယ်တွင်း ဟော်မုန်းကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

    • လိမ်းကျံတဲ့ ပုံစံနဲ့ အသုံးပြုခြင်း

    ဒီနည်းလမ်းကတော့ ပန်းတွေနဲ့ အမွှေးနံ့ ရှိတဲ့ သဘာဝ ပစ္စည်းတွေရဲ့ အဆီအနှစ်ကို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းကျံပြီး နှိပ်နယ်တာ၊ ရေချိုးတဲ့အခါ ထည့်ချိုးတာ၊ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေထဲကို ထည့်သုံးတာမျိုး လုပ်ပေးတာပါ။

    ဒီလိုမျိုး အရေပြားပေါ်မှာ လိမ်းကျံပြီး နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရဲ့ အာဟာရ စုပ်ယူနိုင်မှု စွမ်းအားကိုလည်း ကောင်းစေပါတယ်။ ချွေးဂလင်းလေးတွေ အများကြီး ရှိတဲ့ ဦးရေပြား၊ လက်ဖဝါး စတဲ့နေရာတွေက essential oilတွေကို အထိရောက်ဆုံး စုပ်ယူနိုင်ပါတယ်။

    ဒီနေရာမှာ တစ်ခု သတိထားရမှာက Essential oils တွေကို အရေပြားမှာ သုံးတဲ့အခါ သူ့တစ်မျိုးတည်းကို သုံးတာထက်အခြား အဆီတွေကိုပါ အသုံးပြုပေးတာက အကောင်းဆုံးပါ။ Essential oils တွေနဲ့ တွဲဖက် အသုံးပြုလို့ အဆင်ပြေဆုံး အဆီတွေကတော့ အယ်လ်မွန်စေ့ဆီ နဲ့ သံလွင်ဆီတွေပါ။

    ရနံ့ကုထုံး (Aromatherapy)ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………..

    ရနံ့ကုထုံး (Aromatherapy)ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ...........

    ရှေးယခင် ကာလတွေကတည်းကစပြီး အခုခေတ် ကာလအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ရနံ့ကုထုံးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပေးပါတယ်။

    စိတ်ဖိစီးမှု ပြေလျော့စေတယ်

    လူဦးရေ ၁၀၀ မှာ ၄၃ ယောက်လောက်က စိတ်ဖိစီးမှုတွေကို ခံစားနေကြရပါတယ်။ ဒီ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့အတွက် ရနံ့ကုထုံးကို အသုံးပြုပေးလို့ ရပါတယ်။

    ရနံ့ကုထုံးက ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေရော စိုးရိမ်ပူပန်မှုတွေကိုပါ ပြေလျော့သက်သာစေတာပါ။

    ခေါင်းကိုက်တာ နဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်

    လေ့လာမှုတွေအရ ပူဒီနံရဲ့ အဆီအနှစ်က ခေါင်းကိုက်တာ နဲ့ ခေါင်းတစ်ခြမ်း ကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပူဒီနံ နဲ့ လာဗင်ဒါဆီတွေကို အရေပြားပေါ် နဲ့ နားထင်တဝိုက်မှာ လိမ်းပေးတာက ခေါင်းကိုက်တာ နဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

    အိပ်ပျော်စေတယ်

    လာဗင်ဒါဆီရဲ့ ရနံ့က အိပ်စက်မှုကို အထောက်အကူပြုပေးပါတယ်။ ကလေးမွေးဖွားပြီးစ မိခင်တွေ၊ နှလုံးရောဂါ ရှိသူတွေကို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

    ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ လာဗင်ဒါဆီက အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    အရောင်ကျစေတယ်

    Essential oils တွေရဲ့ နောက်ထပ် အာနိသင်တစ်ခုက အရောင်ကျစေနိုင်တာပါ။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

    Essential oils တွေရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာပါ။ ဘက်တီးရီးယား ပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့နဲ့ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

    ဒါကြောင့်လည်း ရှေးယခင်ကတည်းက ရနံ့ကုထုံးကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အသုံးပြုခဲ့ကြတယ် ထင်ပါရဲ့……….။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement