သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Betony

အသုံးပြုပုံများBetony ကို ဘာအတွက်အသုံးပြုကြသလဲ Betony ဟာ mint မျိုးနွယ်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို အနောက်ပိုင်းနဲ့ တောင်ဥရောပတွေမှာ အနှံ့အပြား ဖြန့်ဝေ အသုံးပြုကြပါတယ်။ Betony ကို အခြောက်ခံပြီး ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ Betony ဟာ သွေးတိတ်စေတဲ့ ဆေးအဖြစ် အသုံးပြုနိုင်ပြီး အာလုပ်ကျင်းရည် (သို့) လက်ဖက်ရည် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို စိတ်ပူပန်ခြင်းတွေကို ကုသဖို့ အသုံးပြုနိုင်ပြီး တင်ချာရည် (သို့) အငွေ့အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Betony ကို အောက်ပါ အခြေအနေတွေကိုကုသဖို့ အသုံးပြုနိုင်ပါတယ်။ အစာခြေ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ ရင်ပူခြင်း၊ ဝမ်းလျှောခြင်း၊ လေထခြင်း လေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကျပ် အစရှိတဲ့ အသက်ရှူ လမ်းကြောင်း ပြဿနာများ နာကျင်တဲ့ အခြေအနေတွေဖြစ်တဲ့ ဂေါက်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ […]


သဘာဝဆေးဖက်ဝင်

Chinese Cucumber (တရုတ်သခွားသီး)

အသုံးပြုပုံများChinese cucumber ကို ဘာအတွက်အသုံးပြုကြသလဲ ဆေးပင်၏ အမြစ်ကို အေအိုင်ဒီအက်စ် ရောဂါ၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ရောင်ယမ်းခြင်း၊ အဖုအကျိတ်၊ နှင့် ဆီးချိုရောဂါများတွင် အသုံးပြုသည်။ ဆေးမြစ်ကို ကလေးဖျက်ချရန်လည်း တခါတရံ အသုံးပြုကြသည်။ အမြစ်မှရသော ကစီဓါတ်သည် ပြည်တည်များ၊ ရာသီမပေါ်ခြင်း၊ အသားဝါခြင်း၊ အသည်းရောဂါ နှင့် ဆီးသွားများခြင်းတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။ အသီးနှင့် အစေ့ကို ချောင်းဆိုးပျောက်ရန်၊ အဖျားရရန်နှင့် အရောင်ကျစေရန် သောက်နိုင်သည်။ အသီးကို မိန်းမကိုယ်ထဲသို့ ထည့်ခြင်းဖြင့် ကိုယ်ဝန်ပျက်ကျအောင် လုပ်နိုင်သည်။ Chinese cucumber ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် tricholdrin သည် ပရိုတင်းချက်လုပ်မှုကို တားပြီး ကိုယ်ဝန်ပျက်ကျစေသော အာနိသင်ရှိကြောင်း အချို့လေ့လာမှုများတွင် ပြထားသည်။ အဖုအကျိတ်များကို […]


သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက် (Cinnamon)

အသုံးပြုပုံများသစ်ကြံပိုးခေါက် ကို ဘာအတွက်အသုံးပြုကြသလဲ သစ်ကြံပိုးခေါက် ကို မှိုသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ အဖြစ်လည်းကောင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ ဗိုက်နာခြင်း၊ သွေးတိုးရောဂါ၊ အစားသောက်ပျက်ခြင်း၊ နှင့် လေပြွန်ရောင်ခြင်းများကို ကုသရာတွင် လည်းကောင်း အသုံးပြုကြသည်။ အချို့သော သုတေသနများတွင် သစ်ကြံပိုးခေါက် အမျိုးအစားတစ်မျိုးသည် ဆီးချိုလူနာများတွင် သွေးထဲရှိ သကြားဓါတ်ကို ကျဆင်းစေကြောင်း တွေ့ရှိထားသည်။ သို့သော် အခြားသော လေ့လာမှုများတွင် အခြားအကျိုးများကို မတွေရှိပေ။ သွေးထဲရှိ ကိုလက်စထရောကျခြင်းနှင့် ခုခံအားကျဆင်းမှု ရောဂါလူနာများတွင် မှိုစွဲသောရောဂါများကို ကုသရန် လေ့လာထားသည်များသည်လည်း မပြည့်စုံလှပေ။ ဓါတ်ခွဲခန်း စမ်းသပ်မှုများတွင် သစ်ကြံပိုးခေါက်သည် ရောင်ယမ်းခြင်းကို သက်သာစေပြီး၊ ဓါတ်တိုးခြင်းကို ကာကွယ်နိုင်သော အာနိသင်များရှိပြီး၊ ဘက်တီးရီးယားများကို သေစေနိုင်သည်ဟု တွေ့ရှိထားသည်။ သို့သော် လူများအတွက် မည်သို့ အသုံးပြုရမည်ကို မရှင်းလင်းပါ။ သစ်ကြံပိုးခေါက် ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် […]


သဘာဝဆေးဖက်ဝင်

နံနံပင် (Coriander)

အသုံးပြုပုံများနံနံပင် ကို ဘာအတွက်အသုံးပြုကြသလဲ နံနံပင်ကို အစာအိမ်မကောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ အူကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်ရစ်နာခြင်း၊ လေပွခြင်း၊ တို့ကဲ့သို့သော အစာအိမ်ပြသနာများကို ကုသရန်သုံးသည်။ ဝက်သတ်ပေါက်ခြင်း၊ လိပ်ခေါင်း၊သွားနာခြင်း၊ သန်ကောင်၊ နှင့် အဆစ်နာခြင်းများတွင် လည်း အသုံးပြုနိုင်ပြီး ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများတွင်လည်း အသုံးပြုသည်။ နို့တိုက်မိခင်များတွင် နို့ထွက်များစေရန်လည်း Coriander ကို သုံးကြသည်။ အစားအသောက်တွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပြီး အစာအဆိပ်သင့်ခြင်းကို ကာကွယ်ရန်လည်း သုံးကြသည်။ ဆေးနှင့် ဆေးလိပ်ထုတ်သည့်အခါတွင် အနံ့တစ်ခုအဖြစ်အသုံးပြု သကဲ့သို့ အလှကုန်များနှင့် ဆပ်ပြာများတွင် လည်း အနံ့အဖြစ် အသုံးပြုကြသည်။ နံနံပင်ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် Coriander တွင် အဆီကျစေခြင်းနှင့် ဆီးချိုရောဂါ ကို […]


သဘာဝဆေးဖက်ဝင်

Figwort (ဖစ်ဝေါ့)

အသုံးပြုပုံများFigwort ကို ဘာအတွက်အသုံးပြုကြသလဲ Figwort ကို ရေဆေးလို့ ခေါ်ပြီး ဆီးသွားမှုကို များစေကာ ဖေါရောင်ခြင်းကို ကျစေတဲ့ ဆေးအဖြစ် အသိများကြပါတယ်။ Figwort ကို တခါတလေ အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ Psoriasis၊ လိပ်ခေါင်း၊ ရောင်ရမ်းခြင်းနဲ့ အနီကွက်ထခြင်းတို့အတွက် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းပြီး အသုံးပြုကြပါတယ်။ လူအချို့က Figwort ကို devil’s claw ရဲ့ အစားထိုးအဖြစ်သုံးပါတယ်။ သူတို့ နှစ်မျိုးဟာ တူညီတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ Figwort ဘယ်လိုအလုပ်လုပ်လဲ Figwort ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက Figwort မှာ အရောင်ကျတာကို လျော့ကျစေတဲ့ ပစ္စည်းပါဝင်တယ်လို့ […]


သဘာဝဆေးဖက်ဝင်

Blessed Thistle (ဘလပ်စ် တစ်စတယ်)

အသုံးပြုပုံများဘလပ်စ် တစ်စတယ် ကို ဘာအတွက်အသုံးပြုကြသလဲ Blessed thistle ဟာ အပင်တစ်မျိုးဖြစ်ပါတယ်။ လူတွေဟာ ပန်းပွင့်တဲ့ အပေါ်ပိုင်းတွေ။ အရွက်တွေနဲ့ ပင်စည် အပေါ်ပိုင်းတွေကို ဆေးအဖြစ်အသုံးပြုကြပါတယ်။ ယခုအခါ Blessed thistle ကို အစာခြေရည်တွေနဲ့ တံတွေးတွေ ပိုမိုထွက်စေဖို့အတွက် အသုံးပြုကြပြီး လက်ဖက်ရည်အနေနဲ့ အစာစားချင်စိတ်မရှိခြင်းနဲ့ အစာမကြေခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို ဆီးပိုထွက်စေဖို့ ဆီးဆေးအနေနဲ့ လည်းအသုံးပြုကြပြီး နို့တိုက်မိခင်တွေမှာ နို့ပိုထွက်စေဖို့လည်း အသုံးပြုကြပါတယ်။ လူအချို့ဟာ Blessed thistle ကို ဂွမ်းနဲ့စိမ်ပြီး မီးလောင်ဒဏ်ရာနဲ့ ရိုးရိုးအနာတွေကို ပျောက်ကင်းစေဖို့ အသုံးပြုကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ Blessed thistle ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် […]


သဘာဝဆေးဖက်ဝင်

Flax (နှမ်းကြတ်ပင် )

အသုံးပြုပုံများနှမ်းကြတ်ပင် ကို ဘာအတွက်အသုံးပြုကြသလဲ Flaxseed ကို အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းဆက်တိုက်ချုပ်ခြင်း၊ ဝမ်းသွားဆေး အသုံးများသောကြောင့် အူပျက်စီးခြင်း၊ ဝမ်းလျှောခြင်း၊ အူမကြီး နံရံရောင်ခြင်း၊ IBS၊ အူမကြီးနံရံမှာ အနာများရှိခြင်း၊ အစာအိမ်နံရံ ရောင်ခြင်းနဲ့ အူသိမ်ရောင်ခြင်းတို့မှာ အသုံးပြုကြပါတယ်။ Flaxseed ကို နှလုံးနဲ့ သွေးကြောရောဂါတွေဖြစ်တဲ့ ကော်လက်စထရောများခြင်း၊ သွေးကြောခဲခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေမှာလဲ အသုံးပြုကြပါတယ်။ Flaxseed ကို ဝက်ခြံအတွက်၊ ADHD ရောဂါ၊ SLE ရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ ကျောက်ကပ်ရောဂါ၊ သွေးဆုံးတဲ့ လက္ခဏာတွေနဲ့ ရင်သားနာကျင်မှုတွေမှာ အသုံးများပါတယ်။ သူ့ကို ဆီးချို၊ အဝလွန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ HIV၊ စိတ်ကျရောဂါ၊ ဆီးအိမ် ပိုးဝင်ခြင်း၊ ငှက်ဖျားနဲ့ အဆစ်ရောင်ရောဂါတွေမှာလည်း အသုံးပြုကြပါတယ်။ လည်ချောင်းနာခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း အတွက်လည်း […]


သဘာဝဆေးဖက်ဝင်

American Hellebore (ခရစ်စမတ်နှင်းဆီပင်)

အသုံးပြုပုံများခရစ်စမတ်နှင်းဆီပင် ကို ဘာအတွက်အသုံးပြုကြသလဲ American hellebore သည် မြန်မာလို ခရစ်စမတ်နှင်းဆီပင်ဟုခေါ်သော အပင်တစ်မျိုးဖြစ်သည်။ အဖူးနှင့် အမြစ်ကို ဆေးဖော်ရာတွင် အသုံးပြုသည်။ သမိုင်းကြောင်းအရ American hellebore ပင်သည် ရောမခေတ်တွင် အဆိပ်မြှားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ ၎င်းကို သွေးတိုးကျရန် အသုံးပြုခဲ့ကြသော်လည်း သုတေသနပြုလုပ်ထားသည်မှမရှိပေ။ ခရစ်စမတ်နှင်းဆီပင် ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဤအပင်သည် သွေးတိုးကျခြင်း၊ ကိုယ်တွင်းအဂါၤများသို့ သွေးစီးဆင်းမှုကောင်းစေခြင်းစသော နှလုံးသွေးကြောနှင့် ပတ်သတ်သော အာနိသင်များရှိကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။ ၎င်းကို ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါကို ကုသရန် စိတ်ငြိမ်ဆေးအဖြစ်အသုံးခဲ့ကြသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များခရစ်စမတ်နှင်းဆီပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ ဤဆေးပင်သည် အဆိပ်ဖြစ်စေလွယ်သောကြောင့် အသုံးနည်းသည်။ များသောအားဖြင့် ဤဆေးပင်ကို အသုံးမပြုကြပဲ စိတ်ချရသော အခြားသော […]


သဘာဝဆေးဖက်ဝင်

Birch (ဘုစပတ်)

အသုံးပြုပုံများဘုစပတ် ကို ဘာအတွက်အသုံးပြုကြသလဲ Birch သည် ဘုစပတ်ပင်ဟု ခေါ်သော ဘယဆေးပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်၏ အရွက်သည် ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပြီး ဆေးပြုလုပ်ရာတွင် အသုံးပြုကြသည်။ ၎င်းဆေးပင်ကို အကိုက်အခဲပျောက်ဆေး၊ ဆီးဆေး၊ ဆီလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်းနှင့် ဂေါက်ရောဂါတို့တွင် အသုံးပြုသည်။ အဆစ်အမြစ်ရောင်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ကြွက်သားကျုံ့ခြင်း၊ လှုပ်ခြင်းများတွင် လိမ်းဆေးအဖြစ်လည်း အသုံးပြုကြသည်။ အနာများနှင့် အဖုများတွင်လည်း လိမ်းဆေးအနေဖြင့် အသုံးပြုကြသည်။ ဆံပင်ကျွတ်ခြင်းနှင့် အရေပြားယားယံအကွက်ထွက်ခြင်းများတွင်လည်း အသုံးပြုသည်။ ဘုစပတ် ဘယ်လိုအလုပ်လုပ်လဲ ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ၎င်းဆေးပင်တွင် ဆီးဆေး၏ အာနိသင်များရှိကြောင်း ပြထားသော လေ့လာမှုအချို့ရှိသည်။ လေ့လာမှုအသစ်များတွင် ဆီးကျိတ်ကင်ဆာကို ကုသရာတွင် အကျိုးရှိသက်ရောက်မှုကို လေ့လာနေကြသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဘုစပတ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ အသုံးပြုသည့်အခါ ဓါတ်မတည့်ခြင်း၊ အနီကွက်များထွက်ခြင်း၊ […]


သဘာဝဆေးဖက်ဝင်

Bethroot (ဘတ်ဒ်အမြစ်)

အသုံးပြုပုံများBeth အမြစ် ကို ဘာအတွက်အသုံးပြုကြသလဲ Beth အမြစ်ကို ဘာအတွက်အသုံးပြုပါသလဲ။ Beth အမြစ်သည် အမြစ်၊ ပင်စည်နှင့် အရွက်တို့ကို ဆေးအဖြစ်အသုံးပြုသော အပင်တစ်ခုဖြစ်သည်။ ဘေးထွက်ဆိုးကျိုူးများရှိမည်ကို စိတ်ပူရသော်လည်း ထိုဆေးပင်ကိုအမျိုးသမီးများရာသီသွေးလာသောအချိန် များပြီးနာကျင်သည့်အခါတွင် သုံးကြသည်။ ထိုဆေးပင်ကို အရောင်ကျရန် နှင့် ရင်ဘတ်အောင့်ခြင်းများသက်သာစေရန်လည်းသုံးကြသည်။ ထို့အပြင် ပိုးမွှားများကိုက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ သွေးအကျိတ်၊ သွေးပြန်ကြောဖောင်းခြင်း၊ နှင့် အနာများတွင်လည်း သုံးသည်။ အဖြူဆင်းများသောအခါတွင်လည်း ထိုဆေးပင်ကို သုံးကြသည်။ ချောင်းဆိုးပျောက်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး သွေးထွက်ခြင်း၊ မြွေကိုက်သောအနာနှင့် အရေပြားယားယံခြင်းများတွင်လည်း သုံးကြသည်။ ထိုအပင်သည် မျိုးတုန်းတော့မည့် အပင်အမျိုးအစားများတွင်ပါဝင်ပြီး သဘာဝပေါက်ရောက်သောနေရာများမှ မခူးဖြတ်သင့်ပေ။ ဘယ်လိုအလုပ်လုပ်လဲ ယခုအထိ ထိုဘယဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများ မရှိသေးပါ။ ထို့ကြောင့် ထို့ထက်ပိုသိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် အချို့သော လေ့လာမှုများတွင် သွေးထွက်နည်းစေပြီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်