နှလုံးကျန်းမာရေးအတွက် စားသောက်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

တကယ်လို့ သင့်မှာ နှလုံးရောဂါ တစ်ခုခု ဖြစ်နေပြီဆိုရင် သင့်နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးပါလိမ့်မယ်။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေက ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။

မျှတစွာ စားသုံးခြင်း

လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒီလိုစားသုံးနိုင်ဖို့ အဓိက နားလည်ရမှာကတော့ အစားအစာ အုပ်စုတွေပဲ ဖြစ်ပါတယ်။ သင့်စားသောက်မှု ပုံစံကို ပြင်ဆင်မယ်ဆိုရင် အောက်ပါ အစားအစာအုပ်စုတွေကို စဉ်းစားသင့်ပါတယ်။

သစ်သီးများနဲ့ အသီးအရွက်များ
ဆန်၊ အာလူး၊ ပေါင်မုန့်နဲ့ ပါစတာကဲ့သို့သော ကစီဓါတ် ကြွယ်ဝတဲ့ အချို့အစားအစာများ။ ဒါ့အပြင် နှံစားသီးနှံ အမျိုးအစားတွေကိုလည်း ရွေးချယ် စားသုံးသင့်ပါတယ်။
နို့နဲ့ နို့ထွက် ပစ္စည်းများ
ငါးအချို့၊ ဥများ၊ အသား၊ ပဲနဲ့ အခြား နို့ကရတာ မဟုတ်တဲ့ အခြားသော အသားဓါတ်များ
အဆီဓါတ်နဲ့ သကြားဓါတ် မြင့်မားသော အချို့ အစားအသောက်များ၊ အဆီဓါတ်၊ ဆားဓါတ်နဲ့ သကြားဓါတ် နည်းသော အစားအသောက်များ။

သစ်သီးနှင့် အသီးအရွက်များ

ကျန်းမာရေးအတွက် စားသုံးဖို့ သင့်နေ့စဉ် အစားအစာထဲမှာ အသီးအရွက် ငါးမျိုးလောက် ပါသင့်ပါတယ်။ အသီးအရွက်တွေဟာ လတ်ဆတ်တာ၊ အေးခဲထားတာ၊ ခြောက်နေတာ၊ ဆီသွပ်ဗူးနဲ့ ထည့်ထားတာတွေလည်း ဖြစ်နိုင်ပါတယ်။ အသီးဖျော်ရည်ကို လုံးဝ မချိုအောင် ဖျော်ပြီး ပဲခြောက်နဲ့ ပဲစိမ်းများကိုလည်း ထည့်ဖျော်နိုင်ပါတယ်။

တခါစား ပမာဏက ၈၀ ဂရမ် သို့မဟုတ် ၃ အောင်စလောက် ဖြစ်ပါတယ်။ ဥပမာ –
ပန်းဂေါ်ဖီစိမ်း လေးပွင့်
သစ်တော်သီး တစ်လုံး
မုန်လာဥ ၃ ဇွန်းအပြည့်
စတော်ဘယ်ရီ ၇ – ၈ လုံး

သင်စားနိုင်သော ပမာဏကို ထိန်းညှိပါ

သင်ဘာတွေ ဘယ်လောက်စားသလဲဆိုတာလည်း အရေးကြီးပါတယ်။ သင်စားမယ် ပမာဏနဲ့ သင့်တော်တဲ့ ပန်းကန်တစ်ခုခုကို ရွေးချယ်ပါ။ အသီးအရွက်တွေလို အာဟာရပြည့်ဝပြီး ကယ်လိုရီနည်းတာတွေ များများစားပါ။ ပြုပြင်ထားပြီး အလွယ်စားလို့ ရတဲ့ အစားအသောက်လို ဆိုဒီယမ် ဆားဓါတ်နဲ့ ကယ်လိုရီ မြင့်မားတဲ့ အစားအသောက်တွေကို နည်းနည်းပဲ စားပါ။ သင်စားတဲ့ အစားအသောက် ပုံစံက သင့်နှလုံး ကျန်းမာရေးနဲ့ ခါးဆိုဒ်ကို အကျိုးသက်ရောက်မှု ဖြစ်စေတာကို အမြဲသတိရပါ။

သင်စားမယ့် ပမာဏကို စစ်ဆေးပါ

သင်စားမယ့် ပမာဏကို ခွက်၊ အောင်စ၊ အရေအတွက်တွေနဲ့ တိုင်းတာပါ။ ဥပမာ ပါစတာတစ်ပွဲက ခွက်တစ်ဝက်ခန့်၊ အသား ငါး ကြက်သားတစ်ပွဲက ၂-၃ အောင်စ ဒါမှမဟုတ် ကတ်ပြားလွှာလောက် အထူနဲ့ အရွယ်အစားလောက် ရှိတယ်ဆိုပြီး တိုင်းတာပါ။ ပိုလွယ်အောင် သုံးနေကျ ခွက်တွေ ဇွန်းတွေကို အသုံးပြု တိုင်းတာဖို့ လိုပါမယ်။

သစ်သီးနဲ့ အသီးအရွက်တွေကို ပိုစားပါ

အသီးအရွက်တွေဟာ ဗီတာမင်နဲ့ သံဓါတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အသီးအရွက်တွေဟာ ကယ်လိုရီနည်းပြီး အမျှင်ဓါတ် များစွာ ပါဝင်ပါတယ်။ အသီးအရွက်တွေမှာ နှလုံးရောဂါကို ကာကွယ်တဲ့ အပင်တွေမှာ တွေ့ရတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ အသီးအရွက် များများစားခြင်းဟာ အဆီများတဲ့ အသား၊ ချိစ်နဲ့ သွားရည်စာတွေ လျှော့စားဖြစ်အောင် ကူညီပါလိမ့်မယ်။

အသီးအရွက်တွေဟာ ဟင်းချက်ရာမှာလည်း အဓိကကျတဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အရွက်သုပ်တွေ အသီးအရွက် မွှေကြော်တွေလိုမျိုး ဖြစ်ပါတယ်။

နှံစားသီးနှံတွေကို ရွေးချယ်ပါ

နှံစားသီးနှံတွေဟာ သွေးပေါင်ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ နှလုံးကျန်းမာရေးအတွက် အစားအသောက်ကို ရွေးချယ်မယ်ဆိုရင် ပြုပြင်ထားတဲ့ နှံစားသီးနှံတွေအစား ရိုးရိုးနှံစားသီးနှံတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများကို မစားပါနဲ့

သွေးတွင်း ကိုလက်စထရောပမာဏ မြင့်မားခြင်းက သွေးကြောတွေအတွင်းမှာ သွေးခဲတွေကို ဖြစ်ပေါ်စေပြီး နှလုံးအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်း အန္တရာယ်ကို မြင့်မားစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကို ရှောင်ကြဉ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ ဟိုဟာမတည့် ဒီဟာမတည့်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတန်ခက်ခဲတယ်။ ဒီလို သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

သေနတ်ထိ လို့ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read