(၄) ဘယ်ရီသီးများ
Anthocyanin Pigment လို့ခေါ် တဲ့ ဓါတ်ပစ္စည်း တစ်မျိုးပါတဲ့ အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ (antioxidant action) ရှိသည့် အပြင် ဗီတာမင် C ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှု့တွေ ကို ပါလျှော့ချပေးပါတယ်။
(၅) Dark Chocolate (အနက်ရောင်ချောကလက်)
အခုနောက်ပိုင်း အနက်ရောင်ချောကလက်တွေကို အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်တွေမှာ ဆေးတစ်မျိုး အနေနဲ့ ကို အသုံးပြုလာပါတယ်။ အဓိက ကတော့ dark chocolate မှာ ပါတဲ့ Anandamide လို့ခေါ်တဲ့ ဓါတုပစ္စည်း ထုတ်တာ ကို အားပေးတဲ့ အတွက် စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း တွေ ကို သက်သာစေပါတယ်။
(၆) အစေ့အဆန်များ
ဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစေ့ အဆန်တွေ မှာ Magnesium ပါတဲ့ အတွက် စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။
(၇) ထောပတ်သီး
ပိုတက်ဆီယမ်၊ ဗီတာမင် E နှင့် B၊ Folate၊ Magnesium တို့ပါဝင်တဲ့ အတွက် အာပါာရ အင်မတန် ပြည့်ဝတဲ့ အစားအစာ တစ်ခုပါ။ ဗီတာမင် B နှင့် Magnesium ပါဝင်တဲ့ အတွက်ကြောင့် စိတ်ကြည်လင် လန်းဆန်းစေပြီး စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။