backup og meta

Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။

Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဆိုတာဘာလဲ။

­­­အဆီတွေဟာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ အတူ အသက်ရှိနေတဲ့ ဆဲလ်တွေ အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိုလက်စထရောနဲ့ triglycerides တွေဟာ ကိုယ်ခန္ဓါအတွင်းပိုင်းမှာ သိုလှောင်ထားတဲ့ အဆီတွေဖြစ်ပြီး အားအင်ရဲ့ အဓိက အရင်းအမြစ်ဖြစ်ပါတယ်။

သွေးအတွင်းမှာရှိတဲ့အဆီတွေဟာ အရမ်းများ၊ အရမ်းနည်းနေခဲ့ရင် ဒီအခြေအနေကို dyslipidemia လို့ ခေါ်ပါတယ်။

အဖြစ်များတဲ့ dislipidemia အမျိုးအစားတွေကတော့-

  • LDL များခြင်း (မကောင်းတဲ့ ကိုလက်စထရော)
  • LDL နည်းခြင်း (ကောင်းတဲ့ ကိုလက်စထရော)

Triglycerides များခြင်း တို့ပဲဖြစ်ပါတယ်။

Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Dyslipidemia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Dyslipidemia မှာ လက္ခဏာ မရှိပါဘူး။ သွေးစစ်ဆေးမှုဟာ ဒီအခြေအနေကို သိရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ ကိုလက်စထရော စစ်ဆေးမှု လိုမလိုဆရာဝန်ကို မေးမြန်းပါ။ စစ်ဆေးမှုစတင်သင့်တဲ့ အသက်အရွယ်ကတော့ ကွာခြားမှုရှိနိုင်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးခြင်းကိုတော့ ငါးနှစ်တစ်ခါ ပြုလုပ်နိုင်ပါတယ်။

တကယ်လို့ စစ်ဆေးမှုအဖြေတွေဟာ ရှိသင့်တဲ့ အတိုင်းအတာအတွင်း မရှိဘူးဆိုရင် ဆရာဝန်က မကြာခဏ စစ်ဆေးစေပါလိမ့်မယ်။ သင့်မိသားစုမှာ Dyslipidemia၊ နှလုံးရောဂါ၊ အခြားရောဂါဖြစ်နှုန်းမြင့်နိုင်တဲ့ အချက်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုနဲ့ သွေးပေါင်တက်ခြင်းတွေရှိရင် စစ်ဆေးမှု မကြာခဏ ပြုလုပ်ရနိုင်ပါတယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ြဖစ်ပွားစေသလဲ။

ပြင်လို့ရတဲ့ အချက်တွေနဲ့ မပြင်နိုင်တဲ့ အချက်တွေက Dyslipidemia ဖြစ်စေပါတယ်။

ပြင်လို့ရနိုင်တဲ့ အကြောင်းရင်းတွေကတော့

  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မပြည့်ဝဆီများပြီး သကြားဓါတ်များသော အစားအစာတွေ စားသုံးခြင်း၊ မလှုပ်မရှားပဲနေခြင်း၊ အဝလွန်ခြင်း
  • အချို့ဆေးတွေဖြစ်တဲ့ Estrogen နဲ့ HIV ဆေးတွေဟာ triglyceride ပမာဏကို ပြောင်းလဲစေပါတယ်။

မပြင်နိုင်တဲ့ အကြောင်းရင်းတွေကတော့ မျိုးရိုးဗီဇ ဖြစ်ပါတယ်။ မျိုးရိုးလိုက်ခြင်းဟာ အထူးသဖြင့် မိသားစုဝင်တစ်ယောက်ယောက်က အသက်ငယ်ရွယ်စဉ်မှာ နှလုံးရောဂါ ဖြစ်တယ်ဆိုရင် ပိုပြီးမျိုးရိုးလိုက်နိုင်ပါတယ်။ (အမျိုးသားတွေမှာ (

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ြဖစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Dyslipidemia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆီးချို – သွေးသကြားဓါတ်များခြင်းဟာ LDL cholesterol ကို များစေပြီး HDL cholesterol ကို နည်းစေပါတယ်။ သွေးသကြားဓါတ်များခြင်းဟာ သွေးကြောနံရံတွေကိုလည်း ဖျက်စီးပစ်နိုင်ပါတယ်။
  • မိသားစုမှာ အမျိုးသားတွေမှာ အသက် ၅၀ မတိုင်မီ၊ အမျိုးသမီးတွေမှာ အသက် ၆၀ မတိုင်မီ နှလုံးရောဂါဖြစ်ပွားခြင်း ရှိရင်
  • မိသားစုမှာ သွေးအဆီဓါတ်များတဲ့ ရာဇဝင်ရှိရင်
  • နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်တဲ့ အချက်များ (ဆေးလိပ်၊ သွေးပေါင်တက်ခြင်း၊ အဝလွန်ခြင်း)
  • အစားအသောက် ကျန်းမာရေးနဲ့ မညီညွတ်ခြင်း – ပြည့်ဝဆီ စားခြင်း၊ transfat စားခြင်း
  • အဝလွန်ခြင်း
  • ခါးတုတ်ခြင်း – အမျိုးသားတွေမှာ ခါး ၁၀၂ စင်တီမီတာ (သို့) အမျိုးသမီးတွေမှာ ၈၉ စင်တီမီတာရှိရင် ရောဂါဖြစ်နှုန်းများနိုင်ပါတယ်။
  • လေ့ကျင့်ခန်းမလုပ်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ သွေးကြောနံရံတွေကို ပျက်စီးစေပြီး အဆီစုပြုံစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သွေးစစ်ဆေးမှုဟာ Dyslipidemia ကို သိရှိနိုင်မယ့် တစ်ခုတည်းသော စစ်ဆေးမှုဖြစ်ပါတယ်။

  • Total cholesterol
  • LDL cholesterol
  • HDL cholesterol
  • Triglycerides

အတိကျဆုံးတိုင်းတာနိုင်စေဖို့ သွေးစစ်ဆေးမှုမပြုလုပ်ခင် ၉-၁၂နာရီကြိုပြီး စားသောက်ခြင်း မပြုလုပ်သင့်ပါဘူး။

Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ကို ဘယ်လိုကုသလဲ။

လူမှုနေထိုင်ပုံ ပြောင်းလဲခြင်းတွေဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာစွာ နေထိုင်စားသောက်ခြင်းဟာ Dyslipidemia ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြောင်းလဲမှုတွေ လုပ်ပေမယ့် Dyslipidemia ရှိနေသေးတယ်ဆိုရင် ဆရာဝန်က ဆေးသောက်ခိုင်းနိုင်ပါတယ်။

ဆေးရွေးချယ်မှုနဲ့ ပေါင်းစပ်သောက်မှုဟာ အချက်အလက်တွေ ပေါ်မူတည်ပါတယ်။ ဒီအချက်အလက်တွေကတော့ ဖြစ်စေတဲ့ အကြောင်းရင်း၊ အသက်၊ ယခု ဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေနဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေပေါ်မူတည်ပါတယ်။

အသုံးများတဲ့ဆေးတွေကတော့

  • Statins – Statins တွေဟာ အသည်းက ကိုလက်စထရော ပြုလုပ်ခြင်းကို ပိတ်ဆို့ပေးတဲ့ အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ သူဟာ အသည်းကို သွေးကနေ ကိုလက်စထရောဓါတ်ကို ဖယ်ရှားပေးစေနိုင်ပါတယ်။ Statins တွေဟာ ကိုယ်ခန္ဓါကို သွေးကြောနံရံတွေမှာ အဆီတွေစုပြုံမှုကို စုပ်ယူစေပြီး သွေးကြောကျဉ်းခြင်းကို သက်သာစေပါတယ်။ ဒီဆေးတွေကတော့ atorvastatin (Lipitor), fluvastatin (Lescol), lovastatin (Altoprev), pitavastatin (Livalo), pravastatin (Pravachol), rosuvastatin (Crestor), နဲ့ simvastatin (Zocor) တို့ပဲဖြစ်ပါတယ်။
  • Bile-acid-binding resins – သင့်အသည်းဟာ အစာခြေဖို့ လိုအပ်တဲ့ သည်းခြေအက်ဆစ်တွေကို ပြုလုပ်ဖို့ ကိုလက်စထရောကို အသုံးပြုပါတယ်။ ဆေးတွေဖြစ်တဲ့ cholestyramine (Prevalite), colesevelam (Welchol), နဲ့ colestipol (Colestid) တွေဟာ bile acid တွေကို ပေါင်းခြင်းအားဖြင့် ကိုလက်စထရောကို ကျစေပါတယ်။ ဒါဟာ သင့်အသည်းကို bile acid ပိုမိုပြုလုပ်ဖို့ ပိုနေတဲ့ ကိုလက်စထရောတွေကို အသုံးပြုတာကြောင့် သွေးအတွင်းမှာကျဆင်းနိုင်ပါတယ်။
  • ကိုလက်စထရော စုပ်ယူမှု ပိတ်ဆို့တဲ့ဆေးများ – အူသိမ်ဟာ သွေးအတွင်းမှ ကိုလက်စထရောကို စုပ်ယူပြီး သွေးအတွင်းပြန်ထည့်ပေးပါတယ်။ ဆေးတစ်မျိုးဖြစ်တဲ့ ezetimibe ဟာ အစာထဲမှာပါတဲ့ ကိုလက်စထရောစုပ်ယူမှုကို ကန့်သတ်ပြီး သွေး ကိုလက်စထရောဓါတ်ကို နည်းစေပါတယ်။ ဒီဆေးကို statin ဆေးနဲ့လည်း ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။
  • ထိုးဆေးများ –

ဒီဆေးအသစ်တွေကတော့ အသည်းကို LDL ကိုလက်စထရော ပိုစုပ်စေပြီး သွေး ကိုလက်စထရောဓါတ်ကို ကျဆင်းစေပါတယ်။ Alirocumab (Praluent) နဲ့ evolocumab (Repatha) ကို LDL များသူတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိပြီး statin နဲ့ အခြားဆေးဒဏ် မခံနိုင်သူတွေမှာ အသုံးပြုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Dyslipidemia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အချို့သဘာဝထုတ်ကုန်တွေဟာ ကိုလက်စထရောဓါတ်ကို ကျစေတာမို့ ကူညီပေးနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ အောက်ဖေါ်ပြပါ ထုတ်ကုန်တွေကို အသုံးပြုနိုင်ပါတယ်။

  • Barley
  • Beta-sitosterol (Promise Activ)
  • Blond psyllium (Metamucil)
  • Oat bran (oatmeal and whole oats တွေမှာတွေ့နိုင်ပါတယ်။)
  • Sitostanol (အားဖြည့်ဆေးနဲ့ margarine တွေမှာ တွေ့နိုင်ပါတယ်။ ဥပမာ Benecol).

တကယ်လို့ ကိုလက်စထရောကျစေတဲ့ ဆေးတွေကို အသုံးပြုမယ်ဆိုရင် ကျန်းမာစွာနေထိုင်စားသောက်ခြင်းက အရေးကြီးတယ်ဆိုတာ သတိရပါ။ သင့်ဆရာဝန်က ကိုလက်စထရောကျစေတဲ့ ဆေးတွေပေးရင် ဆရာဝန်ညွန်ကြားချက်အတိုင်းသောက်ပါ။ သင်ဘာဆေးတွေသောက်နေတယ်ဆိုတာ ဆရာဝန်သိပါစေ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What is Dyslipidemia? http://www.sgh.com.sg/subsites/life-centre/life%20centre%20specialties/units/obesity-and-metabolic-unit/conditions-and-treatments/pages/dyslipidemia.aspx. Accessed October 3, 2016.
High Cholesterol – Topic Overview. http://www.webmd.com/cholesterol-management/tc/high-cholesterol-overview. Accessed October 3, 2016.
High cholesterol. http://www.mayoclinic.org/diseases-conditions/high-blood-cholesterol/home/ovc-20181871. Accessed October 3, 2016.
What is dyslipidemia? http://answers.webmd.com/answers/1198206/what-is-dyslipidemia. Accessed October 3, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement