တကယ်လို့ သင်ကအင်ဆူလင် ထုတ်လုပ်မှုပိုများစေတဲ့ ဆေးတွေ အသုံးပြုနေတယ် ဒါမှမဟုတ် အင်ဆူလင် ထိုးနေတယ်ဆိုရင် သင်အနေနဲ့ လေ့ကျင့်ခန်း၊ အင်ဆူလင်နဲ့ အစားအသောက်တွေကို ညီမျှအောင်လုပ်ရပါမယ်။ ဒါပေမယ့် ဆီးချိုအမျိုးအစား ၂ အတွက် အင်ဆူလင်ကို သုံးတာနည်းပါတယ်။ သောက်ရတဲ့ဆေးတွေ ဥပမာ metformin နဲ့ sitagliptin တွေက သင်ဘယ်လောက် လေ့ကျင့်ခန်းလုပ်လုပ် သွေးထဲကသကြားဓါတ်ကို အရမ်းကျသွားအောင်မလုပ်ပါဘူး။ အမှန်တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးချိုကိုထိန်းချုပ်ဖို့အပြင် ကိုယ်မလးချိန်ကျစေဖို့လိုကို လိုအပ်ပါတယ်။
အင်ဆူလင်ကသင့်ကိုဆိုးကျိုးပေးလိမ့်မယ်။
အင်ဆူလင်က မရှိမဖြစ်လိုအပ်ပေမယ့် တချို့သူတွေအတွက်တော့ အခက်အခဲဖြစ်စေပါတယ်။ သင့်အနေနဲ့ အင်ဆူလင်သုံးထားတယ်ဆိုရင် သကြားဓါတ်ခမ်းခြောက်ခြင်း မဖြစ်အောင် သွေးတွင်းသကြားဓါတ်ကို ခဏခဏ တိုင်းနေဖို့တော့ လိုပါလိမ့်မယ်။
ဆီးချိုဆိုတာ သင့်ကိုယ်က အင်ဆူလင် လုံလုံလောက်လောက်မထုတ်လို့ဖြစ်လာတာပါ။
ဒါက ဆီးချို အမျိုးအစား ၁ မှာတော့ မှန်ပါတယ်။ မုန့်ချိုအိတ်က အင်ဆူလင် ထုတ်လုပ်ခြင်းကို လုံးဝရပ်လိုက်လို့ပါ။ ဆီးချို အမျိုးအစား ၂ ဖြစ်တဲ့သူတွေမှာတော့ အင်ဆူလင် လုံလုံလောက်လောက် ထုတ်လုပ်ပါတယ်။ သူတို့ရဲ့ပြဿနာကတော့ အင်ဆူလင် တွေက သေချာအလုပ်မလုပ်တော့တာပါ။ အဲဒီ အင်ဆူလင်တွေက လူကိုယ်ရဲ့ ဆဲလ် တွေကို အစားအစာကရတဲ့ glucose (ဂလူးကိုစ့်) တွေကို စုပ်ယူစေဖို့ မစွမ်းဆောင်နိုင်တော့တာပါ။ နောက်ဆုံးမှာ မုန့်ချိုအိတ်က အင်ဆူလင် လုံလုံလောက်လောက် မထုတ်ခဲ့တဲ့အတွက် အင်ဆူလင်တွေ ထိုးသွင်းဖို့ လိုလာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။