ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 26, 2020 . 2 mins read
Share now

ဗာဒံရွက်လို့  ပြောလိုက်ရင် ထုပ်ပိုးစရာ တစ်ခုလို့ပဲ မြင်မယ်ထင်ပါတယ်။ တကယ်က ဗာဒံရွက် ဆိုတာက ငယ်ငယ်က အမြင်ရ များသလို မရမ်းသီး ဆေးသကြားစိမ် ထည့်စားရုံ၊ ကောက်ညှင်းပေါင်း၊ မုန့်ပြားသလက် စတာတွေကို ထည့်စားရုံလောက်ပဲ မဟုတ်ပါဘူး။

လမ်းပေါ်မှာ အမှိုက်လို ပြန့်ကျဲနေတဲ့ ဗာဒံရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဗာဒံရွက်

အပူပိုင်း ဒေသတွေမှာ ပေါက်ရောက်တဲ့ ဗာဒံပင်တွေက မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ အရွက်ဖားဖား အစိမ်းရောင် ရှိပြီး နောက်ကျောမှာ အရိုးတံလေးတွေ အမြှောင်းလိုက် ဖြစ်နေတတ်ပါတယ်။ နုစဉ်မှာ မွှေးညှင်းလေးတွေ ပါတတ်ပေမယ့် ရင့်သွားတဲ့အခါ ပြောင်ချော နေတတ်ပါတယ်။

ဗာဒံရွက်ကို စားလို့ရလား………

ဗာဒံရွက်ကို စားစရာထည့်တာနဲ့ တိရစ္ဆာန် အစာ (အထူးသဖြင့် ဆိတ်စာ) အဖြစ် အသုံးပြုကြတာ များပေမယ့် လူတွေလည်း စားလို့ရပါတယ်။ ဗာဒံရွက်  နုနုလေးကို ရေနွေးဖျောပြီး ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့် တို့နဲ့ သုပ်စားလို့ ရပါတယ်။ အတို့အမြှုပ် အဖြစ် စားကြတာလည်း ရှိပါတယ်။

ရင့်လာတဲ့အခါ အဖန်ဓာတ်ကဲပြီး လေချုပ်တာကြောင့် မစားသင့်ပါဘူး။

ဗာဒံရွက်ကပေးတဲ့ ကျန်းမာရေး 

ဗာဒံရွက်က

  • အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်ကို ဝဲ အပါအဝင် အရေပြား ပြဿနာတွေ အတွက် အသုံးပြုလို့ ရပါတယ်။
  • အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် အသုံးပေးလို့ ရပါတယ်။
  • ရင်သား နာကျင်တာကို သက်သာစေဖို့ ဗာဒံရွက်ကို ခြေပြီး ဆီနဲ့ နယ်လို့ ရင်သားမှာ လိမ်းပေးလို့ ရပါတယ်။
  • အဆစ်နာတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။
  • ဗာဒံရွက် အဆီကို အာသီးရောင်တာ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။
  • ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
  • နာကျင်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
  • လေးဖက်နာ ရောဂါကြောင့် အဆစ်အမြစ်တွေ နာကျင်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
  • အရွက်နုလေးကနေရတဲ့ သတ္တုရည်ကို ခေါင်းကိုက်တာ သက်သာစေဖို့ နဲ့ လေနာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • ဆီးရွှင်စေဖို့လည်း အသုံးပြုလို့ ရပါတယ်။
  • နှလုံးကျန်းမာစေဖို့လည်း အထောက်အကူပြုပေး ပါတယ်။
  • အစာမကြေတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ချောင်းဆိုး သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။
  • ခြေလက်တွေ ထုံတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။
  • ဝက်ခြံ၊ အနာ နဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
  • ဆီးချို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ စိတ်ကျန်းမာရေး ကောင်းစေဖို့လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ဘယ်လောက် ပမာဏလောက်ပဲ သင့်တော်တယ်ဆိုတာ သိဖို့အတွက် သက်ဆိုင်ရာ တိုင်းရင်းဆေးပညာရှင်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လည်ချောင်းနာတယ်ဆိုတာက အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ခန္ဓာကိုယ် အပူချိန်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

ခန္ဓာကိုယ် အပူချိန်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read