လူတိုင်းလိုလိုမှာ စိတ်ဖိစီးမှုက အနည်းနဲ့အများဆိုသလိုရှိကြပါတယ်။ အလုပ်ခွင်ဝင်နေရသူတွေဆို ပုံမှန်ထက် စိတ်ဖိစီးမှုပိုများမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ လူများများနဲ့ဆက်ဆံရလေ စိတ်ဖိစီးနိုင်ခြေက ပိုများလာလေပါ။ ဒီတော့ အလုပ်ခွင်မှာ လူအမျိုးမျိုးနဲ့ စိတ်အထွေထွေကို အဆင်ပြေအောင်ဆက်ဆံရပြီဆိုရင် စိတ်ဖိစီးမှုဆိုတာက မသိလိုက်ဘဲတောင် သူ့အလိုလိုရှိနေနိုင်ပါတယ်။