သားသားမီးမီးတို့ ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေဖို့ ဘာတွေကျွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 21, 2020 . 2 mins read
Share now

ဆီးလမ်းကြောင်း ပိုးဝင်တာက လူကြီးတွေမှာတောင် ခံရခက်တာ ငယ်သေးတဲ့ သားသားမီးမီးတို့မှာဆို ပိုဆိုးနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ သားသားမီးမီးတွေကို သက်လည်း သက်သာစေချင်တယ်။ ဒါဆိုရင် ကလေးတွေ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေမယ့် အစားအသောက်လေးတွေ အကြောင်း ပြောပြပေးစေချင်ပါတယ်။

ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာလား။

ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတယ်ဆိုရင်

  • ကိုယ်ပူမယ်
  • ဆီးက ပုံမှန် မဟုတ်တဲ့ အနံ့တွေ ရနေမယ်
  • အန်မယ်
  • အစားမစားချင်ဖြစ်မယ်
  • ကလေးက ဂျီကျနေမယ်
  • ကလေးက ဗိုက်အောင့်တယ်။ ဆီးသွားရတာ နာတယ် ပြောမယ်
  • ဆီးခဏခဏ သွားနေမယ်
  • ဆီးထွက်ကျမယ်
  • ဆီးက နီနေမယ်၊ ပန်းရောင် သန်းနေမယ်
  • ဆီးက အနံ့ပြင်းနေမယ်
  • ဆီးသွားရင်း ငိုမယ်ဆိုရင် ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။

သားသားမီးမီး ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေဖို့

သားသားမီးမီးတို့ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ ဆိုရင်

ရေများများတိုက်ပါ

ကလေးကို ရေများများသောက်ဖို့ သတိပေးပေးပါ။ ရေသောက်တာက ကလေးကို ဆီးသွားစေဖို့ အားပေးရာရောက်သလို ဆီးထဲကနေတဆင့် အဆိပ်အတောက်တွေကို ပြင်ပကို စွန့်ထုတ်ဖို့ လှုံ့ဆော်ပေးရာ ရောက်ပါတယ်။

သစ်သီးဖျော်ရည် တိုက်ပါ

ကလေးက ရေမသောက်ချင်ဘူးဆိုရင် နာနတ်သီး၊ cranberry နဲ့ blueberry တို့ကို ဖျော်ပြီး တိုက်ပေးပါ။ ဒီလို တိုက်ပေးတာ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ် ကျွေးပါ

ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတယ်ဆိုရင် အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ်ကို ကျွေးပေးလို့ ရပါတယ်။ ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေမှာပါ။

ဗီတာမင် C ပါတဲ့ အသီးတွေ ကျွေးပါ

ဗီတာမင် C က ဆီးထဲက အက်ဆစ် ပမာဏကို ထိန်းညှိပေးပါတယ်။ ဆီးအိမ်ကိုလည်း ကျန်းမာစေတယ်။ ဒါကြောင့် ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အခါ ဗီတာမင် C ပါတဲ့ အသီးတွေ ကျွေးပေးပါ။ ဥပမာ – လိမ္မော်သီး၊ ဂရိတ်ဖရုစ်၊ စတော်ဘယ်ရီ၊ မာလကာသီး စတာတွေ ကျွေးပေးလို့ ရပါတယ်။

နာနတ်သီး ကျွေးပေးပါ

နာနတ်သီး မှာပါတဲ့ bromelain ဆိုတဲ့ အင်ဇိုင်းက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကလေးက ဆီးသွားရခက်နေတယ်ဆိုရင် နာနတ်သီး ကျွေးပေးပါ။

အုန်းစိမ်းရည် တိုက်ပါ

အုန်းစိမ်းရည် တိုက်ပေးတာက ကလေးကို ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေနိုင် ပါတယ်။ အုန်းစိမ်းရည်က အေးမြပြီး ​ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်နိုင်တဲ့ အစားအစာ တစ်ခုပါ။ ဒါကြောင့် ကလေးရဲ့ အစားအစာထဲမှာ ကြက်သွန်ဖြူ ပါအောင် ကျွေးပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေမှာပါ။

ကလေးက ဆီးသွားတိုင်းငိုနေမယ်ဆိုရင် ဒီ အစားအစာလေးတွေ ကျွေးပြီး ခံစားနေရတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာအောင် လုပ်ပေးလိုက်ပါ မေမေဖေဖေတို့ရေ………….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့က ဘာတွေများ ဖြစ်မလဲ ...... ဖတ်ကြည့်ပြီး လိုက်လုပ်ကြည့်ရင်း အသည်းလေးကို ဂရုစိုက်လိုက်ပါ.......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သာကူကပေးတဲ့ အလှအပ

သာကူကပေးတဲ့ အလှအပ လေဒီလေးတွေအတွက် သာကူကပေးတဲ့ အလှအပ က ဘာတွေဖြစ်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့……

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့......ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ

သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများ ဖြစ်မလဲ....... သေချာသိရအောင် ဆောင်းပါးလေးထဲ အတူတူဖတ်ရအောင်လား....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ။

ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 13, 2021 . 2 mins read
ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 2 mins read
တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 2, 2021 . 2 mins read
G6PD ရှိရင် ဘာတွေရှောင်ရမလဲ........

G6PD ရှိရင် ဘာတွေရှောင်ရမလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2021 . 2 mins read