backup og meta

စိတ်ကျရောဂါရှိသည့် မိသားစုဝင်ကို သင်ဘယ်လိုအထောက်အပံ့ပေးမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 21/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျရောဂါရှိသည့် လူတစ်ယောက်ကိုကူညီခြင်းသည် မလွယ်ကူဘဲအလွန်ခက်ခဲပါသည်။ အကယ်၍ ထိုလူသည် မိသားစုဝင်ဖြစ်ပါက ပို၍ခက်ခဲပါသည်။ သင့်ကူညီမှုသည် သင့်မိသားစုဝင်၏ ပြန်လည်ကောင်းမွန်မှုတွင် ကြီးမားသောသက်ရောက်မှုရှိသည်ကို သိသင့်ပါသည်။

    စိတ်ကျရောဂါလက္ခဏာများကိုနားလည်ခြင်း

    စိတ်ကျရောဂါရှိသူကို aစာင့်ရှောက်ခြင်း၏ပထမအဆင့်မှာ သူတို့၏အခြေအနေကိုနှင့် ရောဂါလက္ခဏာကို နားလည်ရန်လိုကာ သူ(သို့) သူမအပေါ် ဘာတွေတိကျစွာလုပ်ပေးရမည်ကို သိနိုင်မည်ဖြစ်သည်။ စိတ်ကျရောဂါ၏ အတွေ့များသောလက္ခဏာများမှာအောက်ပါတို့ဖြစ်သည်။

    • ခံတွင်းပျက်ခြင်း(သို့) ရုတ်တရက်အလေးချိန်ကျခြင်း

    • အစားအသောက်ပြဿနာဖြစ်ခြင်း (သို့)မိမိကိုယ်ကိုခံယူချက်အားနည်းခြင်း

    • အမြဲတမ်းဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ရင်ထဲဘာမှမရှိခြင်းတို့ခံစားနေရခြင်း

    • လွယ်ကူစွာစိတ်ဆိုးခြင်း၊ စိတ်တိုခြင်း(သို့) ဝမ်းနည်းခြင်း

    • အအိပ်ပြဿနာ၊ အိပ်မပျော်ခြင်း(သို့) အလွန်အမင်းအိပ်ခြင်း

    • အားအင်ကုန်ခမ်းပြီးအမြဲပင်ပန်းနေခြင်း

    • စိုးရိမ်စိတ်များခြင်း၊ စိတ်တိုခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း

    • လူမှုဆက်ဆံရေးတွင် ပြဿနာများရှိခြင်း၊ အတွေးနှင့် တုန့်ပြန်မှုနှေးခြင်း၊ အာရုံစိုက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အကြောင်းအရာများ ပြန်တွေးခြင်းတို့တွင် ခက်ခဲခြင်း၊

    • သေဆုံးခြင်း၊ မိမိကိုယ်ကိုသတ်သေရန် အတွေးများ၊ သတ်သေရန်ကြိုးပမ်းခြင်းတို့ကိုမကြာခဏစဉ်းစားခြင်း

    • ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်း(သို့) အစာအိမ်အောင့်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများရှိခြင်းတို့ဖြစ်သည်။

    အထက်တွင်ဖော်ပြထားသည့် လက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးကွဲပြားနိုင်သည်။ သို့သော် ယေဘူရအားဖြင့် စိတ်ကျခြင်းသည် နေ့စဉ်ကိစ္စများတွင် အနှောင့်အယှက်ပေးနိုင်သည့် အာရုံလျော့နည်းခြင်းကို ဖြစ်စေသည်။ စိတ်ကျခြင်းသည် ကုသနိုင်သော ပြင်းထန်သည့်အခြေအနေတစ်ခု ဖြစ်သည်ကိုသိထားရန်မှာအလွန်အရေးကြီးသည်။ ထို့ကြောင့် သူတို့ဆရာဝန်ဆီ မှန်မှန်သွားပြရန် အရေးကြီးပါသည်။ သင့်မိသားစုဝင်သည် ညွှန်ကြားထားသည့် ကုသမှုကိုလိုက်နာမှုရှိကြောင်သေချာစေရမည်။

    စိတ်ကျရောဂါရှိသည့် သင့်ချစ်ခင်ရသူကိုဘယ်လိုအကူအညီပေးမလဲ။

    သင်ကူညီနိုင်မည့် အကြံပြုချက်အချို့ကိုဖော်ပြထားပါသည်။

    ကုသမှုယူရန်တွန်းအားပေးပါ

    စိတ်ကျရောဂါသည် မကုဘဲမထားသင့်သောကြောင့် သင်ချစ်ခင်ရသူကို ဆရာဝန်နှင့် အထိရောက်ဆုံးကုသမှုရရှိရန် သွားပြဖို့အရေးကြီးပါသည်။ တစ်ခါတစ်ရံတွင် စိတ်ကျရောဂါရှိသူတို့သည် သူတို့၏ ရောဂါလက္ခဏာများကိုမသိရှိကြပါ။ ထို့ကြောင့် သူတို့သည် ပုံမှန်ထင်ကာကုသမှုခံယူရန် ရှက်ကြသည်။ သင်ပြုလုပ်ပေးနိုင်သည်မှာသင်သတိထားမိသည်နှင့် သင်စိုးရိမ်သည်များကိုပြောပြရမည်ဖြစ်သည်။ အရေးကြီးသည်မှာသူတို့ကိုကူညီချင်သည့် ဆန္ဒကိုဖော်ပြရမည်ဖြစ်ပြီး ကျွမ်းကျင်သူဆီမှ အကူအညီရှာသင့်သည်။

    မိမိကိုယ်ကိုသတ်သေခြင်းအခြေအနေရှိနိုင်သည်ကိုနားလည်ပါ

    စိတ်ကျရောဂါရှိသူများသည် ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ရှိကြသည်။ အလွန်စိတ်ဓါတ်ကျသူများတွင် ဖြစ်လေ့ရှိသည်။ သင်ချစ်ရသူတွင် ကိုယ့်ကိုကိုသတ်သေခြင်းကိုသတိပြုနိုင်သောအရိပ်အမြွက်များသိရှိပြီးချက်ချင်းရပ်နိုင်အောင် အောက်ပါအချက်များဖော်ပြထားပါသည်။

    • သူတို့သည် ကိုယ့်ကိုယ်ကိုသတ်သေခြင်း (သို့) ထိခိုက်အောင်လုပ်ခြင်းအကြောင်းကိုထပ်ခါ ထပ်ခါပြောခြင်း

    • သတ်သေရန် ပြင်ဆင်မှုများလုပ်ထားခြင်း

    • မျှော်လင့်ချက်မဲ့ခြင်း(သို့) မိမိကိုယ်ကိုမုန်းတီးခြင်း

    • အန္တရာယ်ရှိသည့် အပြုအမူ(သို့) မိမိကိုယ်ကိုဖျက်ဆီးသည့် နည်းလမ်းများရှိခြင်း

    • ဆေးလုံး၊ လက်နက်(သို့) အကြမ်းဖက်မှုရှာဖွေခြင်း

    • စိတ်ကျပြီးနောက် ရုတ်တရက် ငြိမ်သွားခြင်းတို့ဖြစ်သည်။

    သင့်မိတ်ဆွေ(သို့) မိသားစုတွင် ကိုယ့်ကိုယ်ကိုသတ်သေမည်ဟုသင်ထင်ပါက စိတ်ရောဂါဆရာဝန်ဆီမှ အကူအညီရှာပါ။ ထိုသူအားကိုယ့်ကိုယ်ကိုသတ်သေနိုင်ရန် အခွင့်အလမ်းမရှိနိုင်သည့် လုံခြုံသောပတ်ဝန်းကျင်တွင် ရှိအောင်လုပ်ပေးပါ။

    သင့်ကိုယ်ကိုဂရုစိုက်ပါ။

    စိတ်ကျရောဂါရှိသူတစ်ဦးကိုစောင့်ရှောက်ရခြင်းသည် စိတ်ပင်ပန်းနိုင်သည်။ ထို့ကြောင့် သင်သည် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားသင့်သည်။ သင့်ကိုယ်သင် ဂရုစိုက်ရန်၊ သင့်ဝါသနာ၊ လှုပ်ရှားမှုများပြုလုပ်ရန် အချိန်ရှာသင့်ပါသည်။ သင်ချစ်ရသူကိုစောင့်ရှောက်နေစဉ် သင့်ကိုယ်ကိုအားလျော့၍မရပါ။ တစ်ခါတစ်ရံသင်သည် မောပန်းလာခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့ ရှိပါကကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါသည်။ နောက်ဆုံးတွင် သင့်လူနာအပေါ်စိတ်ရှည်ပါ။ အကြောင်းမှာကုသမှုထိရောက်ရန် အချိန်ကြာကြာယူရသောကြောင့်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 21/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement