backup og meta

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ် …… ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ လူတစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ တချို့က ပျော်ပျော်နေတတ်ကြသလို တချို့ကျပြန်တော့လည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ မပျော်ချင်တဲ့သူတော့ ရှိမယ်မထင်ပါဘူး။ ပိုမိုပျော်ရွှင်ရဖို့အတွက် အကျင့်ကောင်းတွေ မွေးမြူ ကြည့်ရအောင်။

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

နေ့ရက်တိုင်းမှာ ပျော်ရွှင်စေဖို့ဆိုရင်

(၁)      ပြုံးပါ

ပျော်ရွှင်တဲ့အခါ ပြုံးရယ်တတ်တာအကျင့်ပါ။ ပြောင်းပြန်အနေနဲ့ ပြုံးတဲ့အခါ ဦးနှောက်ကနေ ဒိုပါမင်းဆိုတဲ့ ဟော်မုန်းထွက်ပြီး ပိုမိုပျော်ရွှင်စေပါတယ်။ အတုအယောင် အပြုံးမျိုးကို မဆိုလိုပါ။ မနက် မိုးလင်းတဲ့အခါ မိမိကိုယ်ကို မှန်ကြည့်ပြီး ပြုံးပါ။ နေ့စဉ် လူနေမှုဘဝမှာလည်း ပြုံးပြုံးရွှင်ရွှင်နေပါ။

(၂)      လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

လမ်းလျှောက်တာမျိုး၊ ယောဂသင်တန်း တက်တာမျိုးနဲ့ အကြောလျှော့တာမျိုးတွေ ပြုလုပ်ပေးပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကိုသာ လုပ်ဆောင်ပေးပါ။ ဒါဆိုရင် စိတ်ကျခြင်းတွေ ကင်းဝေးပြီး မိမိကိုယ်ကို တန်ဖိုးထား ပျော်ရွှင်လာမှာပါ။

(၃)      အိပ်ရေးဝဝ အိပ်ဖြစ်အောင် အိပ်ပါ။

တစ်နေ့ (၈)နာရီ (၉)နာရီခန့် အိပ်စက်အနားယူပါ။ အိပ်ရေးမဝတဲ့အခါ စိတ်မကြည်လင်တတ်ပါဘူး။

(၄)      ဉာဏ်ယှဉ်၍ စားသောက်ပါ။

အသီးအနှံ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ် စားသုံးပါ။ အသား၊ ပဲ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာလည်း ပရိုတိန်းဓာတ်ပြည့်ဝတာကြောင့် စွမ်းအင်ရစေပါတယ်။ အသင့်စား အစားအစာတွေက စိတ်ညှိုးနွမ်းစေနိုင်တာမို့ ရှောင်ပေးပါ။

(၅)      ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် စိတ်ကျေနပ်အားရပါ။

တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းကို ရရှိစေတာမျိုး၊ ယုတ်စွအဆုံး သင့်အလုပ်က သင့်ရဲ့လက်ထောက်လေးက ကော်ဖီဖျော်ပေးတာမျိုး၊ အိမ်နီးချင်းတစ်ဦးက လက်ပြနှုတ်ဆက်တာမျိုး၊ နေရောင်ခြည်ခံစားရတာမျိုးတွေ အတွက်တောင် ကျေနပ်အားရတတ်ပါစေ။

(၆)      အသက်ဝဝရှူပါ

အသက်ဝဝရှူခြင်းဟာ ပုခုံးကြောတွေကို ဖြေလျှော့ပေးနိုင်ပြီး စိတ်ကြည် လင်စေနိုင်ပါတယ်။ အသက်ဝဝရှူနေစဉ် မျက်လုံးမှိတ်ထားပြီး ကိုယ်တွေ့ချင် မြင်ချင်တဲ့ အရာမျိုး၊ ရှုခင်းမျိုးကိုလည်း ပုံဖော်နေနိုင်ပါသေးတယ်။

(၈)      မပျော်ရွှင်ခဲ့ရ၊ နာကျင်ခဲ့ရတဲ့ အတိတ်ဆိုးတွေကို သယ်မထားပါနဲ့။ အလွယ်တကူမေ့ပစ်ပါ။

အတိတ်ဆိုးတွေကို အတိတ်မှာ ချန်ထားခဲ့ပြီး လက်ရှိကာလမှာ ပျော်ပျော်ရွှင်ရွှင်လေး နေပါ။

(၉)      ဖြစ်လာတဲ့ စိတ်ဖိစီးစရာတွေကို ပြုံးပြုံးလေး လက်ခံပါ။

လူတိုင်းဟာ စိတ်ဖိစီးမှု ရှိနိုင်တယ် ဆိုတာကကို တွေးတောဆင်ခြင်ပါ။ သင်ခန်းစာ ယူပါ။

(၁၀)    သူငယ်ချင်းတွေနဲ့ သွားရောက်တွေ့ဆုံပါ။

အထီးကျန်မှုတွေ ပျောက်ဆုံးပြီး ပျော်ရွှင်ရပါမယ်။ စေတနာ့လုပ်အားရှင် အသင်းတွေမှာလည်း ပါဝင်နိုင်ပါတယ်။ တိရစ္ဆာန်ချစ်တတ်သူ ဆိုလည်း အိမ်မွေးတိရစ္ဆာန်လေးတွေမွေးပြီး သူတို့ရဲ့ ဝေယျာဝစ္စတွေကို အပတ်စဉ်ပြုလုပ် ပေးခြင်းအားဖြင့် ပျော်ရွှင်မှုကို ဖန်တီးနိုင်ပါတယ်။

(၁၁)    အစီအစဉ်ချပါ။ တစ်ပတ်စာအစီအစဉ်ဆွဲပါ။

တစ်ခါတစ်ရံမှာ ပန်းတိုင်ပျောက်ဆုံးနေတတ်ပြီး အဓိပ္ပာယ်မဲ့နေတတ်ပါတယ်။ အချိန်ဇယားဆွဲပြီး လုပ်စရာတွေကို ပြီးပြတ်အောင် လုပ်ခြင်းအားဖြင့် စိတ်ပျော်လာနိုင်ပါတယ်။

(၁၂)    ဖုန်းကို ဝေးဝေးမှာထားပါ။

အီလတ်ထရောနစ်ပစ္စည်းတွေကို အနည်းဆုံးတစ်ပတ်ကို တစ်နာရီလောက် ပစ်ပယ်ထားပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပါ။ နားကြပ်လည်း ပါပါတယ်။ မသုံးပါနဲ့။ အိမ်နီးနားချင်းတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေပါ။

(၁၃)    သဘာဝထဲ ပစ်ဝင်ပါ။

တစ်ပတ်ကို တစ်ခါလောက်တော့ စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကို သွားပါ (ပန်းခြံ၊ အိမ်ခြံဝန်း၊ အပင်တွေစိုက်ထားတဲ့ လေသာဝရံတာစသည်)။ ဒီလိုပြုလုပ်ခြင်း ဟာ စိတ်ကျရောဂါကို သက်သာစေကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

(၁၄)    တရားထိုင်ပါ

တစ်ပတ်တစ်ခါလောက် ဝင်လေထွက်လေရှူရှိုက်တဲ့ တရားထိုင်ခြင်းမျိုးကို ပြုလုပ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်ပြီး ကြည်လင်ပျော်ရွှင်လာနိုင်ပါတယ်။

(၁၅)    ရေနွေးနွေးလေးနဲ့ ရေချိုးပါ။ အသားအရေ ထိန်းသိမ်းတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

ရေနွေးနွေးလေးနဲ့ ရေချိုးတာ စကင်းကဲလ်တာကလည်း စိတ်ပျော်ရွှင်စေနိုင်ပါတယ်။

(၁၆)    မိမိကိုယ်ကို အလိုလိုက်ပါ။

ဘယ်သူမှ မလိုက်လည်း ကိုယ်သွားချင်တဲ့နေရာကို တစ်ယောက်တည်း သွားပါ။ စားချင်တာတွေစားပါ။ ရုပ်ရှင်ကြည့်ပါ။ သွားချင်တဲ့ နေရာကို တစ်ယောက်တည်း ခရီး ထွက်ကြည့်ပါ။

(၁၇)    မနာလိုဝန်တိုစိတ်တွေ မထားပါနဲ့။

 မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မိမိနည်းလမ်း၊ မိမိ အချိန်အတိုင်းအတာနဲ့သာ လျောက်လှမ်းပါ။ သူတစ်ပါးနဲ့ မယှဉ်ပါနဲ့။

(၁၈)    မိမိခန္ဓာကိုယ်ကို တန်ဖိုးထားပါ။

တစ်နှစ်တစ်ခါတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Medical check-up) ​ ပြုလုပ်ပေးပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/how-to-be-happy#yearly-habits

 

ယခုပုံစံ

17/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော်ရွှင်ခြင်း ရှာပုံတော် (၃)

ပျော်ရွှင်ခြင်း ရှာပုံတော် (၁)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement