backup og meta

ပြုံးသင့်တဲ့ အကြောင်းအရင်း


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြုံးသင့်တဲ့ အကြောင်းအရင်း

    ပြုံးပါ အားရပါးရပြုံးလိုက်ပါ။ ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အပြုံး က ရောဂါတွေကို ကုစားပေးနိုင်လို့ပါ။ တစ်နေ့တာမှာ မျက်နှာလေးကို ပြုံးထားပါ။ အပြုံးက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ ကောင်းကောင်းအထောက်အကူပြုပေးနိုင်ပါတယ်။ အပြုံးလေးတစ်ပွင့်ပန်ဆင်ထားတာက တွေ့ရသူတိုင်းရဲ့စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ အပြုံးလေးက လူမှုဆက်ဆံရေးကိုတင် အဆင်ပြေစေတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုပါတော်တော်လေး အထောက်အကူပြုစေတာပါ။

    အပြုံးလေးက ပေးတဲ့ကျန်းမာရေး

    ပြုံးပြုံးလေးနေတတ်တာက ကိုယ်တိုင်ရော သူများအတွက်ပါ​ကောင်းပါတယ်။ ပြုံးတာက

    ဆွဲဆောင်မှုတိုးစေတယ်

    လူမှုဆက်ဆံရေးမှာ အပြုံးလေးက တစ်ယောက်နဲ့တစ်ယောက်ကို ရင်းနှီးမှုမြန်စေပါတယ်။ ဒါ​ကြောင့် လူမှုဆက်ဆံရေး အဆင်ပြေချင်တယ်ဆိုရင် မျက်နှာလေးကို ပြုံးထားပါ။ ပြုံးတာက လူတစ်ယောက်ကို စွဲဆောင်မှုတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ အဆင်ပြေစေဖို့ အပန်းမကြီးဘူးဆိုရင် ပြုံးပါ။

    စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

    လူတိုင်းမှာ စိတ်ဖိစိးမှုရှိနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုက မျက်နှာမှာ အထင်းသားပေါ်နေတတ်စမြဲပါ။ ဒီလိုဖြစ်နေမှုက ကိုယ်တိုင်မှာ စိတ်ပင်ပန်းသလို အခြားသူတွေကိုလည်း စိတ်ပင်ပန်းစေနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့အခါ ပေါ့ပေါ့ပါးပါးရယ်မောတာ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးပြုံးနေတဲ့သူတွေကို ကြည့်လိုက်တာက တော်တော်လေး စိတ်သက်သာရာရပါတယ်။ ဒါကြောင့် စိတ်ဖိစီးနေမယ်ဆိုရင် ပေါ့ပါ့ပါးပါးပြုံးဖြစ်စေမယ့် မြင်ကွင်းလေးတွေကိုကြည့်လို့ ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါးပြုံးလိုက်ပါ။ စိတ်ဖိစီးမှု ပြေလျော့သွားပါလိမ့်မယ်။

    စိတ်ခံစားမှုကောင်းစေတယ်

    ပြုံးလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ စိတ်ခံစားမှုကောင်းစေတဲ့ Endorphins ဟော်မုန်းတွေထွက်ရှိလာပါတယ်။  ဒီဟော်မုန်းက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ ပုံမှန်ထက်လွန်ကဲလာတဲ့အခါ သတိထားပြီး ပြုံးလိုက်ပါ။ ပြုံးတာက လေ့ကျင့်ခန်းလုပ်သလောက်နီးပါး စိတ်ပူပန်မှုကို ပြေလျာ့စေနိုင်ပါတယ်။

    ကိုယ်ခံအားကောင်းစေနိုင်တယ်

    ပြုံးတာက ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အပြုံးတစ်ပွင့်က ကိုယ်ခံအားကိုတော်တော်လေး ကောင်းစေတာပါ။ ပြုံးတာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကို ကာကွယ်ဖို့က လက်ဆေးတာနဲ့ ကာကွယ်လို့ရသလို ပြုံးတာနဲ့လည်း ကာကွယ်လို့ရပါတယ်။ ဒါကြောင့် ကျန်းမာချင်ရင် ပြုံးပြုံးလေးနေပါ။

    အရွယ်တင်စေတယ်

    အပြုံးက မျက်နှာကြွက်သားတွေအတွက် လေ့ကျင့်ခန်းတစ်ရပ်ပါ။ နေ့စဉ်ပြုံးတာက မျက်နှာအသားအရေကိုတင်းရင်းစေပြီး ပုံမှန်ရှိတဲ့အရွယ်ထက် ၃ နှစ်လောက် အရွယ်တင်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အရွယ်တင်နုပျိုချင်ဟုတ်…လှလှလေးပြုံးလိုက်တော့လေ။

    သွေးတိုးကျစေနိုင်တယ်

    ပြုံးလိုက်တဲ့အချိန်မှာ သွေးပေါင်က သိသိသာသာကျသွားစေပါတယ်။  ငြိမ်ငြိမ်လေးတည်တည်ငြိမ်ငြိမ်ထိုင်ပြိး စာအုပ်ဖတ်နေတာထက် ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်တာက သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိလိုက်ရာရောက်တယ်၊ လို့ လေ့လာမှုတွေအရသိရပါတယ်။ ဒါကြောင့် သွေးတိုးတတ်သူတွေအနေနဲ့ သွေးတိုး​ကြောင့် အန္တရာယ်မဖြစ်စေဖို့ဆိုရင် အာရပါးရ ပြုံးလိုက်ပါ။

    အသက်ရှည်စေနိုင်တယ်

    လေ့လာမှုတွေအရ ပြုံးပြုံးလေးနေတတ်သူတွေက အပြုသဘောဆောင်တဲ့ အကောင်းမြင်အတွေးပိုင်ရှင်တွေဖြစ်ကြပြီး သူတို့ရဲ့ စိတ်ကလည်း ကြည်လင်နေတတ်ကြပါတယ်။ အပြုံးလေးတွေက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်လို့ ရောဂါကင်းကြသလို အသက်ရှည်စေဖို့လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါသတဲ့။ ဒီတော့ ကျန်းမာရေးလည်းကောင်း လူမှုဆက်ဆံရေးမှာလည်း အောင်မြင်ချင်တယ်ဆိုရင်တော့ အခုကစပြီး စိတ်ကြည်နူးစရာလေးတွေ စိတ်ချမ်းသာစရာလေးတွေ ရှိလာခဲ့ရင် ပေါ့ပေါ့ပါးပါးသာပြုံးလိုက်တော့နော်။

    ကဲ…ဘယ်လိုလဲ Helloဆရာဝန် ပရိသတ်ကြီးရေ အောင်မြင်ပျော်ရွှင် ကျန်းမာဖို့ နေ့ရက်တိုင်းမျာ လှလှပပပြုံးမယ်ဟုတ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement