ကိုယ်အာရုံစိုက်တဲ့အရာကိုပြောင်းလဲလိုက်တာက သင့်ကိုယ်သင် ပြောင်းလဲတာပဲဖြစ်တယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လူတော်တော်များများက ကျွန်တော်တို့ကို ထိခိုက်နာကျင်စေတဲ့အကြောင်းအရာတွေက နာကျင်ခံစားရမှု တွေဖြစ်လာရတဲ့အကြောင်းရင်းခံ လို့ယူဆကြပြီး အနာကျက်သွားတဲ့အခါမှသာ ပျော်ရွှင်မှုကိုပြန်လည်ရရှိခံစားရရှိနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ သို့သော် ကျွန်တော်တို့ ဘာတွေအပေါ် ခံစားနေလဲဆိုတာကို ပြင်ပအရာတွေက မဆုံးဖြတ်ပေးနိုင်ပါဘူး။ စင်စစ် ကျွန်တော်တို့ ဘယ်အပေါ်ကို အာရုံစိုက်နေမိလဲဆိုတာကသာ ဆုံးဖြတ်ပေးသွားတာပါ။

ဥပမာပေးရရင် ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာ သရုပ်ဆောင်မင်းသားနဲ့ မင်းသမီးတွေက ငိုတဲ့ဇာတ်ဝင်ခန်းကို သရုပ်ဆောင်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ဝမ်းနည်းစရာအတိတ် အဖြစ်အပျက် တွေကို ပြန်တွေးပြီး မျက်ရည်ကျတတ်ပါတယ်။ လူတော်တော်များများက သူတို့ထိခိုက်နာကျင် ခံစားရတဲ့အဖြစ်အပျက်ကို တစိုက်မတ်မတ် တွေးတော ခံစားတာမျိုးကြောင့် အဆုံးသတ်မှာ နာကျင်မှုကိုအရမ်းခံစားရတတ်ပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ ကိုယ်ခံစားနေတဲ့အကြောင်းအရာ ကို လမ်းကြောင်းပြောင်းဖို့လိုအပ်ပါတယ်။

များစွာသော စိတ်ပိုင်းဆိုင်ရာလေ့လာမှုတွေမှာတော့ ကျွန်တော်တို့အာရုံစိုက်ထားတဲ့ အကြောင်းအရာတွေနဲ့ ခံစားနေရတဲ့အရာတွေကြားမှာ ဆက်စပ်မှုရှိနေတာကို အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကံကောင်းတဲ့အချက် တစ်ချက်က အာရုံစိုက်မှုက ဆန္ဒရှိတဲ့အတိုင်း ချက်ချင်းပြောင်းလဲနိုင်တာကိုတွေ့ရပါတယ်။ နာကျင်တာနဲ့ စိတ်မကောင်းတာလိုမျိုး မကောင်းတဲ့စိတ်ခံစားချက်တွေကို ခံစားရတဲ့အခါမျိုးမှာ စိတ်ချမ်းမြေ့စရာကောင်းတဲ့ အကြောင်းအရာတွေ ကိုတွေးတောကြည့်လိုက်ပါတယ်။ ကောင်းတဲ့အရာ တွေအပေါ်မှာအာရုံစိုက်ထားလိုက်တာက ပိုပြီးဘဝအခြေအနေတွေကောင်းလာတာကို တွေ့ရှိရမှာဖြစ်ပြီး ဘဝရဲ့အပျက်သဘောဆောင်တဲ့ အနေအထားတွေကို လျစ်လျူရှုလိုက်ပါ။ ဒါကဖြည်းညင်းတဲ့ဖြစ်စဉ်တစ်ရပ်ဖြစ်ပေမဲ့ သိသိသာသာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာကိုတွေ့မြင်ရမှာဖြစ် ပါတယ်။ စိတ်ခံစားချက်တွေကောင်းမွန်လာရုံ သာမက ကိုယ်ကိုယ်တိုင်ကို ပိုပြီးကောင်းမွန်တဲ့လူတစ်ဦး အဖြစ်ပြောင်းလဲလာတာကိုလည်း စတင်တွေ့ရှိရမှာဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ နာကျင်မှုတွေကြောင့် ပင်ပန်းနေပြီး ကိုယ်ရဲ့နေ့စဉ်ဘဝနေထိုင်မှု အလေ့အထကိုငြီးငွေ့နေပြီဆိုရင် ကိုယ့်ကိုယ် ကိုယ်ပြောင်းလဲဖို့အချိန်ကျနေပြီဆိုတာကိုပြသနေတာပဲ ဖြစ်ပါတယ်။ သင်ရဲ့စိတ်ခံစားချက်အတိုင်းသင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ သင်လိုချင်တောင့်တတဲ့ဆန္ဒနဲ့ အာရုံစိုက်မှုကတိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပါတယ်။ အချိန်တိုင်းအဆိုးတွေအပျက်သဘောတွေပဲ တွေးနေမယ်ဆိုရင် အဲဒီ အတွေးတွေကို ရပ်တန့် ဖို့၊ထိန်းချုပ်ဖို့နဲ့ အပျက် သဘောဆန်တဲ့အတွေးတွေထဲက နေရုန်းထွက်ဖို့ကြိုးစားပါ။ အဆိုပါနည်း အတိုင်း လုပ်ဆောင်ခြင်းဖြင့် အပြုသဘောဆောင်တဲ့ခံစားချက် တွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

ကုထုံးတော်တော်များများမှာ လူနာတွေကို စိတ်ပူပန်မှုတွေနဲ့ စိတ်ဓါတ်ကျမှုတွေကနေ ရုန်းထွက်ကျော်လွှားနိုင်ဖို့ အတွက် ဒီနည်းလမ်းကိုအသုံးပြုကြပါတယ်။ နောက်တစ်ချက်ကတော့ ကျေးဇူးတင်တတ်အောင် ကြိုးစားလုပ်ဆောင်ပြီး အပျက်သဘောဆောင်တဲ့ အတွေးတွေကိုရှောင်ရှားတာပဲဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုတကလည်း အထက်ပါနည်းလမ်း အတိုင်းပဲအလုပ်ဖြစ်ပါတယ်။

တိုတိုနဲ့ လိုရင်းပြောပြရရင်တော့ စိတ်ထိခိုက်စေမယ့် အရာတွေ အပေါ်မှာအာရုံမစိုက်တော့ရင် သက်သာရာရစေမှာပဲ ဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့ အရာတွေနဲ့ သင့်ရဲ့ခံစားချက်တွေနဲ့ သင့်ကိုယ်သင် ပုံဖော်မှုကို မထိခိုက်ပါစေနဲ့။ အစပိုင်းမှာတော့ အပျက်သဘောဆောင်တဲ့အတွေးတွေကို မေ့ဖျောက်ပစ်ဖို့ကခက်ပါလိမ့်မယ်။

ကံကောင်းတာတစ်ချက်က ဒီလိုအခြေအနေကို အပြု သဘောဆောင်တဲ့အတွေးတွေတွေးပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ရပ်ဖြစ်အောင်လုပ်ဆောင်လို့ ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လုံလောက်တဲ့ အားထုတ်မှုနဲ့အတူ ခံစားချက်တွေကိုထိန်းချုပ်နိုင် စွမ်းရလာပြီးပျော်ရွှင်မှုတွေပိုတိုးလာအောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

    လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက်ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ရလား…………….

    နေ့ခင်းနေ့လယ် အဆာပြေ အနေနဲ့ သုပ်စားစား၊ ထမင်းပူပူလေးနဲ့ပဲ တွဲစားစား စားလို့ကောင်းပြီး ခံတွင်းမြိန်စေတဲ့ လက်ဖက်က  ဘေဘီလေးတွေကိုရော ကျွေးလို့ ရမလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

    ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    မုယော ရဲ့ကျန်းမာရေး အာနိသင်

    မုယော ရဲ့ကျန်းမာရေး အာနိသင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
    ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

    ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
    သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

    သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 3 mins read