မည်သည့်အရာများက ရုတ်တရက်အကြောက်လွန်ခြင်း ဖြစ်စေနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 min read
Share now

သင်မိနစ်များစွာဖြစ်သည့် ကြောက်ရွံမှုကိုရင်ဆိုင်ဖူးပါသလား။ ထိုအခြေအနေတွင် သင်ဟာချွေးများထွက်ခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ အသက်ရှူ၍မရခြင်း(သို့) အခြားအကြောင်းများတွေးမိခြင်းတို့ဖြစ်နိုင်သည်။ ထိုသို့တွေ့ကြုံဖူးသည်ဆိုလျှင် သင်သည်ရုတ်တရက် အကြောက်လွန်ခြင်းကိုတွေ့ကြုံဖူးသည် ဟုဆိုနိုင်သည်။ ဘာတွေကဖြစ်စေသလဲကိုလေ့လာကြရအောင်။


ရုတ်တရက် အကြောက်လွန်ခြင်းဆိုသည်မှာဘာလဲ။

အဖြစ်များပါသည်။ စားနေရင်း၊ အိမ်အလုပ်လုပ်နေရင်းသင်သည်ကြောက်ရွံမှု၏ လွှမ်းမိုးမှုကိုခံရနိုင်သည်။ ချွေးပျံခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ကြွက်သားများတောင့်တင်းသွားခြင်းတို့ ဖြစ်နိုင်သည်။ လေဖြတ်ခြင်း(သို့) နှလုံးထဖောက်မည်တို့ကိုလည်းကြောက်ရွံနေတတ်သည်။ ၎င်းအခြေနေသည် ၁၀မိနစ်မှ ၃၀မိနစ်အထိကြာနိုင်သည်။ နာရီပိုင်းအကြာတွင် ထိုလက္ခဏာများအားလုံးသည်ကွယ်ပျောက်သွားမည်ဖြစ်သည်။

သင့် ရုပ်ပိုင်းဆိုင်ရာဘယ်လောက်ပဲအားကောင်းနေနေ၊ မနေနေအချိန်မရွေးဖြစ်နိုင်သည်။ ၎င်းသည် ခန့်မှန်း၍မရပါ။ ထိုအခြေအနေများဖြစ်လျှင် သင်သည် ကျောင်းမသွား၊ အလုပ်မသွားဘဲနေတတ်ပြီးထိုသို့ဖြစ်သည်မှာ ၎င်းတို့ကို ထပ်မံကြုံတွေ့ရမည်စိုးသဖြင့်ဖြစ်သည်။ ၎င်းကြောင့် သင့်လူနေမှုပုံစံပြောင်းလဲသွားပါကရုတ်တရက်အကြောက်လွန်ခြင်းကြောင့် ပြဿနာများစွာဖြစ်လာနိုင်သည်။


မည်သည့်အရာများကရုတ်တရက် အကြောက်လွန်ခြင်း ဖြစ်စေနိုင်သလဲ။

တိကျသောအဖြေမတွေ့သော်လည်းဤအရာများက ဖြစ်ပွားမှုနှုန်းကိုတိုးစေနိုင်သည်ဟုယူဆသည်။
• မိသားစုရာဇဝင်။ သင်၏ မိဘများ၊ ဆွေမျိုးများတွင် ဖြစ်တတ်လေ့ရှိပါကသင့်တွင်လည်းဖြစ်နိုင်သည်။
• သင်ချစ်သောသူ၊ မိသားစုဝင်တစ်ဦးဦး(သို့) သူငယ်ချင်းတစ်ယောက်ယောက် ဆုံးပါးခြင်းကို ကြုံ့တွေ့ဖူးလျှင် ဖြစ်နိုင်သည်။
• သင်တွင် ကင်ဆာ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (သို့) ဆီးချို တို့ရှိပါကပို၍ဖြစ်နိုင်သည်။
• ဆေးလိပ်နှင့် ကော်ဖီအလွန်အကျွံသောက်လျှင်လည်းပို၍ဖြစ်နိုင်သည်။ ဤအရာများသည် သင့်စိတ်ကိုများစွာထိခိုက်စေနိုင်သည်။
• သင်သည် လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံစားခဲ့ရဖူးလျှင်ပို၍ဖြစ်နိုင်သည်။ ၎င်းတို့သည် ရုတ်တရက်အကြောက်လွန်ခြင်းကိုပို၍ဖြစ်စေသည်။
သင်၏ ခန္ဓါကိုယ်ကသဘာဝအရခုခံခြင်းက ရုတ်တရက်အကြောက်လွန်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် မည်သည့်အန္တာရယ်မှမရှိသည့် အခြေအနေတွင် ဖြစ်စေသောအကြောင်းရင်းကိုအတိအကျမသိပေ။

ရုတ်တရက်အကြောက်လွန်ခြင်းသည် သေစေနိုင်သည်ပြဿနာမဟုတ်ပေ။ သိုသော် သင်၏ ဘဝနှင့် သာမန်ဘဝအတိုင်းမနေထိုင်နိုင်ရန် သက်ရောက်မှုများရှိနိုင်သည်။ အကြောင်းအရင်းကိုတိတိကျကျမသိသော်လည်း ဖြစ်ပွားနှုန်းမြင့်စေသည် အရာများကိုတွေ့နိုင်သည်။ ထိုအရာများကိုလျော့ချခြင်းအားဖြင့် သင့်ကိုယ်သင် ကာကွယ်နိုင်သည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ: