(၅) TV ကြည့်ပြီး ခဏအနားယူပါ
သင်သိပ်စိတ်ဖိစီးနေရင် သင်ကြိုက်တဲ့ reality show ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်လမ်း ဒါမှမဟုတ် သင်သဘော ကျတဲ့ မင်းသားမင်းသမီးပါတဲ့ TV အစီအစဉ်တစ်ခုကို မိနစ်နှစ်ဆယ်လောက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ပျော်ရွှင်စေတဲ့ hormone တွေက သင့်စိတ်ဖိစီးမှုကို အနည်းနဲ့အများ လျှော့ချပေးနိုင်မှာပါ။
(၆) တရားထိုင်ပါ
တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ သင့်ဦးနှောက်ကို ကျဆင်းနေတဲ့ charging တွေ ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို ပြောင်းပြန်ဖြစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ဝင်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှုတွေကို မောင်းထုတ်ပေးနိုင်မှာပါ။
(၇) လတ်ဆတ်တဲ့လေကိုရှူပါ
လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှုကိုပါ လျှော့ချပေးမှာပါ။ ပြင်ပကရတဲ့ အနံ့တွေ.. ဥပမာ ထင်းရှူးနံ့ လိုမျိုးဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို ပြေလျော့ စေမှာပါ။
(၈) လိမ္မော်ရည်သောက်ပါ၊ လိမ္မော်သီးစားပါ
ဝါဖန့်ဖန့်လိမ္မော်သီးတွေမှာ ဗီတာမင် စီ ပမာဏ အများအပြားပါဝင်တာကြောင့် coffee သောက်တာလိုမျိုး စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ cortisol လို ဟော်မုန်းမထွက်စေပါဘူးတဲ့။ ဒါကြောင့် သင့်စိတ်ဖိစီးမှုကို ခုနစ်ဆယ် ရာခိုင်နှုန်းလောက်ကို လျှော့ချ ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။