backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Asthma (ပန်းနာရင်ကျပ်ရောဂါ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Asthma (ပန်းနာရင်ကျပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Asthma (ပန်းနာရင်ကျပ်ရောဂါ) ကဘာလဲ။

ပန်းနာရင်ကျပ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းနေမှုကြောင့် သင့်ရဲ့အဆုတ်မှာ ဝင်လေ၊ ထွက်လေ ကန့်သတ်မှုရှိနေတဲ့ရောဂါဖြစ်ပါတယ်။ ၎င်းက ချွဲသလိပ်သံနဲ့ အသက်ရှူရခြင်း(အသက်ရှူတဲ့အခါ တရွှီရွှီမြည်နေခြင်း)၊ ရင်ဘတ်ထဲမွန်းကျပ်နေခြင်း၊ အသက်ရှူမဝခြင်း(ပြတ်တောင်းပြတ်တောင်းအသက်ရှူရခြင်း)၊နဲ့ ချောင်းဆိုခြင်းတို့ ထပ်ကာတလဲလဲ ဖြစ်လာတတ်တဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။ ပန်းနာ ရင်ကျပ်ကို အရှင်းပျောက်ကင်းစေနိုင်တဲ့ဆေးမရှိပေမယ့် သင့်အနေနဲ့ ပုံမှန်အတိုင်း ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်စေဖို့ ဒီရောဂါကို ပြုပြင်ကုသနိင်ပါတယ်။

Asthma (ပန်းနာရင်ကျပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကမ္ဘာတလွှားက အသက်အရွယ်မရွေး လူဦးရေသန်း၃၀၀ခန့်ဟာ ပန်းနာရင်ကျပ်ရောဂါခံစားနေရပါတယ်။ ဒီရောဂါက ကလေးဘဝမှာ စတင် ဖြစ်ပွားလာတာများပါတယ်။

လက္ခဏာများ

Asthma (ပန်းနာရင်ကျပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

• ချောင်းဆိုးတာရှည်ခြင်း

• အသက်ရှူသံတရွှီရွှီမြည်ခြင်း

• အသက်ရှူမဝခြင်း

• ရင်ဘတ်အောင့်လာတဲ့အထိ ရင်ကျပ်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါလက္ခဏာတွေ သင့်မှာ ဒါမှမဟုတ် သင့်ကလေးမှာ စတင်ခံစားနေရပြီဆိုတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြဖို့အကြံပြုလိုပါတယ်။

အကြောင်းရင်းများ

Asthma (ပန်းနာရင်ကျပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

• ဓါတ်မတည့်မှုဖြစ်စေတဲ့အရာများ – ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပိုးဟပ်၊ mold နဲ့ ဝတ်မှုန်များ

• အနေရခက်စေတဲ့အရာများ -စီးကရက်အငွေ့၊ လေထုညစ်ညမ်းခြင်း၊ ဓါတုပစ္စည်းများ၊ ဖုန်မှုန့်၊ နဲ့ ဖြန်းဆေးများ

• ဆေးဝါးများ – အက်စပရင်၊ စတီးရွိုက်မပါတဲ့ တခြားအရောင်ကျဆေးများ၊နဲ့ nonselective beta-blockers ဆေးများ

• အစားအသောက်တွေမှာပါတဲ့ ဆာလဖိုက်များ

• အအေးမိဝေဒနာလိုမျိုး အသက်ရှူလမ်းကြောင်း မှတဆင့် ကူးစက်တတ်တဲ့ရောဂါများ

• ကိုယ်လက်လှုပ်ရှားမှု

ဖြစ်နိုင်ခြေများစေသောအချက်များ

Asthma (ပန်းနာရင်ကျပ်ရောဂါ) ဖြစ်နိုင်ခြေများစေတဲ့အချက်တွေကဘာလဲ

ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတချို့ကို ထိတွေ့မိခြင်းနဲ့ မျိုးဗီဇဆိုင်ရာအကြောင်းရင်းတို့ ပေါင်းစပ်တဲ့အခါ ကလေးဘဝကတည်းက တောင် ပန်းနာရင်ကျပ်ဖြစ်လာ နိုင်တဲ့အန္တရာယ်အများဆုံးဖြစ်ပါတယ်။

• မိသားစုရာဇဝင်

• အသက်ရှူလမ်းကြောင်းမှကူးစက်တတ်တဲ့ရောဂါများ

• ဓါတ်မတည့်ခြင်း- atopic dermatitis(နှင်းခူ)၊ သို့မဟုတ် ဓါတ်မတည့်လျှင်နှာချေခြင်း (hay fever)

• အလုပ်ခွင်မှာ ထိတွေ့မိခြင်း

• ဆေးလိပ်သောက်ခြင်း

• လေထုညစ်ညမ်းခြင်း

• အဝလွန်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Asthma (ပန်းနာရင်ကျပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

လက်ရှိမှာတော့ ပန်းနာရင်ကျပ်အတွက် ကုသပျောက်ကင်းစေမယ့် နည်းလမ်းမရှိသေးပေမယ့် ဆေးသောက်ရင်း၊ သင့်နေထိုင်မှုပုံစံကို ပြောင်းလဲရင်း နဲ့ ရောဂါလက္ခဏာတွေကို လျော့နည်းသွားအောင် ပြုပြင်ကုသ နိုင်ပါတယ်။

ဆေးဝါးကုထုံး

နေ့စဉ်အသုံးများတဲ့ ဆေးဝါးတချို့ကတော့ –

• Corticosteroids (fluticasone, budesonide, mometasone, ciclesonide, flunisolide, beclomethasone)

• Leukotriene modifiers

• အမြန်သက်သာစေတဲ့ ဆေးများ (short-acting beta-agonists)

Inhalers ရှူဆေးများ

ပေါင်းစပ် Inhalers ရှူဆေးတွေမှာ corticosteroid နဲ့ long-acting beta-agonist (LABA) တို့ပါဝင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement