စိတ်ခံစားချက်တွေနဲ့သဟဇာတဖြစ်အာင်ဘယ်လိုနေထိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကင်ဆာကုသမှုအကြောင်းပြောရင် လူတွေက ခွဲစိတ်ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည် ကုသမှုတွေကိုသာ စဉ်းစားပါလိမ့်မယ်။ ဒါပေမယ့် သူတို့က ကင်ဆာကို အောင်နိုင်တဲ့ ရာနှုန်းတစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို မေ့နေတတ်ကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကုသမှုက နာမကျန်းသူတွေအတွက် ဘာကြောင့် အသုံးဝင်တာလဲ။

လေ့လာမှု အတော်များများက စိတ်ပိုင်းဆိုင်ရာ ကုသမှုရဲ့ အစွမ်းထက်မှုကို ဖေါ်ပြခဲ့ကြပါတယ်။ ဒါကြောင့် လူနာအများစုကို ခေတ်ပေါ်နည်းပညာတွေနဲ့ အတူ စိတ်ပိုင်းဆိုင်ရာ ကုသမှုပါ ပေါင်းစပ်ပေးပြီး အကောင်းဆုံးရလဒ်တွေ ရအောင် ကုသကြပါတယ်။

မကြာသေးမီက စစ်တမ်းတစ်ခုက ကင်ဆာလူနာတွေရဲ့ ၈၅%ဟာ စိတ်ကျတဲ့ လက္ခဏာတွေ ရှိတယ်လို့ ဆိုကြပါတယ်။ အတော်ဆုံးပညာရှင်တွေကတောင် တကယ်လို့ လူနာဟာ စိတ်ဓါတ်ကျနေရင် ကင်ဆာဆဲလ်တွေက ပိုဆိုးလာနိုင်ပြီး သေနှုန်းမြင့်မားတယ်ဆိုတာ ဝန်ခံခဲ့ကြပါတယ်။

ဆိုးတဲ့ အတွေးတွေဟာ ကိုယ်ခန္ဓါ ယေဘုယျကျန်းမာရေးကို ထိခိုက်စေပြီး ကုသမှုကို ပိုမို ခက်ခဲစေပါတယ်။ ပြောင်းပြန်ပြောရရင်တော့ အကောင်းမြင်စိတ်ဟာ ကိုယ်ခန္ဓါရဲ့ အတွင်းစိတ်ကို သန်မာစေပြီး အသက်ရှင်နှုန်းကို မြင့်မားစေပါတယ်။

ခွဲစိတ်ကုသမှု အဆင့်

လူအတော်များများက ခွဲစိတ်ကုသခြင်းဟာ ကင်ဆာဆဲလ်တွေကို ပြန့်ပွားစေပြီး ခွဲစိတ်တဲ့ ခုတင်ပေါ်မှာတင် လူနာသေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက သင့်ရဲ့ ကုသမှုကို နှောင့်ယှက်နိုင်ပါတယ်။

ခွဲစိတ်ကုသမှုဟာ ရောဂါ အစောပိုင်းအဆင့်အတွက် အကောင်းဆုံး ကုသမှု ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုအပြီး ကင်ဆာ ပြန့်ပွားခြင်းကို စိတ်မပူသင့်ပါဘူး။ ကင်ဆာကို တည်ငြိမ်အောင်နဲ့ ကင်ဆာ ခွဲစိတ်မှုကို အကောင်းဆုံးဖြစ်အောင် ကျွမ်းကျင်သူတွေက ရောင်ရမ်းတဲ့ အကျိတ်တွေအတွက် ဓါတ်ရောင်ခြည်ကုသမှုကို လိုအပ်ရင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ဓါတ်ရောင်ခြည် ကုသမှု အဆင့်

ဓါတ်ရောင်ခြည်ကုသမှုဟာ ကျန်းမာရေးအပေါ် ဆိုးကျိုး ရှိပါသလား။ ဒါဟာ လူနာအတော်များများ မေးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်သူတွေရဲ့ တာဝန်က သူတို့ကို ကုသမှုအဆင့် ရှင်းပြခြင်း၊ ဆေးပမာဏ စစ်ဆေးခြင်းနဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။

အမှန်တရားကတော့ ဓါတ်ရောင်ခြည်ဟာ အကျိတ်ကို ဖျက်စီးဖို့သာ အဓိကထားပြီး အခြားကိုယ်အင်္ဂါတွေကို မထိခိုက်စေပါဘူး။ ပြဿနာကို သေချာနားလည်ရင် ခေတ်ပေါ် နည်းပညာတွေကို ယုံကြည်နိုင်ပြီး စိတ်သက်သာရာ ရနိုင်ပါတယ်။

ကင်ဆာဆေးသွင်းကုသမှုအဆင့်

ဒီနည်းဟာလည်း ကင်ဆာ ကုသမှုရဲ့ ထိရောက်မှုအရှိဆုံးအဆင့်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုဟာ လူနာတွေကို ဆံပင်ကျွတ်ခြင်း၊ သွေးဖြူဥနည်းခြင်း အစရှိတဲ့ အလှအပဆိုင်ရာ ဆိုးကျိုးတွေအတွက် စိတ်ပူစေနိုင်ပါတယ်။ ဒါဟာ လည်း စိတ်ပူစရာမရှိပါဘူး။

ကင်ဆာဆေးသွင်းကုသနည်းဟာ အန္တရာယ် နည်းပါးပြီး သင့်စိုးရိမ်မှုတွေကို ကျော်လွှားနိုင်မှာပါ။ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူနိုင်ပါတယ်။

အထက်ဖေါ်ပြပါ အချက်တွေအပြင် ကျန်းမာတဲ့ အစားအသောက်နဲ့ ညင်သာတဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းဟာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ အခက်အခဲတွေကို ရင်းနှီးသူ ဆွေမျိုးတွေနဲ့ မျှဝေပြီး ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ပါတယ်။

ဒါပေမယ့် တကယ်လို့ သင်က ဖျားနာမှုကို ကျော်လွှားစေချင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ အကောင်းမြင်စိတ်ထားဖို့ လိုအပ်ပြီး ချစ်စရာ ကောင်းတဲ့ဘဝကို ယုံကြည်မှုအပြည့် ထားသင့်ပါတယ်။

ဆရာဝန်၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကလည်း လူနာတွေကို သေချာအောင် မှန်ကန်စွာ နားလည်စေဖို့၊ ကင်ဆာ ကျော်လွှားရာမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးဖို့ အရေးကြီးပါတယ်။ အသက်ရှင်သန်လိုစိတ်၊ သေခြင်းတရားကိုသာ တွေးတောစိတ်ကို ဖျောက်ခြင်း တွေဟာ လူနာတွေရဲ့ ဘဝကို ပိုမို အကောင်းမြင်စေပြီး အဓိပ္ပါယ်ရှိစေမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read