စိတ်ဓာတ်ကျခြင်းရဲ့ ကနဦးလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read
Share now

စိတ်ဓာတ်ကျတယ်ဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်မျိုးပါ။ ပြင်းထန်လာရင်တော့ စိတ်ကျဝေဒနာအထိဖြစ်သွားစေနိုင်တဲ့ ပြဿနာမျိုးပေါ့။

ဒါပေမယ့် လူတော်တော်များများက သူတို့စိတ်ဓာတ်ကျနေတယ်ဆိုတာကို စောလျှင်စွာ သိရှိကြခြင်းမရှိကြပါဘူး။ အကြောင်းကတော့ စတင်ပြသလာနေတဲ့ ရောဂါလက္ခဏာတွေကို သတိမထားမိတာကြောင့်ပါ။

ကနဦးလက္ခဏာတွေကို သတိမမူမိတာကြောင့် အသိနောက်ကျလေ့ရှိပြီး အခြေအနေရင့်မာလာချိန်မှာတော့ စိတ်ကျဝေဒနာစွဲကပ်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် မိမိစိတ်ဓာတ်ကျနေပြီဆိုတာကို သိနားလည်စေနိုင်မယ့် ကနဦးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။ လူတစ်ယောက် စိတ်ကျလာပြီဆိုရင် ကနဦးပိုင်းမှာတင် အောက်ပါလက္ခဏာတွေကို ပြသမှာဖြစ်ပါတယ်။

ဒါတွေကတော့

ဒီလက္ခဏာတွေဟာ တစ်ခုခြင်းထက် အစုအဖွဲ့လိုက်ပြသတတ်ပါတယ်။ ဒါကြောင့် သတိထားကြည့်မယ်ဆိုရင် ရောဂါလက္ခဏာတွေက ထင်သာမြင်သာရှိတတ်ပါတယ်။

မိမိမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ လက္ခဏာတွေရှိလာနေပြီဆိုရင် စိတ်ကျဝေဒနာအဆင့်အထိ ဖြစ်မလာစေဖို့ စနစ်တကျ တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ အချက် ၄ ချက်ကို လိုက်နာနိုင်မယ်ဆိုရင် ကနဦးလက္ခဏာတွေကို တားဆီးနိုင်ပါလိမ့်မယ်။

  • ပုံမှန်အိပ်စက်ပါ – စိတ်ဓာတ်ကျလာပြီဆိုရင် အိပ်ကခက်လာတတ်ပါတယ်။ ဒါမှမဟုတ်လည်း အလွန်အမင်း အိပ်စက်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို ထိမ်းချုပ်နိုင်ဖို့က အလွန်အရေးတကြီး လိုအပ်တဲ့အချက် ဖြစ်ပါတယ်။
  • နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဓာတ်ခိုင်မာဖို့ လိုပါတယ်။ ဒီနေ့လုပ်လိုက် နောက်နေ့မလုပ်လိုက် လုပ်နေရင် ကိုယ်၊ စိတ် ကျန်းမာရေးကို အကျိုးပြုမှာမဟုတ်ပါဘူး။
  • ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ – အဆီအဆိမ့်တွေ၊ အငံတွေ၊ အချိုတွေကို ရှောင်ကျဉ်ပြီး အသားငါးနဲ့ သစ်သီးဝလံတွေကို အချိန်မှန် အာဟာရပြည့်ပြည့်ဝဝ ချိန်ညှိပြီး နေ့စဉ်စားသောက်ဖို့လည်း လိုအပ်ပါတယ်။
  • အဆက်အသွယ် မပြတ်ပါစေနဲ့ – မိသားစုဝင်တွေ၊ ချစ်သူခင်သူတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ အဆက်အသွယ်မပြတ်နေထိုင်ပြီး အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။

ဒီနေရာမှာ သိထားဖို့က လူတစ်ယောက် စိတ်ဓာတ်ကျနေရင် တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ကိစ္စက တကယ်တမ်းထင်တားတာထက် ပိုမိုခက်ခဲပါတယ်။ ဒါကြောင့် စိတ်ဓာတ်ခိုင်မာမှုရှိဖို့တော့ လိုအပ်ပါတယ်။

စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တွန်းလှန်မှသာ စိတ်ကျဝေဒနာဆီကို ဦးမတည်ပဲ သာမန်စိတ်ဓာတ်ကျဆင်းမှုကို တားဆီးကာ ကျန်းမာပျော်ရွှင်တဲ့ဘဝဆီကို ပြန်လည်ရောက်ရှိနိုင်မယ်ဆိုတာပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဖို့ ဒါလေးတွေလိုက်နာပါ

တုပ်ကွေး မိုးရာသီ ကာကွယ်ဆေး ထိုးပါ ရာသီတုပ်ကွေး လူစုလူဝေး ဖျားနာ အိမ်မှာပဲနေပါ မိသားစုဝင် ရောဂါပိုး ပါးစပ်နဲ့နှာခေါင်း တစ်သျှူးစ နှာချေ၊ချောင်းဆိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မြန်မြန်နာလန်ထဖို့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ်က ဘာကြောင့် အရေးပါသလဲ။

နေမကောင်း မိသားစုဝင်တွေ ရောဂါပိုး အာဟာရဓာတ် ရေဓာတ် ကိုယ်ခံအား အသင့်စားအစားအသောက်တွေ ရေနွေးကြမ်း အပြည့်အဝ အနားယူ အစိုဓာတ်ထိန်းစက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ချစ်ခင်ရသူဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးကို ဘယ်လိုနှစ်သိမ့်ပေးကြမလဲ

ချစ်သူခင်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိဘမောင်ဖွားတွေ၊ အိမ်မွေးတိရစ္ဆာန်လေး၊ သားသမီး၊ အိမ်ထောင်ဖက်၊ Routine၊ Memory Box၊ ရိုးသားမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရကြောင့် ဘာကြောင့် ဝန်မခံချင်ကြတာလဲ

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ ပူပင်သောက၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဝေဒနာတွေ၊ COVID-19၊ လေ့ကျင့်ခန်း၊ အရက်သောက်၊ ဖြေရှင်းခက်၊ မိသားစုဝင်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read
သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ

သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read