သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 9, 2020 . 2 mins read
Share now

စုဆောင်းတတ်တဲ့ အလေ့အထက ကောင်းပေမယ့် စုဆောင်းသင့်တဲ့အရာထဲမှာတော့ စိတ်ဖိစီးမှု မပါပါဘူး။ လူတွေက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်တိုစရာ၊ ဖိအားစတာတွေကို မသိလိုက်ဘဲ စိတ်ထဲမှာ သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါတင် မဟုတ်သေးဘဲ မဖြစ်သေးတဲ့အရာကို တွေးပူပြီး စိတ်ဖိစီးမှုကို တင်ကြိုရယူထားတတ်ကြပါသေးတယ်။

ဒီလိုနဲ့ စိတ်ဖိစီးမှုတွေက သေးသေးလေးကနေ ချေဖျက်ဖို့ ခက်တဲ့ အဆင့်တွေအထိရောက်လာပါတော့တယ်။ ဒီအခြေအနေက စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေပြီး ပေါင်းသင်းဆက်ဆံရေးနဲ့ တီထွင်ဖန်တီးနိုင်စွမ်းစတာတွေကို ထိခိုက်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စိတ်ဖိစီးလို့ စားမဝင်၊ အိပ်မပျော်ရာက ကိုယ်ခံအားကိုပါ ထိခိုက်လာတာပါ။

စိတ်ဖိစီးမှု မွေးမထားသင့်ပါ။

ဖျားချင်သလိုလို ဖြစ်နေတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပဲ။ စိတ်ထဲက မကြည်မလင်နဲ့ ဘာလုပ်လုပ် စိတ်တိုလိုက်တာဆိုတာတွေက စိတ်ဖိစီးမှု ပမဏ အတော်များများကို စုထားမိပြီဆိုတဲ့ လက္ခဏာပါ။

စိတ်ဖိစီးမှုက ပမာဏ နည်းနည်းမှာ စိတ်အားထက်သန်မှု ဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။ တစ်ရက်ချင်းစီ ဖြေဖျောက်ပစ်ပါ။

စိတ်ဖိစီးမှု ဖြေလျှော့တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အခုလို ကိုဗစ်ကာလမှ ကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို ဘယ်လို ဖြေဖျောက်မလဲ ?

  • တစ်နေ့တာရဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းပါ။

စိတ်ဖိစီးမှုတွေက ထိခိုက်မှုတွေ ဖြစ်မလာစေဖို့အတွက် တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အခုလို ဖြေရှင်းပါ။

အလုပ်တွေ များတာက စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ဆိုရင် အလုပ်ချိန် နဲ့ နားချိန်ကို သေသေချာချာ ခွဲခြားသတ်မှတ် ထားဖို့လိုပါမယ်။ အလုပ် လုပ်ချိန်မှာ ဖိဖိစီးစီး လုပ်လို့ နားချိန်မှာ ပြည့်ပြည့်ဝဝ နားတာက စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

  • အလုပ်တွေကို သေချာ စီမံခန့်ခွဲပါ။

အလုပ်တွေကို အချိန်ဇယားနဲ့ သေချာ အစီအစဉ် ချမှတ်ဆောင်ရွက်သူတွေက အခြားသူတွေထက် စိတ်ဖိစီးမှု နည်းကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် တစ်နေ့တာကို ဘယ်အလုပ်တွေရှိမယ်။ ဘယ်အချိန်မှာ နားမယ်။ ဘယ်အချိန်မှာ စာဖတ်မယ် ဘယ်အချိန်မှာ တီဗွီကြည့်မယ် စသဖြင့် အချိန်ဇယားတိတိကျကျလေး သတ်မှတ်ပြီး အလုပ်တွေကို လုပ်ပေးပါ။

အာဟာရပြည့်ဝမှုကလည်း စိတ်ဖိစီးမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် နေ့စဉ် အချိုကဲတာ၊ အငန်ကဲတာတွေကို လျှော့စားပြီး အာဟာရပြည့်ဝမျှတအောင် အသား၊ ငါး၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ပြောင်းစတာတွေကို သင့်တင့်မျှတအောင် စားပါ။

ရေကိုလည်း ပြည့်ပြည့်ဝဝ သောက်ဖို့ မမေ့ပါနဲ့။ အချိုရည်၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ အရည်တွေကို လျှော့သောက်ပါ။ အစားစားချိန် မှန်မှန်နဲ့ အာဟာရပြည့်ဝမျှတအောင် စားသုံးတာက စိတ်ဖိစီးမှုကို ကာကွယ်ပေးမယ့် နည်းလမ်းတစ်ရပ်ပါ။

နေ့စဉ် စားသောက်မှုပုံစက လုံလောက်မှု မရှိဘူးလို့ ယူဆရင် ဖြစ်ဖြစ်၊ အာဟာရပြည့်ဝပြီး စိတ်ရောကိုယ်ပါ လန်းဆန်းနေချင်ရင် ဖြစ်ဖြစ် အလွယ်ကူဆုံးနဲ့ လုပ်လို့ရမယ့် နည်းလမ်းကတော့ စိတ်ဖိစီးမှုကို ပြေလျှော့စေမယ့် ဂျင်ဆင်း၊ နဲ့ ဗီတာမင် သတ္တုဓာတ်တို့လိုမျိုး အာဟာရဓာတ်တွေ ပြည့်ဝစုံလင်အောင် ထည့်သွင်းထုတ်လုပ်ထားတဲ့ ဖြည့်စွက် အာဟာရတွေကို မှီဝဲတာပါ။

အပြိုင်အဆိုင်များတဲ့ ဒီခေတ်ကြီးမှာ စိတ်ဖိစီးမှု ကင်းကင်းနဲ့၊ ကိုယ်ခံအားကောင်းပြီး အလုပ်တွေကို အကောင်းဆုံး တီထွင်ဖန်တီးဖို့ဆိုရင် ဖြည့်စွက်အာဟာရ မှီဝဲတာက နည်းလမ်းကောင်းပါ။

အိပ်ရေး မဝတာက အာရုံစူးစိုက်မှုကို ထိခိုက်စေသလို တီထွက်ဖန်တီးနိုင်စွမ်းလည်း ကျစေပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သလို ကိုယ်ခံအားလည်း ထိခိုက်စေပါတယ်။ လူတစ်ယောက်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီကနေ ၈နာရီ ကြားရှိဖို့ လိုပါမယ်။ ဒါကြောင့် ညတိုင်း အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေကြည့်ဖို့ အကြံပြုပါရစေ။

လေ့ကျင့်ခန်း လုပ်တာက ပင်ပန်း ခက်ခဲမယ် ထင်ရပေမယ့် စိတ်ရောကိုယ်ပါ ကျန်းမာ လန်းဆန်းစေပါတယ်။ ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးလို့ စိတ်ဖိစီးမှု ကင်းစေပါတယ်။ ဒါ​ကြောင့် နေ့စဉ် Gym၊ ယောဂစတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး မနက်ခင်း လေ့ကျင့်ခန်းတွေကို အနည်းဆုံး နာရီဝက်လောက် လုပ်ပေးပါ။

လေ့ကျင့်ခန်း လုပ်ပေးတာက ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ခံစားမှုကောင်းစေတဲ့ဓာတ်တွေ ထွက်ရှိစေပါတယ်။

ကဲ…စိတ်ဖိစီးမှုတွေကို မစုထားဘဲ မှန်မှန်လေးရှင်းထုတ်လို့ နေ့ရက်တိုင်းကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းလိုက်ရအောင်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read