home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ဒီနေ့ ဘာဟင်းလဲ…. ကြက်သားအာလူး၊ နောက်နေ့ရောက်တော့လဲ ကြက်သားကြော်နဲ့ ကြက်စွပ်ပြုတ်၊ နေ့တိုင်းနီးပါး ကြက်သားပဲ စိတ်တောင်ညစ်လာပြီ ဆိုသူလေးတွေ ရှိနေပြီလား…………

ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။

ကြက်သားစားတာ ကျန်းမာရေးအတွက် ကောင်းပါတယ်

ကြက်သားက နေမကောင်းမှ စားရတဲ့ ဓာတ်စာ မဟုတ်ပါဘူး။ နေကောင်းနေသူအဖို့လည်း ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်နေစေဖို့ ကြက်သားစားဖို့လိုပါတယ်။ အခုလို ကိုဗစ်ကာလမှာ ရောဂါကို ခုခံကာကွယ်ဖို့က ကိုယ်ခံအားကောင်းဖို့ဆိုတော့ အခုကာလမှာ ကြက်သားက စားပေးသင့်တဲ့ အာဟာရပါပဲ။

ဘာကြောင့် ဒီလိုပြောနေရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ကြွက်သားတွေကို တည်ဆောက်ပေးတယ်။

ကြက်သားက အသီးအရွက်တွေကနေ မရနိုင်တဲ့ ပရိုတင်းကို ပေးစွမ်းနိုင်တဲ့ အာဟာရတန်ဖိုးမြင့် အစားအစာတစ်ရပ်ပါ။ အဆီမပါတဲ့ ကြက်သားမှာ ပရိုတင်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အရေခွံမပါတဲ့ ကြက်သားကို စားပေးလို့ရပါတယ်။

အရိုးတွေ ကျန်းမာစေတယ်

ကြက်သားမှာ ပရိုတင်း အပြင် ကယ်လ်ဆီယမ်၊ phosphorus တို့လိုမျိုး သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီသတ္တုဓာတ်တွေက အရိုးတွေကို သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အဆစ်နာတာတွေကို သက်သာစေနိုင်တဲ့ selenium လည်း ပါဝင်နေပါသေးတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေတယ်

ကြက်သားမှာ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ tryptophan နဲ့ ဗီတာမင် B5 တို့ပါဝင်နေပါတယ်။ ဒီ ဗီတာမင်တွေက စိတ်ရောကိုယပါ တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။

ကြက်သားစားတာက စိတ်ကျေနပ်မှု ရစေပြီး စိတ်ဖိစီးမှု​ ပြေလျော့စေသလို ပျော်ရွှင်မှုကိုပါ ခံစားရစေပါတယ်တဲ့။

ကိုယ်ခံအား ကောင်းစေတယ်

နေမြန်မြန်ကောင်းအောင် ကြက်စွပ်ပြုတ်သောက်ဆိုတာ ကြားဖူးနေကျ စကားတစ်ခုပါ။ ကြက်စွပ်ပြုတ်က အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ အသက်ရှူလမ်းကြောင်းပိုးဝင်ကူးစက်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

ပုံမှန်အခြေအနေမှာလည်း ကြက်စွပ်ပြုတ်သောက်ပေးလို့ရပါတယ်။ ဒီလို သောက်သုံးပေးတာက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်တာကြောင့် ကိုယ်ခံအားပြည့်ဝနေစေမှာပါ။ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပြီးသား ဖြစ်တာပေါ့။

နှလုံး ကျန်းမာစေတယ်

ကြက်သားမှာ ရုတ်တရက် နှလုံးရပ်တာကို ကာကွယ်ပေးတဲ့ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် B6 က ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်တဲ့ homocysteine ပမာဏကို လျှော့ချပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကြက်သားမှာ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့ niacin ပါဝင်နေတာကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ပြည့်ဝဆီ ပါဝင်မှု နည်းပြီး omega-3 fatty acids ပါဝင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါ ကင်းစေပါတယ်။

ရာသီအကြိုလက္ခဏာ သက်သာစေတယ်။

ကြက်သားမှာ Magnesium ပါဝင်နေတာကြောင့် လေဒီလေးတွေ ခံစားရနိုင်တဲ့ ရာသီအကြို လက္ခဏာကို သက်သာစေနိုင်ပါတယ်။
ကဲ…အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း အခုလိုကာလမှ ကြက်သား စားရတာကို ငြီးငွေ့မနေဘဲ ကိုယ်ခံအားကောင်းကောင်းနဲ့ ကိုဗစ်ကို ကာကွယ်ဖို့ စားဦးနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

5 reasons why chicken is healthy to eat for you – and your guests https://www.euro-poultry.com/blog/5-reasons-why-chicken-is-healthy-for-you-and-your-guests Accessed Date 27 October 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 27/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။