ဝေါဟာရများမှတ်သားပါ
ဝေါဟာရကြွယ်ဝခြင်းဟာ ကိုယ်ရည်ကိုယ်သွေးအားသာတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။ ဝေါဟာရအသစ်များကို လေ့လာခြင်းဟာ သင့်ဦးနှောက်ကို နှိုးဆွပေးရာရောက်ပါတယ်။ သုတေသနတွေအရ ဝေါဟာရအသစ်ကို မှတ်သားတည်ဆောင်ဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများကို အလုပ်ပေးရပါတယ်။ သင် မကြားဖူးတဲ့ စကားလုံး အသစ်အဆန်းဆိုရင် ရေးမှတ်ပါ။ ဘယ်နေရာမှာ သုံးသလဲ လေ့လာပါ။ ကိုယ်တိုင် အသုံးချနိုင်အောင် ကြိုးစားပါ။ ဒါဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းပါပဲ။
သီချင်းသံများနဲ့ ကခုန်လှုပ်ရှားချိန်မှာ သင့်ဦးနှောက်ဟာ သင့်ရဲ့အမြန်နှုန်း၊ လှုပ်ရှားပုံ၊ ယခင်က ကခုန်ဖူးတဲ့ မှတ်ဉာဏ် စတာတွေအားလုံးအတွက် အလုပ်လုပ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ဦးနှောက်ပိုင်းဆိုင်ရာအတွက်ပါ တိုးတက်ကောင်းမွန်စေပါတယ်။
ဆိုပါတီးပါ
ဂီတကို ကျွမ်းဝင်အောင် လေ့လာခြင်းဟာလည်း သင့်ဦးနှောက်ကို ထက်မြက်စေမယ့် နည်းလမ်းတခုဖြစ်ပါတယ်။ သီချင်းကို စိတ်ပါလက်ပါ ဆိုညဉ်းခြင်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။ တူရိယာများကို တီးမှုတ်တတ်အောင်ပါ လေ့ကျင့်ခြင်းဟာလည်း သိမြင်မှတ်သားမှု၊ ခြေလက်များလှုပ်ရှားမှု၊ မှတ်ဉာဏ် စတာတွေအားလုံးကို အလုပ်ပေးရတာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။